Saturday , December 7 2019
Breaking News
Home / ပြန်ကြားရေး / မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းနှင့် ကယားပြည်နယ်တိုင်းရင်းသား လုပ်ငန်းရှင်များ အသင်း တို့မှ ဦးဆောင်ကျင်းပသောသွေးချင်းတို့ရဲ့ပွဲတော်ဆီ မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားကျင်းပ

မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းနှင့် ကယားပြည်နယ်တိုင်းရင်းသား လုပ်ငန်းရှင်များ အသင်း တို့မှ ဦးဆောင်ကျင်းပသောသွေးချင်းတို့ရဲ့ပွဲတော်ဆီ မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားကျင်းပ

 

 

 

ရန်ကုန် ၊ နိုဝင်ဘာလ ၁၉ ရက် ၊ ၂၀၁၉

၁၉.၁၁.၂၀၁၉ ရက် (အင်္ဂါနေ့) နံနက် ၉:၀၀ နာရီအချိန်တွင် လမ်းမတော်မြို့နယ်ရှိ(UMFCCI)၌ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းကဦးဆောင်၍ ကယားပြည်နယ် တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်း တို့ကြီးမှူးကျင်းပသည့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးပွဲတော်အကြို MECF Kick-Off Launching အား အခမ်းအနားကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်ရှို၊ ကယားပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးလှထွေး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဒေါ်ပန်းသဉ္ဇာမျိုး၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ အတွင်းရေးမှူးဦးမန်းအောင်ကိုမင်းနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတိုင်ရင်းသား လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးယောဆက်၊ ကယားပြည်နယ် တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးထွန်းကျော်၊ UMFCCI နှင့် MEEAအသင်းတို့မှတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။

About Ygn Editor

Check Also

နှစ် (၁၀၀)ပြည့်အထိမ်းအမှတ်ပွဲတော်အကြို လေ့ကျင့်ခြင်းအခမ်းအနားကျင်းပ

ရန်ကုန်၊ ဒီဇင်ဘာလ ၁ ရက်၊ ၂၀၁၉ ၁.၁၂.၂၀၁၉ ရက်နေ့၊ ညနေ(၄:၀၀)နာရီအချိန်တွင် ရန်ကုန်တက္ကသိုလ်၌ နှစ် (၁၀၀)ပြည့်အထိမ်းအမှတ်ပွဲတော်အကြို လေ့ကျင့်ခြင်းအခမ်းအနာကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ …