Saturday , January 25 2020
Breaking News
Home / ပြန်ကြားရေး / နိုင်ငံတော်ဓါတ်အားစနစ်မှ လျှပ်စစ်ဓါတ်အားသုံးစွဲမှုတစ်နိုင်ငံလုံး၏ (၅၀) ရာခိုင်နှုန်းပြည့်မြောက်သည့် အထိမ်းအမှတ်နှင့် (33/11V,5MVA) ဓါတ်အားခွဲရုံများ၏ ဖွင့်ပွဲအခမ်းအနားများကျင်းပ

နိုင်ငံတော်ဓါတ်အားစနစ်မှ လျှပ်စစ်ဓါတ်အားသုံးစွဲမှုတစ်နိုင်ငံလုံး၏ (၅၀) ရာခိုင်နှုန်းပြည့်မြောက်သည့် အထိမ်းအမှတ်နှင့် (33/11V,5MVA) ဓါတ်အားခွဲရုံများ၏ ဖွင့်ပွဲအခမ်းအနားများကျင်းပ


ရန်ကုန်၊ နိုဝင်ဘာလ ၃၀ ရက်၊ ၂၀၁၉

၃၀.၁၁.၂၀၁၉ ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်မှစ၍ ဥက္ကံမြို့နယ်ရှိ ကျွန်းတောကုန်း-ဥက္ကံဓါတ်အားခွဲရုံ၊ အဖျောက်မြို့နယ်ရှိ အဖျောက်ဓါတ်အားခွဲရုံ၊ မှော်ဘီမြို့နယ်ရှိ တပ်ကြီးကုန်း-မှော်ဘီဓါတ်အားခွဲရုံများတွင် နိုင်ငံတော်ဓါတ်အားစနစ်မှ လျှပ်စစ်ဓါတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ (၅၀) ရာခိုင်နှုန်းပြည့်မြောက်သည့် အထိမ်းအမှတ်နှင့် (33/11V,5MVA) ဓါတ်အားခွဲရုံများ၏ ဖွင့်ပွဲအခမ်းအနားများ ကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးတင်မောင်ထွန်း၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

About Ygn Editor

Check Also

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၏ (၆)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာ ဖွင့်ပွဲ အခမ်းအနားကျင်းပ

  ရန်ကုန် ၊ ဇန်နဝါရီလ ၃ ရက် ၊ ၂၀၂၀ ၃.၁.၂၀၂၀ ရက်နေ့ နံနက် (၈:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ …