Saturday , July 20 2019
Breaking News
Home / ေမးခြန္းမ်ား / သင္ရိုးၫႊန္းတမ္းအသစ္ျဖင့္ စတင္ေသာ KG ပညာေရး၊ Grade 1, Grade 2, Grade 3 သို႕ေရာက္ရိွေနျပီး ယခုနွစ္၌ Grade 6 သင္ရိုးသစ္စတင္ခဲ့ရာ သက္ဆိုင္ရာ မူလတန္း၊ အလယ္တန္း၊ အထက္တန္း သင္ရိုးေဟာင္းတြင္ သင္ၾကားေနေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ မည္သည့္ပညာသင္နွစ္တြင္ အေျခခံပညာျပီးဆံုးေၾကာင္း အမ်ားျပည္သူသို႕ အသိပညာေပးမႈ ေဆာင္ရြက္ရန္ အစီအစဥ္ရိွ/မရိွ ေမးျမန္း

သင္ရိုးၫႊန္းတမ္းအသစ္ျဖင့္ စတင္ေသာ KG ပညာေရး၊ Grade 1, Grade 2, Grade 3 သို႕ေရာက္ရိွေနျပီး ယခုနွစ္၌ Grade 6 သင္ရိုးသစ္စတင္ခဲ့ရာ သက္ဆိုင္ရာ မူလတန္း၊ အလယ္တန္း၊ အထက္တန္း သင္ရိုးေဟာင္းတြင္ သင္ၾကားေနေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ မည္သည့္ပညာသင္နွစ္တြင္ အေျခခံပညာျပီးဆံုးေၾကာင္း အမ်ားျပည္သူသို႕ အသိပညာေပးမႈ ေဆာင္ရြက္ရန္ အစီအစဥ္ရိွ/မရိွ ေမးျမန္း

ရန္ကုန္၊ ဇူလိုင္လ၊ ၁၂ ရက္၊ ၂၀၁၉
ဒုတိယအႀကိမ္ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ နဝမပံုမွန္အစည္းအေဝး (၁၅)ရက္ေျမာက္ေန႕တြင္ လသာၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁) ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဇာ္ဝင္းႏိုင္က “သင္ရိုးၫႊန္းတမ္းအသစ္ျဖင့္ စတင္ေသာ KG ပညာေရး၊ Grade 1, Grade 2, Grade 3 သို႕ေရာက္ရိွေနျပီး ယခုနွစ္၌ Grade 6 သင္ရိုးသစ္စတင္ခဲ့ရာ သက္ဆိုင္ရာ မူလတန္း၊ အလယ္တန္း၊ အထက္တန္း သင္ရိုးေဟာင္းတြင္ သင္ၾကားေနေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ မည္သည့္ပညာသင္နွစ္တြင္ အေျခခံပညာျပီးဆံုးေၾကာင္း အမ်ားျပည္သူသို႕ အသိပညာေပးမႈ ေဆာင္ရြက္ရန္ အစီအစဥ္ရိွ/မရိွ ” ေမးျမန္းရာ လူမွဳေရးဝန္ႀကီး ဦးႏိုင္ငံလင္းက “ သင္႐ိုးၫႊန္းတမ္းအသစ္ျဖင့္ စတင္ေသာ KG ပညာေရး၊ Grade 1, Grade 2, Grade 3 တို႕ ေရာက္ရွိေနၿပီး ယခုႏွစ္ Grade 6 သင္႐ိုးသစ္စတင္ခဲ့ရာတြင္ သက္ဆိုင္ရာ မူလတန္း၊ အလယ္တန္း၊ အထက္တန္း သင္႐ိုးေဟာင္းတြင္ သင္ၾကားေနေသာ ေက်ာင္းသား/ ေက်ာင္းသူမ်ားအတြက္ မည္သည့္ပညာသင္ႏွစ္တြင္ အေျခခံပညာၿပီးဆံုးေၾကာင္း အမ်ားျပည္သူသို႕ အသိပညာေပးမွဳ ေဆာင္ရြက္ရန္ အစီအစဥ္ရွိပါေၾကာင္း၊ အေျခခံပညာၿပီးဆံုးေၾကာင္းကို အမ်ားျပည္သူသို႕ အသိပညာေပးမွဳအား ၂၆.၃.၂၀၁၉ ရက္ထုတ္ ေၾကးမံုသတင္းစာ၏ စာမ်က္ႏွာ (၁၁)မ်က္ႏွာျဖင့္ေဖာ္ျပခဲ့ၿပီးျဖစ္ပါေၾကာင္း၊ အေျခခံပညာဦးစီးဌာန၏ ၫႊန္ၾကားခ်က္ႏွင့္ အညီ ေက်ာင္းအုပ္ႀကီးမ်ားမွတစ္ဆင့္ မိဘမ်ားႏွင့္ ေက်ာင္းသားမ်ားအား အသိပညာေပးေဆာင္ရြက္ ေစခဲ့ပါေၾကာင္း၊သင္႐ိုးၫႊန္းတမ္း အသစ္ျဖင့္ စတင္ေသာ ၂၀၁၆-၂၀၁၇ ပညာသင္ႏွစ္တြင္ KG (သူငယ္တန္း ပညာေရး)အား စနစ္သစ္ျဖင့္ စတင္ေဆာင္ရြက္ခဲ့သျဖင့္ အဆိုပါ ၂၀၁၆ခုႏွစ္ kgတက္ေရာက္ေနသည့္ကေလးမ်ားသည္ ႏွစ္စဥ္ ဆက္တိုက္စနစ္သစ္ျဖင့္ ပညာသင္ၾကားရမွာျဖစ္ၿပီးေတာ့ ၂၀၂၁-၂၀၂၂ ပညာသင္ႏွစ္တြင္ မူလတန္းအဆင့္ Grade -5 ၿပီးဆံုးၿပီး အလယ္တန္းအဆင့္အား ၂၀၂၅-၂၀၂၆ ပညာသင္ႏွစ္တြင္ ၿပီးဆံုးၿပီး Grade -12 အား ၂၀၂၈ – ၂၀၂၉ ပညာသင္ႏွစ္တြင္ အထက္တန္းအဆင့္ၿပီးေျမာက္၍ Completion Certificate လက္မွတ္ရရွိမည္ျဖစ္ပါေၾကာင္း ၊ စနစ္ေဟာင္းသင္႐ိုးျဖင့္ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ Grade – 5 (စတုတၳတန္း) သည္ ၂၀၂၀-၂၀၂၁ ပညာသင္ႏွစ္တြင္ Grade – 6 (ဆ႒မတန္း)တက္ေရာက္ရမွာျဖစ္ၿပီးေတာ့ ၂၀၂၃-၂၀၂၄ပညာသင္ႏွစ္တြင္အလယ္တန္းၿပီးေျမာက္မွာျဖစ္ၿပီး ၂၀၂၆-၂၀၂၇ ပညာသင္ႏွစ္တြင္ အေျခခံပညာအထက္တန္းဆင့္ ၿပီးေျမာက္ၿပီးျဖစ္ပါေၾကာင္း၊ စနစ္ေဟာင္းသင္႐ိုးျဖင့္ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ Grade – 7 (ဆ႒မတန္း) သည္ ၂၀၂၁-၂၀၂၂ ပညာသင္ႏွစ္တြင္ အလယ္တန္းဆင့္ ၿပီးေျမာက္ၿပီး ၂၀၂၄-၂၀၂၅ ပညာသင္ႏွစ္တြင္ အေျခခံပညာအထက္တန္းအဆင့္ ၿပီးေျမာက္ၿပီးျဖစ္ပါေၾကာင္း၊ စနစ္ေဟာင္းသင္႐ိုးျဖင့္ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ Grade – 8 (သတၱမတန္း) သည္ ၂၀၂၀-၂၀၂၁ ပညာသင္ႏွစ္တြင္ အလယ္တန္းအဆင့္ ၿပီးေျမာက္ၿပီး ၂၀၂၃-၂၀၂၄ ပညာသင္ႏွစ္တြင္ အေျခခံပညာ အထက္တန္းဆင့္ ၿပီးေျမာက္ၿပီး ျဖစ္ပါေၾကာင္း၊ စနစ္ေဟာင္းသင္႐ိုးျဖင့္ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ Grade – 9 (အ႒မတန္း) သည္ ပညာသင္ႏွစ္တြင္ အေျခခံပညာအထက္တန္းအဆင့္ ၿပီးေျမာက္မည္ျဖစ္ပါေၾကာင္း၊ စနစ္ေဟာင္းသင္႐ိုးျဖင့္ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ Grade -10 (နဝမတန္း) သည္ ၂၀၂၀-၂၀၂၁ ပညာသင္ႏွစ္တြင္ အေျခခံပညာအထက္တန္းအဆင့္ ၿပီးေျမာက္မည္ျဖစ္ပါေၾကာင္း၊ ေၾကးမံုသတင္းစာတြင္ ဇယားကြက္မ်ားျဖင့္အဆင့္ဆင့္ေဖာ္ျပခဲ့ျခင္းျဖစ္ေၾကာင္း၊ ၎ ဇယားကြက္မ်ားကို ျပန္လည္ေလ့လာ ပါက အေသးစိတ္သိရမွာျဖစ္ပါေၾကာင္း” ျပန္လည္ေျဖၾကားခဲ့ပါသည္။
 
