Tuesday , January 21 2020
Breaking News
Home / ပြန်ကြားရေး / နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်၊ ပိန္ဒဲကုန်းကျေးရွာအုပ်စု ၊ ဆင်ခြံကျေးရွာ၊ အောင်ဇမ္ဗူပရိယတ္တိကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကေတုမာလာအား ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲသို့တက်ရောက်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်၊ ပိန္ဒဲကုန်းကျေးရွာအုပ်စု ၊ ဆင်ခြံကျေးရွာ၊ အောင်ဇမ္ဗူပရိယတ္တိကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကေတုမာလာအား ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲသို့တက်ရောက်

 
 
 
(unicode)
 
ရန်ကုန် ၊ ဇူလိုင်လ ၁၇ ရက် ၊ ၂၀၁၉
 
၁၇.၇.၂၀၁၉ ရက် နံနက်(၉း၀၀) နာရီအချိန်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ်၊ ပိန္ဒဲကုန်းကျေးရွာအုပ်စု ၊ ဆင်ခြံကျေးရွာ၊ အောင်ဇမ္ဗူပရိယတ္တိ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကေတုမာလာအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆပ်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှ ပေးဝေခဲ့ပါသည်။
ဆက်လက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရွှေတောင်ဖောင်ဒေးရှင်းက တည်ဆောက်လှူဒါန်းသည့် အောင်ဇမ္ဗူလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း RC နှစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာ နိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ ရွှေတောင်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံ ပြည်သူများတက်ရောက်ခဲ့ကြပါသည်။
 

About Ygn Editor

Check Also

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၏ (၆)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာ ဖွင့်ပွဲ အခမ်းအနားကျင်းပ

  ရန်ကုန် ၊ ဇန်နဝါရီလ ၃ ရက် ၊ ၂၀၂၀ ၃.၁.၂၀၂၀ ရက်နေ့ နံနက် (၈:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ …

Leave a Reply

Your email address will not be published.