Saturday , July 20 2019
Breaking News
Home / ေမးခြန္းမ်ား / ရန္ကုန္တိုင္းေဒသႀကီး အတြင္းရိွ ေက်ာင္းမ်ား၌ ေက်ာင္းဖြင့္ခိ်န္ကာလမ်ားအတြင္း ကေလးမ်ားက်န္းမာေရးစစ္ေဆးမႈနွင့္ ပတ္သက္ျပီး က်န္းမာေရးဦးစီးဌာနနွင့္ ေက်ာင္းမွတာဝန္ရိွသူမ်ား ပူးေပါင္းလ်က္ မည္ကဲ့သို႕ေဆာင္ရြက္သည္ကို သိရိွလိုပါေၾကာင္း၊ ေက်ာင္းက်န္းမာေရး ေဆာင္ရြက္မႈမ်ားအတြက္ မူဝါဒမ်ား ခ်မွတ္ျခင္းမ်ားရိွပါသလား၊ ေက်ာင္းသား/သူ မ်ားကို တစ္နွစ္တြင္ ဘယ္နွစ္ႀကိမ္စစ္ေဆးေပးပါသည္ကို ေမးျမန္း

ရန္ကုန္တိုင္းေဒသႀကီး အတြင္းရိွ ေက်ာင္းမ်ား၌ ေက်ာင္းဖြင့္ခိ်န္ကာလမ်ားအတြင္း ကေလးမ်ားက်န္းမာေရးစစ္ေဆးမႈနွင့္ ပတ္သက္ျပီး က်န္းမာေရးဦးစီးဌာနနွင့္ ေက်ာင္းမွတာဝန္ရိွသူမ်ား ပူးေပါင္းလ်က္ မည္ကဲ့သို႕ေဆာင္ရြက္သည္ကို သိရိွလိုပါေၾကာင္း၊ ေက်ာင္းက်န္းမာေရး ေဆာင္ရြက္မႈမ်ားအတြက္ မူဝါဒမ်ား ခ်မွတ္ျခင္းမ်ားရိွပါသလား၊ ေက်ာင္းသား/သူ မ်ားကို တစ္နွစ္တြင္ ဘယ္နွစ္ႀကိမ္စစ္ေဆးေပးပါသည္ကို ေမးျမန္း

ဒုတိယအႀကိမ္ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ နဝမပံုမွန္အစည္းအေဝး (၁၅)ရက္ေျမာက္ေန႕တြင္ လမ္းမေတာ္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁) ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚေအးေအးမာက “ရန္ကုန္တိုင္းေဒသႀကီး အတြင္းရိွ ေက်ာင္းမ်ား၌ ေက်ာင္းဖြင့္ခိ်န္ကာလမ်ားအတြင္း ကေလးမ်ားက်န္းမာေရးစစ္ေဆးမႈနွင့္ပတ္သက္ျပီး က်န္းမာေရးဦးစီးဌာနနွင့္ ေက်ာင္းမွတာဝန္ရိွသူမ်ား ပူးေပါင္းလ်က္ မည္ကဲ့သို႕ေဆာင္ရြက္သည္ကို သိရိွလိုပါေၾကာင္း၊ ေက်ာင္းက်န္းမာေရး ေဆာင္ရြက္မႈမ်ားအတြက္ မူဝါဒမ်ား ခ်မွတ္ျခင္းမ်ားရိွပါသလား၊ ေက်ာင္းသား/သူ မ်ားကို တစ္နွစ္တြင္ ဘယ္နွစ္ႀကိမ္စစ္ေဆးေပးပါသည္ကို ” ေမးျမန္းရာ လူမွဳေရးဝန္ႀကီး ဦးႏိုင္ငံလင္းက “ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ေက်ာင္းမ်ားတြင္ ေက်ာင္းဖြင့္ခ်ိန္ကာလမ်ားအတြင္း ကေလးမ်ား က်န္းမာေရးစစ္ေဆးမႈႏွင့္ ပတ္သက္ၿပီး က်န္းမာေရးဦးစီးဌာနႏွင့္ ေက်ာင္းမွ တာ၀န္ရွိသူမ်ားပူးေပါင္းလ်က္ ေက်ာင္းက်န္းမာေရးေဆာင္ရြက္မႈမ်ားအတြက္ ေအာက္ပါရည္ရြယ္ခ်က္မ်ားျဖင့္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္လ်က္ရွိပါေၾကာင္း၊ အေျခခံပညာေက်ာင္းမ်ားရွိ ေက်ာင္းသားလူငယ္မ်ား၏ က်န္းမာေရး အဆင့္အတန္းကို ျမႇင့္တင္ရန္ဟု ေယဘူယ်ရည္ရြယ္ခ်က္ထားရွိၿပီး ဝိေသသရည္ရြယ္ခ်က္မ်ား ျဖစ္ေသာေက်ာင္းသားလူငယ္မ်ား က်န္းမာေရးႏွင့္ ညီၫြတ္သည့္ လူေနမႈဘ၀ပံုစံမ်ား သိရွိက်င့္သံုး စြဲၿမဲေစရန္၊ ေက်ာင္းသားလူငယ္မ်ား၊ ပညာေရး၀န္ထမ္းမ်ားႏွင့္ ေက်ာင္းရွိလူအားလံုးအား က်န္းမာေရးအဆင့္ ျမႇင့္ေက်ာင္းလုပ္ငန္းစဥ္မ်ား (Healths Promoting School Approach) အတိုင္း က်န္းမာေရးေစာင့္ေရွာက္မႈေပးရန္၊ ေက်ာင္းက်န္းမာေရးလုပ္ငန္းမွ တစ္ဆင့္ တစ္မ်ိဳးသားလံုး က်န္းမာေရး အဆင့္ျမႇင့္မား တိုးတက္လာေစရန္ ျဖစ္ပါေၾကာင္း၊ေက်ာင္းက်န္းမာေရးလုပ္ငန္းမ်ား ေဆာင္ရြက္ရာတြင္ အဓိက ဦးေဆာင္ရမည့္ အခန္းက႑၌ ေက်ာင္းအုပ္ႀကီးမ်ား ပါ၀င္ေနၿပီး ေန႔စဥ္၊ အပတ္စဥ္၊ လစဥ္ႏွင့္ အခါအားေလ်ာ္စြာ ေဆာင္ရြက္ရမည့္လုပ္ငန္းမ်ားဟု ေယဘူယ်အားျဖင့္ ေအာက္ပါအတိုင္းက႑ခြဲကာ ေဆာင္ရြက္ၾကရပါမည္ ျဖစ္ပါေၾကာင္း၊ေက်ာင္းသားမ်ား၏ တစ္ကိုယ္ေရသန္႕ရွင္းေရး၊ စာသင္ခန္းအတြင္း/အျပင္ ႏွင့္ ေက်ာင္းပတ္၀န္းက်င္ သန္႕ရွင္းေရး၊ အမႈိက္ပံုးမ်ားထားရွိ၍ စနစ္တက် စြန္႕ပစ္ျခင္း၊ ျခံဳႏြယ္ပိတ္ေပါင္းမ်ား ရွင္းလင္းျခင္းတို႔တြင္ ေက်ာင္းသား/ေက်ာင္းသူမ်ား လက္ေတြ႕ပါ၀င္ ေဆာင္ရြက္ေစေရး၊ ေသာက္သံုးေရလံုေလာက္စြာရရွိေရး၊ မူလတန္းမ်ား အဟာရဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား ေန႔စဥ္ေဆာင္ရြက္ေစေရး၊ ေက်ာင္းေစ်းဆိုင္မ်ား သန္႕ရွင္းစြာ ေရာင္းခ်မႈ ရွိေစေရး၊ ဘ၀တြက္တာကၽြမ္းက်င္စရာ ဘာသာရပ္မွ က်န္းမာေရးအသိပညာမ်ား ေဆြးေႏြးသင္ၾကားေစေရး၊ ကာယပညာကို သင္႐ိုးၫႊန္းတမ္းအတိုင္း သင္ၾကားေစေရး၊ပညာေပးေဟာေျပာပြဲမ်ားကို အခါအားေလ်ာ္စြာ စီစဥ္ေဆာင္ရြက္ေရး၊ က်န္းမာေရးစစ္ေဆးေပးရန္ ေဒသႏၲရက်န္းမာေရးအဖြဲ႔ႏွင့္ ပူးေပါင္းေဆာင္ရြက္ေရး၊ ၿမိဳ႕နယ္ေက်ာင္းက်န္းမာေရးေကာ္မတီႏွင့္ အခါအားေလ်ာ္စြာ ညႇိနႈိင္းေဆာင္ရြက္ေရး၊ ကူးစပ္ေရာဂါျဖစ္ေနလွ်င္(သို႔) ျဖစ္ပြားသည္ကို သံသယရွိလွ်င္ က်န္းမာေရးဌာနသို႔ အျမန္သတင္းပို႔ ဆက္သြယ္ေဆာင္ရြက္ေစေရး၊ ေက်ာင္းသား/သူမ်ားပါ၀င္၍ ေရာဂါကာကြယ္ေရးႏွင့္ ပတ္သက္သည့္ က်န္းမာေရးအသိပညာမ်ား အခ်ိန္မီရရွိႏိုင္ေအာင္ စီစဥ္ေပးေရး၊ေက်ာင္းသား/သူမ်ားပါ၀င္၍ ေရာဂါကာကြယ္ေရးႏွင့္ ေက်ာင္း၀န္းက်င္သန္႕ရွင္းေရးကို