Tuesday , January 28 2020
Breaking News
Home / ပြန်ကြားရေး / ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာ ဒေသဖွံ့ဖြိုးရေးအားဆောင်ရွက်ရန်အတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ

ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာ ဒေသဖွံ့ဖြိုးရေးအားဆောင်ရွက်ရန်အတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ

 

 

ရန်ကုန် ၊ ဒီဇင်ဘာလ ၂၉ ရက် ၊ ၂၀၁၉

၂၉.၁၂.၂၀၁၉ ရက်နေ့ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာသို့ ရောက်ရှိပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ ထို့နောက် အလယ်ရွာသို့ သွားရောက်ပြီး သာသနာ့အလင်းရောင် ဘုန်းတော်ကြီးကျောင်းတွင် ကျေးရွာဖွံ့ဖြိုးရေး ကိစ္စများကို ဆွေးနွေးခဲ့ပါသည်။

About Ygn Editor

Check Also

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၏ (၆)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာ ဖွင့်ပွဲ အခမ်းအနားကျင်းပ

  ရန်ကုန် ၊ ဇန်နဝါရီလ ၃ ရက် ၊ ၂၀၂၀ ၃.၁.၂၀၂၀ ရက်နေ့ နံနက် (၈:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ …