Tuesday , January 28 2020
Breaking News
Home / ပြန်ကြားရေး / နိုင်ငံတော်သမ္မတဦးဝင်းမြင့် ၂၀၁၈ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

နိုင်ငံတော်သမ္မတဦးဝင်းမြင့် ၂၀၁၈ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

ရန်ကုန် ၊ နိုဝင်ဘာလ ၂၇ ရက် ၊ ၂၀၁၉
၂၇.၁၁.၂၀၁၉ (ဗုဒ္ဓဟူးနေ့) ၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ဆူးလေဘုရားလမ်းရှိ Sule Shangri-La Hotel၌ ကျင်းပသော ၂၀၁၈ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများ၏ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ပြီး ၂၀၁၈ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုရရှိသူ များအား ဆုများချီးမြှင့်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ပြန်ကြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးအောင်လှထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တာ်ကိုယ်စားလှယ်များ၊ စာပေပညာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။

About Ygn Editor

Check Also

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၏ (၆)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာ ဖွင့်ပွဲ အခမ်းအနားကျင်းပ

  ရန်ကုန် ၊ ဇန်နဝါရီလ ၃ ရက် ၊ ၂၀၂၀ ၃.၁.၂၀၂၀ ရက်နေ့ နံနက် (၈:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ …