ရန်ကုန် ၊ နို ဝင်ဘာလ ၁၇ ရက် ၊ ၂၀၁၉
၁၇.၁၁.၂၀၁၉ ရက်နေ့ (တနင်္ဂနွေနေ့) နံနက် (၈:၀၀) နာရီအချိန်တွင် လှိုင်သာယာမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးတိုးချဲ့လေးထပ်ဆောင်ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီများ၊လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ခဲ့ပါသည်။