





(unicode)
ရန်ကုန်၊ သြဂုတ်လ ၆ ရက် ၊ ၂၀၁၉
၅.၈.၂၀၁၉ ရက် နေ့လယ်(၁း၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး Media Corner ၌ ပဲန်မြန်မာ (Pen MYANMAR) မှ ကျင်းပပြုလုပ်သည့် လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုခွင့် ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။