Saturday , December 7 2019
Breaking News
Home / ကော်မတီ/ကော်မရှင်များ၏ သတင်းများး / ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိက၀တ်၊ အာမခံချက် များနှင့် လွှတ်တော်အခွင့်အရေးကော်မတီမှ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် အတည်ပြုခဲ့သော ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ရသုံးမှန်းခြေငွေစာရင်းတွင်ပါဝင်သော လုပ်ငန်းများနှင့်စပ်လျဉ်း၍ မင်္ဂလာဒုံမြို့နယ်သို့ ကွင်းဆင်း

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိက၀တ်၊ အာမခံချက် များနှင့် လွှတ်တော်အခွင့်အရေးကော်မတီမှ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် အတည်ပြုခဲ့သော ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ရသုံးမှန်းခြေငွေစာရင်းတွင်ပါဝင်သော လုပ်ငန်းများနှင့်စပ်လျဉ်း၍ မင်္ဂလာဒုံမြို့နယ်သို့ ကွင်းဆင်း


ရန်ကုန် ၊ နိုဝင်ဘာလ ၂၉ ရက် ၊ ၂၀၁၉
၂၉.၁၁.၂၀၁၉ (သောကြာနေ့) နံနက်(၁၀:၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိကဝတ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေးကော်မတီသည် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ရသုံးမှန်းခြေငွေစာရင်းတွင်ပါဝင်သော လုပ်ငန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိကဝတ်၊ အာမခံချက်များနှင့် လွှတ်တော် အခွင့်အရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ မင်္ဂလာဒုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း၊ မင်္ဂလာဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးဦးသန်းချစ်အေး၊ လုပ်ငန်းဆောင်ရွက်သည့် သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများ၊ ကုမ္ပဏီမှ တာဝန်ရှိသူများ၊ အရည်အသွေးစစ်ဆေးရေးအဖွဲ့(QC)မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးပွဲ ပြီးနောက် ကော်မတီမှ ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်အတွက် အတည်ပြုခဲ့သောလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစိစစ်ကြည့်ရှုခဲ့ပါသည်။

About Ygn Editor

Check Also

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ၊ စိစစ်ရေးကော်မတီမှ မန္တလေးတိုင်းဒေသကြီးလွှတ်တော်သို့ လေ့လာရေးခရီး

ရန်ကုန် ၊ ဒီဇင်ဘာ လ ၂ ရက် ၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ၊ စိစစ်ရေးကော်မတီသည် …