ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၀၂၀ပြည့်နှစ်
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀)ဒုတိယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့ကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးတင်သွင်းခဲ့သော ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း(လျာထားချက်)နှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းကော်မတီ၏ ငွေကြေးဆိုင်ရာစိစစ်လေ့လာတွေ့ရှိချက်၊ သုံးသပ်အကြံပြုချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌဦးတင့်လွင်က လွှတ်တော်သို့ဖတ်ကြား တင်ပြခဲ့ပါသည်။