Tuesday , July 14 2020
Breaking News
Home / ကော်မတီ/ကော်မရှင်များ၏ သတင်းများး / ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီမှ ကုန်တွင်းဆိပ်ကမ်း (Dry Port)စီမံကိန်းတည်ဆောက်ရန် ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ

ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီမှ ကုန်တွင်းဆိပ်ကမ်း (Dry Port)စီမံကိန်းတည်ဆောက်ရန် ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ

 

 

ရန်ကုန် ၊ ဒီဇင်ဘာလ ၃၀ ရက် ၊ ၂၀၁၉

၃၀.၁၂.၂၀၁၉ ရက်၊ (တနင်္လာနေ့)၊ နေ့လယ် (၁၄:၀ဝ) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး၊ ပတ္တမြားခန်းမ၌ ကုန်တွင်းဆိပ်ကမ်း (Dry Port)စီမံကိန်းတည်ဆောက်ရန် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၊ အလယ်ကျေးရွာအုပ်စု၊ ကုန်းရွာကွင်း ကွင်းအမှတ်(၃၀၀/ခ) ၊ ဦးပိုင်အမှတ် (၁+၂+၂၅/၁+၂၇+၃+၄+၅+၆/၁+၈/၃+၂၆) စုစုပေါင်း (၂၀၁)ဧက မြေနေရာကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ရန်ကုန်ုတိုင်းဒေသကြီးလွှတ်တော်၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်း၊အတွင်းရေးမှူး ဦးကျော်ဇေယျနှင့်ကော်မတီအဖွဲ့ဝင်များ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

About Ygn Editor

Check Also

၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်စိစစ်ညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန် ၊ မတ် လ ၂၄ ရက် ၊ ၂၀၂၀ ပြည့်နှစ်   ၂၄.၃.၂၀၂၀(အင်္ဂါနေ့) ၊ နေ့လယ် (၁၃:၀၀)နာရီမှ (၁၅:၃၀)နာရီအထိ …