Wednesday , February 19 2020
Breaking News
Home / ပြန်ကြားရေး / (၇၃)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားကျင်းပ 

(၇၃)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားကျင်းပ 

 

 

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂၀၂၀ပြည့်နှစ်

၁၂.၂.၂၀၂၀ ရက်နေ့ နံနက် (၇:၀၀) နာရီအချိန်တွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ၌ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးလှအေး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်အရာရှိကြီးမျာ၊ ရန်ကုန်မြို့တော် ဒုတိယမြို့တော်ဝန်နှင့် စည်ပင်သာယာရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

About Ygn Editor

Check Also

ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၀)ကျင်းပရန် ခေါ်ယူ

ရန်ကုန် ၊ ဖေဖော်ဝါရီ လ ၁၄ ရက် ၊ ၂၀၂၀ ပြည့်နှစ်