Saturday , July 20 2019
Breaking News
Home / မေးခွန်းများ / လှိုင်သာယာမြို့နယ်အတွင်းရှိ အဓိက လမ်းမကြီးများတွင် လမ်းဘေးပလက်ဖောင်းများပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ကာလတွင် စတင်ဆောင်ရွက်ပေးမည်ကို မေးမြန်း
(unicode)
ရန်ကုန်၊ ဇူလိုင်လ၊ ၁၂ ရက်၊ ၂၀၁၉
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့တွင် လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်(ခ) ဦးဦးဝင်းမောင်က “လှိုင်သာယာ မြို့နယ်အတွင်းရှိ အဓိက လမ်းမကြီးများတွင် လမ်းဘေးပလက်ဖောင်းများပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ကာလတွင် စတင်ဆောင်ရွက်ပေးမည်ကို ” မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “လှိုင်သာယာ မြို့နယ်အတွင်းရှိ အဓိကလမ်းမကြီးများ ကွန်ကရိခင်းခြင်း ဆောင်ရွက်ရာတွင် ပထမအဆင့်အနေဖြင့် လမ်းဆုံလမ်းခွများ၊ မီးပွိုင့်ဧရိယာများတွင် လမ်းဘေးပလက်ဖောင်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ ၂၀၁၈ ဘဏ္ဍာနှစ် (ဧပြီလမှ စက်တင်ဘာလအထိ)အတွင်း ညောင်တုန်းလမ်းတွင် (၄)နေရာ၊ အရှည် (၄၆၀၀)ပေ၊ ပုသိမ်လမ်းတွင် (၄)နေရာ အရှည် (၁၃၄၀၀)ပေ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်-ညောင်တုန်းလမ်းတွင်လည်း လမ်းဘေးပလက်ဖောင်း (၁၂)နေရာ အရှည်(၄၈၀၀)ပေနှင့် ရန်ကုန်-ပုသိမ်လမ်းတွင် (၆)နေရာ အရှည်(၃၆၀၀)ပေအား ဆောင်ရွက်ပေးလျက်ရှိပါသည်။ ပုသိမ်လမ်းနှင့် ညောင်တုန်းလမ်းတစ်လျှောက်အား နောင်လာမည့်ဘဏ္ဍာနှစ်များတွင် ဘဏ္ဍာငွေခွေဲ၀ရရှိမှုပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ” ပြန်လည်ဖြေကြားခဲ့ပါသည်။
About Ygn Editor
Check Also
Leave a Reply
Your email address will not be published. Required fields are marked *