Thursday , August 6 2020
Breaking News
Home / ပြန်ကြားရေး / ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန နှစ်ပတ်လည်နေ့ ဂုဏ်ပြုညစာစားပွဲကျင်းပ

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန နှစ်ပတ်လည်နေ့ ဂုဏ်ပြုညစာစားပွဲကျင်းပ

 

 

ရန်ကုန် ၊ ဒီဇင်ဘာလ ၂၉ ရက် ၊ ၂၀၁၉

၂၉.၁၂.၂၀၁၉ ရက်နေ့ ည(၆:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်အိမ်တော်ဝင်းမြက်ခင်းပြင်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန နှစ်ပတ်လည်နေ့ ဂုဏ်ပြုညစာစားပွဲကျင်းပခဲ့ပါသည်။
အဆိုပါ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် ဇနီး ဒေါ်ခင်မိမိကြွယ် တို့ တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့်ဇနီး၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ၊ ဥပဒေချုပ်နှင့် စာရင်းစစ်ချုပ်တို့ တက်ရောက်ခဲ့ပါသည်။

About Ygn Editor

Check Also

လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် အစားထိုးပြောင်းလဲခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံက ပေးပို့လာသည့် တပ်မတော်သားတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က လွှတ်တော်သို့တင်သွင်းခြင်းနှင့် လွှတ်တော်၏ သဘောတူညီချက် ရယူခြင်း

ရန်ကုန်၊ ဇူလိုင်လ ၂၂ ရက်၊ ၂၀၂၀ပြည့်နှစ် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၄/၂၀၂၀)ပထမနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် အစားထိုးခန့်အပ်နိုင်ရေးအတွက် တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က …