Wednesday , February 19 2020
Breaking News
Home / ပြဌာန်းချက်များ / လှိုင်မြို့နယ်၊ (၁၂)ရပ်ကွက်တွင် နှစ်စဉ်ရေကြီးရေလျှံဖြစ်ပွားမှုကို ထိန်းသိမ်းနိုင်ရန်အတွက် သမိုင်းချောင်းတွင် မြေထိန်းနံရံ ဆောင်ရွက်ရန် လိုအပ်ပါသောကြောင့် အောင်ဓမ္မရိပ်သာ အနောက်ကျောဘက်တွင် ကျန်ရှိနေသော မြေထိန်းနံရံအပိုင်းအား ယခုလာမည့် ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်း

လှိုင်မြို့နယ်၊ (၁၂)ရပ်ကွက်တွင် နှစ်စဉ်ရေကြီးရေလျှံဖြစ်ပွားမှုကို ထိန်းသိမ်းနိုင်ရန်အတွက် သမိုင်းချောင်းတွင် မြေထိန်းနံရံ ဆောင်ရွက်ရန် လိုအပ်ပါသောကြောင့် အောင်ဓမ္မရိပ်သာ အနောက်ကျောဘက်တွင် ကျန်ရှိနေသော မြေထိန်းနံရံအပိုင်းအား ယခုလာမည့် ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်း

ရန်ကုန်၊ ဇန်နဝါရီ လ ၈ ရက်၊ ၂၀၂၀ပြည့်နှစ်
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် လှိုင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးက “ လှိုင်မြို့နယ်၊ (၁၂)ရပ်ကွက်တွင် နှစ်စဉ်ရေကြီး ရေလျှံဖြစ်ပွားမှုကို ထိန်းသိမ်းနိုင်ရန်အတွက် သမိုင်းချောင်းတွင် မြေထိန်းနံရံဆောင်ရွက်ရန် လိုအပ်ပါသောကြောင့် အောင်ဓမ္မရိပ်သာ အနောက်ကျောဘက်တွင် ကျန်ရှိနေသော မြေထိန်းနံရံအပိုင်းအား ယခုလာမည့် ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ ”မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “ သမိုင်းချောင်းသည် မရမ်းကုန်းမြို့နယ်နှင့် လှိုင်မြို့နယ်တို့မှ သုံးစွဲရေများအား စွန့်ထုတ်ပေးလျှက်ရှိသည့် အနည်းဆုံးအရှည်ပေ (၁၅၀၀၀)ရှိသော အဓိက ချောင်းကြီးဖြစ်ပြီး မရမ်းကုန်းမြို့နယ်၊ ပြည်လမ်း ကုန်းမြင့်သာ စားသောက်ဆိုင်ဘေးမှ စတင်အခြေပြု စီးဆင်းလာပြီး မင်းဓမ္မလမ်း၊ အင်းစိန်လမ်း၊ ဗဟိုလမ်းနှင့် ဘုရင့်နောင်လမ်းများအားဖြတ်ကာ လှိုင်မြစ်အတွင်းစီးဝင်ပါကြောင်း၊ သမိုင်းချောင်း၏ လှိုင်မြို့နယ်ဘက်အခြမ်းအား ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် (အင်းစိန်လမ်းနှင့်အနောက်ပေ ၅၀ လမ်းကြား) အရှည်ပေ (၂၀၀၀) ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် (ဗဟိုလမ်းမှ ဘုရင့်နောင်လမ်းကြား) အရှည်ပေ(၁၀၀၀) ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် (အောင်ဓမ္မရိပ်သာနောက်ကျော) အရှည်ပေ(၁၀၀၀) ကို မြေထိန်းနံရံဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ လှိုင်မြို့နယ်ဘက်ခြမ်း သမိုင်းချောင်း၏ မြေထိန်းနံရံဆောင်ရွက်ပေးရန်ကျန်ရှိသော အပိုင်းအား လာမည့်ဘဏ္ဍာနှစ်များတွင် ဘဏ္ဍာငွေခွဲဝေရရှိမှု ပေါ်မူမည်၍ လျာထားဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း’’ ပြန်လည်ဖြေကြားခဲ့ပါသည်။

About Ygn Editor

Check Also

ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၀)ကျင်းပရန် ခေါ်ယူ

ရန်ကုန် ၊ ဖေဖော်ဝါရီ လ ၁၄ ရက် ၊ ၂၀၂၀ ပြည့်နှစ်