Tuesday , July 14 2020
Breaking News
Home / ကော်မတီ/ကော်မရှင်များ၏ သတင်းများး / ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တောရေးရာကော်မတီ ရန်ကုန်တိုင်းဒေသကြီး အသေးစား အလတ်စား လျှပ်စစ်ဥပဒေ(မူကြမ်း) ရေးဆွဲရန်ကိစ္စနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တောရေးရာကော်မတီ ရန်ကုန်တိုင်းဒေသကြီး အသေးစား အလတ်စား လျှပ်စစ်ဥပဒေ(မူကြမ်း) ရေးဆွဲရန်ကိစ္စနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး

 

ရန်ကုန်၊ ဇန်နဝါရီလ ၃ ရက်၊ ၂၀၂၀

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တောရေးရာကော်မတီသည် ၃.၁.၂၀၂၀ (သောကြာနေ့) နံနက် (၁၀:၀၀) နာရီမှ (၁၂:၃၀) နာရီအထိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၊ ပတ္တမြားခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး အသေးစား အလတ်စား လျှပ်စစ်ဥပဒေ(မူကြမ်း) ရေးဆွဲရန်ကိစ္စနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တောရေးရာကော်မတီ ဥက္ကဋ္ဌ ဦးတင်ရှိန်၊ အတွင်းရေးမှူး ဒေါ်စိုးပပလှိုင်၊ ကော်မတီအဖွဲ့ဝင်များနှင့် ဥပဒေရေးရာလေ့လာသုံးသပ်ရေးအဖွဲ့မှ ဥပဒေပညာရှင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

About Ygn Editor

Check Also

၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်စိစစ်ညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန် ၊ မတ် လ ၂၄ ရက် ၊ ၂၀၂၀ ပြည့်နှစ်   ၂၄.၃.၂၀၂၀(အင်္ဂါနေ့) ၊ နေ့လယ် (၁၃:၀၀)နာရီမှ (၁၅:၃၀)နာရီအထိ …