Saturday , July 20 2019
Breaking News
Home / မေးခွန်းများ / လှိုင်သာယာမြို့နယ်အတွင်းရှိ ရန်ကုန်-ပုသိမ်လမ်းနှင့် တောင်ငူလမ်းအထိ ပေ(၆၃၀၀) အရှည်ရှိသော ပီမိုနင်း လမ်းမအား ကွန်ကရစ်လမ်းအဖြစ်ခင်းပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည် မေးမြန်း


 
(unicode)
 
ရန်ကုန်၊ ဇူလိုင်လ၊ ၁၂ ရက်၊ ၂၀၁၉
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့တွင် လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်(ခ) ဦးဦးဝင်းမောင်က “လှိုင်သာယာ မြို့နယ်အတွင်းရှိ ရန်ကုန်-ပုသိမ်လမ်းနှင့် တောင်ငူလမ်းအထိ ပေ(၆၃၀၀) အရှည်ရှိသော ပီမိုနင်း လမ်းမအား ကွန်ကရစ် လမ်းအဖြစ်ခင်းပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်” မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “လှိုင်သာယာမြို့နယ်ရှိ ပီမိုးနင်းလမ်းသည် ရန်ကုန်-ပုသိမ်လမ်းမှ တောင်ငူလမ်းအထိ အရှည် (၁၀၃၀၀)ပေ အကျယ် (၁၈)ပေရှိ ကွန်ကရိလမ်းဟောင်းဖြစ်ပြီး လေးလမ်းသွားတိုးချဲ့ရန်အတွက် ပုသိမ်လမ်းနှင့်ညောင်တုန်းလမ်းကြား အလျား (၆၃၀၀)ပေ၊ အကျယ် (၄၈)ပေ၊ ထု (၉)လက်မ ကွန်ကရိလမ်းအဖြစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ” ပြန်လည်ဖြေကြားခဲ့ပါသည်။

About Ygn Editor

Check Also

လှိုင်သာယာမြို့နယ်အတွင်းရှိ အဓိက လမ်းမကြီးများတွင် လမ်းဘေးပလက်ဖောင်းများပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ကာလတွင် စတင်ဆောင်ရွက်ပေးမည်ကို မေးမြန်း


Leave a Reply

Your email address will not be published. Required fields are marked *