Saturday , December 7 2019
Breaking News
Home / ကော်မတီ/ကော်မရှင်များ၏ သတင်းများး / ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ၊ စိစစ်ရေးကော်မတီမှ မန္တလေးတိုင်းဒေသကြီးလွှတ်တော်သို့ လေ့လာရေးခရီး

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ၊ စိစစ်ရေးကော်မတီမှ မန္တလေးတိုင်းဒေသကြီးလွှတ်တော်သို့ လေ့လာရေးခရီး


ရန်ကုန် ၊ ဒီဇင်ဘာ လ ၂ ရက် ၊ ၂၀၁၉
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ၊ စိစစ်ရေးကော်မတီသည် ၂၆.၁၁.၂၀၁၉ ရက်နေ့၊ နံနက်(၀၉:၃၀)နာရီတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်သို့ သွားရောက်လေ့လာခဲ့ပြီး မန္တလေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမငယ်၌ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ၊ စိစစ်ရေးကော်မတီသည် မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှ ဥပဒေများလေ့လာသုံးသပ်ပြင်ဆင်ရေးဆွဲရေးကော်မတီ၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ ပြည်သူ့ရေးရာနှင့် လူမှုရေးကော်မတီတို့နှင့် တွေ့ဆုံခဲ့ကြပြီး လုပ်ငန်းဆောင်ရွက်မှုများအား အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ၊ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်လွင်၊ အတွင်းရေးမှူး ဦးတင်ဝင်းနှင့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှ ဥပဒေများလေ့လာသုံးသပ် ပြင်ဆင်ရေးဆွဲရေးကော်မတီ ဥက္ကဋ္ဌဒေါ်သဲစုဝေ၊ ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးတင်အောင်(ခ)ဦးတင့်ဆွေ၊ ပြည်သူ့ရေးရာနှင့် လူမှုရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မောင်(ခ) ဦးဇော်မောင်မောင်နှင့်ကော်မတီမှအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။

About Ygn Editor

Check Also

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိက၀တ်၊ အာမခံချက် များနှင့် လွှတ်တော်အခွင့်အရေးကော်မတီမှ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် အတည်ပြုခဲ့သော ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ရသုံးမှန်းခြေငွေစာရင်းတွင်ပါဝင်သော လုပ်ငန်းများနှင့်စပ်လျဉ်း၍ မင်္ဂလာဒုံမြို့နယ်သို့ ကွင်းဆင်း

ရန်ကုန် ၊ နိုဝင်ဘာလ ၂၉ ရက် ၊ ၂၀၁၉ ၂၉.၁၁.၂၀၁၉ (သောကြာနေ့) နံနက်(၁၀:၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိကဝတ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေးကော်မတီသည် …