ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၀၂၀ပြည့်နှစ်
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀)ဒုတိယနေ့တွင် ရန်ကုန် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးအဖြစ် ဒေါ်ချိုမာလာအား ခန့်အပ်တာဝန်ပေးလိုကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်၏ တင်ပြချက်ကို ၂၀.၂.၂၀၂၀ လွှတ်တော်အစည်းအဝေး ပထမနေ့တွင် ကြေညာ ခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းပုဂ္ဂိုလ်နှင့်စပ်လျဉ်းပြီး ကန့်ကွက်လိုသော လွှတ်တော်ကိုယ်စားလှယ်ရှိပါက ကန့်ကွက် နိုင်ကြောင်း ကြေညာခဲ့သော်လည်း အမည်စာရင်းပေးပို့လာခြင်းမရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးအဖြစ် ဒေါ်ချိုမာလာအား ခန့်အပ်တာဝန်ပေးခြင်းကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၂နှင့်အညီ လွှတ်တော်က သဘောတူကြောင်း ကြေညာခဲ့ပါသည်။