Wednesday , April 8 2020
Breaking News
Home / ကော်မတီ/ကော်မရှင်များ၏ သတင်းများး / ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီက ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေ တောင်းခံမှုအခြေအနေနှင့် စပ်လျဉ်း၍ စိစစ်ညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်

ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီက ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေ တောင်းခံမှုအခြေအနေနှင့် စပ်လျဉ်း၍ စိစစ်ညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်

 
ရန်ကုန် ၊ ဖေဖော်ဝါရီ လ ၁၄ ရက် ၊ ၂၀၂၀ ပြည့်နှစ်
 
ဒုတိယ အကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီသည် ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေ တောင်းခံထားမှုအခြေအနေနှင့် စပ်လျဉ်း၍ စိစစ်ညှိနှိုင်းဆွေးနွေးပွဲကို ၁၄.၂.၂၀၂၀ (သောကြာနေ့) နံနက် (၁၀:၀၀) နာရီမှ (၁၅:၃၀) နာရီအထိ ပြည်သူ့ငွေစာရင်းကော်မတီရုံးခန်းတွင် ကျင်းပခဲ့ပြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်၊ ဒုတိယဥက္ကဋ္ဌဦးတင့်လွင်၊ အတွင်းရေးမှူး ဒေါ်သက်ထားနွယ်ဝင်းနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ရန်ပုံငွေတင်ပြတောင်းခံထားသည့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ဥပဒေချုပ်ရုံး၊ စာရင်းချုပ်ရုံး၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများက ရန်ပုံငွေ တောင်းခံမှုအခြေအနေနှင့် စပ်လျဉ်းညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

About Ygn Editor

Check Also

၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်စိစစ်ညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန် ၊ မတ် လ ၂၄ ရက် ၊ ၂၀၂၀ ပြည့်နှစ်   ၂၄.၃.၂၀၂၀(အင်္ဂါနေ့) ၊ နေ့လယ် (၁၃:၀၀)နာရီမှ (၁၅:၃၀)နာရီအထိ …