Thursday , September 24 2020
Breaking News
Home / ပြန်ကြားရေး / ၂၀၁၈-၂၀၁၉ ခုနှစ်ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့်ဆောက်လုပ်သည့် (၄)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာ (ရွှေပြည်သာ)အဆောက်အဦဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀၁၈-၂၀၁၉ ခုနှစ်ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့်ဆောက်လုပ်သည့် (၄)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာ (ရွှေပြည်သာ)အဆောက်အဦဖွင့်ပွဲအခမ်းအနားကျင်းပ


ရန်ကုန်၊ နိုဝင်ဘာလ ၃၀ ရက်၊ ၂၀၁၉

၃၀.၁၁.၂၀၁၉ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ တော်ဝင်လမ်း၊ အမှတ်(၂၄၆)တွင် ဆောက်လုပ်ပြီးစီးခဲ့သည့် ၂၀၁၈-၂၀၁၉ ခုနှစ်ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့်ဆောက်လုပ်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန (၄)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာ (ရွှေပြည်သာ)အဆောက်အဦ ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတင်မောင်ထွန်း၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။

About Ygn Editor

Check Also

၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီတို့၏ စိစစ်လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာများအား လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

  ရန်ကုန်၊ စက်တင်ဘာလ ၁ ရက်၊ ၂၀၂၀ပြည့်နှစ် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဥ္စမနေ့တွင် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ …