Tuesday , January 28 2020
Breaking News
Home / ပြန်ကြားရေး / ဒဂုံတက္ကသိုလ်ကျောင်းသား/ကျောင်းသူများ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ လာရောက်လေ့လာ

ဒဂုံတက္ကသိုလ်ကျောင်းသား/ကျောင်းသူများ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ လာရောက်လေ့လာ

 

 

ရန်ကုန် ၊ ဒီဇင်ဘာလ ၃၀ ရက် ၊ ၂၀၁၉

၃၀.၁၂.၂၀၁၉ ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဒဂုံတက္ကသိုလ်အခြေစိုက် UNITY & PROGRESS ကျောင်းသားအစည်းအရုံး၏ ဦးဆောင်မှုဖြင့် ဒဂုံတက္ကသိုလ် ကျောင်းသား/ကျောင်းသူများသည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ လာရောက်လေ့လာခဲ့ပါသည်။

အဆိုပါ လေ့လာသူများအား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်တို့မှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ လွှတ်တော်ရုံးမှ တာဝန်ရှိသူက လွှတ်တော်သမိုင်းကြောင်းနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူများ သိရှိလိုသည်များ မေးမြန်း၍ လွှတ်တော်ကိုယ်စားလှယ်များမှ ပြန်လည်ဖြေကြားခဲ့ပါသည်။

About Ygn Editor

Check Also

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၏ (၆)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာ ဖွင့်ပွဲ အခမ်းအနားကျင်းပ

  ရန်ကုန် ၊ ဇန်နဝါရီလ ၃ ရက် ၊ ၂၀၂၀ ၃.၁.၂၀၂၀ ရက်နေ့ နံနက် (၈:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ …