Saturday , December 7 2019
Breaking News
Home / ပြန်ကြားရေး / ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ မင်္ဂလာဒုံမြို့နယ်သို့ကွင်းဆင်း

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ မင်္ဂလာဒုံမြို့နယ်သို့ကွင်းဆင်း


ရန်ကုန် ၊ နိုဝင်ဘာလ ၂၈ ရက် ၊ ၂၀၁၉
၂၈.၁၁.၂၀၁၉ (ကြာသပတေးနေ့) ၊ နံနက်(၁၀:၃၀) နာရီအချိန်မှစ၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းသည် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ထောက်ကြန့်လမ်းဆုံ၊ လမ်းပြုပြင်နေမှုအားကြည့်ရှုခဲ့ပြီး အမှတ်(၃၀)အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၊ အမှတ်(၁၀) အခြေခံပညာအလယ်တန်းကျောင်း၊ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းနှင့် (၂၅)ကုတင်ဆံ့ ပုလဲမြို့သစ် ဆေးရုံသို့ ကွင်းဆင်းလေ့လာခဲ့ပါသည်။
အဆိုပါကွင်းဆင်းမှုသို့ မင်္ဂလာဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမိုးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါခဲ့ကြပါသည်။

About Ygn Editor

Check Also

နှစ် (၁၀၀)ပြည့်အထိမ်းအမှတ်ပွဲတော်အကြို လေ့ကျင့်ခြင်းအခမ်းအနားကျင်းပ

ရန်ကုန်၊ ဒီဇင်ဘာလ ၁ ရက်၊ ၂၀၁၉ ၁.၁၂.၂၀၁၉ ရက်နေ့၊ ညနေ(၄:၀၀)နာရီအချိန်တွင် ရန်ကုန်တက္ကသိုလ်၌ နှစ် (၁၀၀)ပြည့်အထိမ်းအမှတ်ပွဲတော်အကြို လေ့ကျင့်ခြင်းအခမ်းအနာကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ …