Saturday , January 25 2020
Breaking News
Home / ပြန်ကြားရေး / အိမ်ရာပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပွဲ အခမ်းအနားကျင်းပ

အိမ်ရာပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပွဲ အခမ်းအနားကျင်းပ



(unicode)
ရန်ကုန် သြဂုတ် ၉ ရက် ၊ ၂၀၁၉

၉.၈.၂၀၁၉ ရက် နံနက်(၁၁း၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၊ ပုလဲခန်းမ၌ ရန်ကင်းမြို့နယ် ရန်ကင်းအိမ်ရာ၊ ဒဂုံမြို့နယ် ဦးဝိစာရအိမ်ရာနှင့် အင်းစိမ်မြို့နယ် ကြို့ကုန်းအိမ်ရာ စသည့် အိမ်ရာပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပွဲအခမ်းအနားကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ရန်ကင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီတာ (ခ)ဒေါ်သီတာမောင်၊ ရန်ကင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၊ ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၊ အင်းစိန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်၊ အင်းစိန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၊ လွှတ်တော်ရုံးနှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

About Ygn Editor

Check Also

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၏ (၆)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာ ဖွင့်ပွဲ အခမ်းအနားကျင်းပ

  ရန်ကုန် ၊ ဇန်နဝါရီလ ၃ ရက် ၊ ၂၀၂၀ ၃.၁.၂၀၂၀ ရက်နေ့ နံနက် (၈:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ …

Leave a Reply

Your email address will not be published.