(unicode)
ရန်ကုန်၊ ဇူလိုင်လ၊ ၁၂ ရက်၊ ၂၀၁၉
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့တွင် လသာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်က “သင်ရိုးညွှန်းတမ်းအသစ်ဖြင့် စတင်သော KG ပညာရေး၊ Grade 1, Grade 2, Grade 3 သို့ရောက်ရှိနေပြီး ယခုနှစ်၌ Grade 6 သင်ရိုးသစ်စတင်ခဲ့ရာ သက်ဆိုင်ရာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း သင်ရိုးဟောင်းတွင် သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအတွက် မည်သည့်ပညာသင်နှစ်တွင် အခြေခံပညာပြီးဆုံးကြောင်း အများပြည်သူသို့ အသိပညာပေးမှု ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ ” မေးမြန်းရာ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက “ သင်ရိုးညွှန်းတမ်းအသစ်ဖြင့် စတင်သော KG ပညာရေး၊ Grade 1, Grade 2, Grade 3 တို့ ရောက်ရှိနေပြီး ယခုနှစ် Grade 6 သင်ရိုးသစ်စတင်ခဲ့ရာတွင် သက်ဆိုင်ရာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း သင်ရိုးဟောင်းတွင် သင်ကြားနေသော ကျောင်းသား/ ကျောင်းသူများအတွက် မည်သည့်ပညာသင်နှစ်တွင် အခြေခံပညာပြီးဆုံးကြောင်း အများပြည်သူသို့ အသိပညာပေးမှု ဆောင်ရွက်ရန် အစီအစဉ်ရှိပါကြောင်း၊ အခြေခံပညာပြီးဆုံးကြောင်းကို အများပြည်သူသို့ အသိပညာပေးမှုအား ၂၆.၃.၂၀၁၉ ရက်ထုတ် ကြေးမုံသတင်းစာ၏ စာမျက်နှာ (၁၁)မျက်နှာဖြင့်ဖော်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ အခြေခံပညာဦးစီးဌာန၏ ညွှန်ကြားချက်နှင့် အညီ ကျောင်းအုပ်ကြီးများမှတစ်ဆင့် မိဘများနှင့် ကျောင်းသားများအား အသိပညာပေးဆောင်ရွက် စေခဲ့ပါကြောင်း၊သင်ရိုးညွှန်းတမ်း အသစ်ဖြင့် စတင်သော ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် KG (သူငယ်တန်း ပညာရေး)အား စနစ်သစ်ဖြင့် စတင်ဆောင်ရွက်ခဲ့သဖြင့် အဆိုပါ ၂၀၁၆ခုနှစ် kgတက်ရောက်နေသည့်ကလေးများသည် နှစ်စဉ် ဆက်တိုက်စနစ်သစ်ဖြင့် ပညာသင်ကြားရမှာဖြစ်ပြီးတော့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် မူလတန်းအဆင့် Grade -5 ပြီးဆုံးပြီး အလယ်တန်းအဆင့်အား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ပြီးဆုံးပြီး Grade -12 အား ၂၀၂၈ – ၂၀၂၉ ပညာသင်နှစ်တွင် အထက်တန်းအဆင့်ပြီးမြောက်၍ Completion Certificate လက်မှတ်ရရှိမည်ဖြစ်ပါကြောင်း ၊ စနစ်ဟောင်းသင်ရိုးဖြင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် Grade – 5 (စတုတ္ထတန်း) သည် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် Grade – 6 (ဆဋ္ဌမတန်း)တက်ရောက်ရမှာဖြစ်ပြီးတော့ ၂၀၂၃-၂၀၂၄ပညာသင်နှစ်တွင်အလယ်တန်းပြီးမြောက်မှာဖြစ်ပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ပြီးဖြစ်ပါကြောင်း၊ စနစ်ဟောင်းသင်ရိုးဖြင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် Grade – 7 (ဆဋ္ဌမတန်း) သည် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အလယ်တန်းဆင့် ပြီးမြောက်ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်ပြီးဖြစ်ပါကြောင်း၊ စနစ်ဟောင်းသင်ရိုးဖြင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် Grade – 8 (သတ္တမတန်း) သည် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အလယ်တန်းအဆင့် ပြီးမြောက်ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာ အထက်တန်းဆင့် ပြီးမြောက်ပြီး ဖြစ်ပါကြောင်း၊ စနစ်ဟောင်းသင်ရိုးဖြင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် Grade – 9 (အဋ္ဌမတန်း) သည် ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်မည်ဖြစ်ပါကြောင်း၊ စနစ်ဟောင်းသင်ရိုးဖြင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် Grade -10 (နဝမတန်း) သည် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်မည်ဖြစ်ပါကြောင်း၊ ကြေးမုံသတင်းစာတွင် ဇယားကွက်များဖြင့်အဆင့်ဆင့်ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း ဇယားကွက်များကို ပြန်လည်လေ့လာ ပါက အသေးစိတ်သိရမှာဖြစ်ပါကြောင်း” ပြန်လည်ဖြေကြားခဲ့ပါသည်။

About Ygn Editor

Check Also

လိွဳင္သာယာၿမိဳ႕နယ္အတြင္းရိွ အဓိက လမ္းမႀကီးမ်ားတြင္ လမ္းေဘးပလက္ေဖာင္းမ်ားျပဳလုပ္ေပးရန္ အစီအစဥ္ရိွ/မရိွ၊ အစီအစဥ္ရိွပါက မည္သည့္ကာလတြင္ စတင္ေဆာင္ရြက္ေပးမည္ကို ေမးျမန္း

ရန္ကုန္၊ ဇူလိုင္လ၊ ၁၂ ရက္၊ ၂၀၁၉ ဒုတိယအႀကိမ္ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ နဝမပံုမွန္အစည္းအေဝး (၁၅)ရက္ေျမာက္ေန႕တြင္ လွိဳင္သာယာၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁) ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးဝင္းေမာင္(ခ) ဦးဦးဝင္းေမာင္က “လိွဳင္သာယာ …

Leave a Reply

Your email address will not be published. Required fields are marked *