Friday , April 3 2020
Breaking News
Home / ကိုယ်စားလှယ်များ၏သတင်း / ကတိသစ္စာမပြုရသေးသော တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁)ဦး ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာ ပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း

ကတိသစ္စာမပြုရသေးသော တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁)ဦး ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာ ပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း


ရန်ကုန်၊ ဇန်နဝါရီ လ ၈ ရက်၊ ၂၀၂၀ပြည့်နှစ်

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၃နှင့်အညီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းထားသော တပ်မတော်သားတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် ကြည်း ၃၄၆၅၁ ဗိုလ်မှူး နေလင်းအောင် (အစား) ကြည်း ၄၂၉၃၇ ဗိုလ်မှူးကုဋေဖြိုးအောင် အား အစားထိုးပြောင်းလဲကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၄.၁၁.၂၀၁၉ ရက်နေ့တွင် ကြေညာချက်အမှတ် (၂၀၄/၂၀၁၉)ဖြင့် ကြေညာခဲ့ပြီး အဆိုပါ တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေ အခန်း ၄၊ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)အရ ယနေ့ကျင်းပသော လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်၌ ကတိသစ္စာပြုပြီး လက်မှတ်ရေးထိုးခဲ့ပါသည်။

About Ygn Editor

Check Also

၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်စိစစ်ညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန် ၊ မတ် လ ၂၄ ရက် ၊ ၂၀၂၀ ပြည့်နှစ်   ၂၄.၃.၂၀၂၀(အင်္ဂါနေ့) ၊ နေ့လယ် (၁၃:၀၀)နာရီမှ (၁၅:၃၀)နာရီအထိ …