အခ်ိန္မီ ေဆာင္ရြက္ေရး၊ေက်ာင္းတြင္းအေရးေပၚ က်န္းမာေရးျပႆနာမ်ား (ဥပမာ- အစာအဆိပ္သင့္/၀မ္းပ်က္၀မ္းေလ်ာစသည္) အစုလိုက္အျပံဳလိုက္ ျဖစ္ပြားပါက က်န္းမာေရးဌာနမ်ားအား ဖိတ္ၾကားေဆာင္ရြက္ေရးတို႔ကို ညႇိႏႈိင္းေပါင္းစပ္ေဆာင္ၾကမည္ ျဖစ္ပါေၾကာင္း၊ေက်ာင္းသား/ေက်ာင္းသူမ်ားအား က်န္းမာေရးစစ္ေဆးမႈကို တစ္ႏွစ္လွ်င္ (၂)ႀကိမ္ စစ္ေဆးပါေၾကာင္း၊က်န္းမာေရးေစာင့္ေရွာက္မႈ လိုအပ္ေနေသာ ကေလးမ်ားအတြက္ ေအာက္ပါအတိုင္း ေဆာင္ရြက္ေစပါေၾကာင္း၊ေက်ာင္းသား/ေက်ာင္းသူမ်ား တစ္ကိုယ္ေရ သန္႕ရွင္းေရးႏွင့္ သြားက်န္းမာေရးစစ္ေဆးျခင္း၊ ေက်ာင္းသား/သူမ်ား ေပါင္ခ်ိန္၊ အရပ္တိုင္းစစ္ေဆးျခင္း၊ ေသြးအားနည္းမႈ မရွိေစရန္ သံဓာတ္အားေဆး တိုက္ေကၽြးျခင္း၊ အခါအားေလ်ာ္စြာ က်န္းမာေရးဌာန၏ ခြင့္ျပဳခ်က္ျဖင့္ က်န္းမာေရးႏွင့္ ညီၫႊတ္ေသာ ႏြားႏို႔မ်ား တိုက္ေကၽြးျခင္း၊ ေက်ာင္းသား/သူမ်ားအား ရာသီတုပ္ေကြးေရာဂါမ်ား မျဖစ္ေစရန္ ႀကိဳတင္စီမံ ထားရွိျခင္း၊ ကူးစက္ေရာဂါႏွင့္ မကူးစက္တတ္ေသာ ေရာဂါမ်ားအေၾကာင္း ေဟာေျပာပြဲမ်ား က်င္းပ၍ အသိပညာ ေပးျခင္း၊ေက်ာင္းတြင္း ကူးစက္ေရာဂါလကၡဏာကို သံသယရွိပါက နီးစပ္ရာ ၿမိဳ႕နယ္က်န္းမာေရး ေဆးေပးခန္းႏွင့္ ေဆးခန္းမ်ားသို႔ ပို႔ေဆာင္ ဆက္သြယ္ေပးျခင္း တို႔ကို ေဆာင္ရြက္ေစပါေၾကာင္း၊ထို႔အျပင္ က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနႏွင့္ ပညာေရး၀န္ႀကီးဌာနသို႔ ပူးေပါင္းအေကာင္အထည္ေဖာ္ ေဆာင္ရြက္မည့္ က်န္းမာေရးအဆင့္ျမႇင့္ ေက်ာင္းလုပ္ငန္းမ်ား အရွိန္အဟုန္ျမႇင့္တင္ေရး အမ်ိဳးသားအဆင့္ႏွီးေႏွာဖလွယ္ပြဲကို ေနျပည္ေတာ္တြင္ (၁၂-၆-၂၀၁၉)မွ (၁၃-၆-၂၀၁၉)ထိ MICC-2 တြင္ လည္းေကာင္း၊ ရန္ကုန္တိုင္းေဒသႀကီးအဆင့္ ေက်ာင္းက်န္းမာေရးႏွင့္ ဆယ္ေက်ာ္သက္လူငယ္ က်န္းမာေရးဆင့္ပြားသင္တန္းကို (၅-၆-၂၀၁၉) မွ (၆-၆-၂၀၁၉)ရက္ေန႔တြင္ အေရွ႕ပိုင္းခ႐ိုင္ႏွင့္ ေျမာက္ပိုင္းခ႐ိုင္တို႔တြင္လည္းေကာင္း၊ (၉-၆-၂၀၁၉)မွ (၁၀-၆-၂၀၁၉)ရက္ေန႔တြင္ အေနာက္ပိုင္းခ႐ိုင္ႏွင့္ ေတာင္ပိုင္း ခ႐ိုင္တို႔တြင္လည္းေကာင္း၊ ခ႐ိုင္ႏွင့္ ၿမိဳ႕နယ္ပညာေရးမွဴးမ်ား ေက်ာင္းက်န္းမာေရးတာ၀န္ခံ ဆရာ/ဆရာမမ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္ခဲ့ပါေၾကာင္း၊ ၿမိဳ႕နယ္အဆင့္ ဆင့္ပြားသင္တန္းမ်ားကို ဆက္လက္ျပဳလုပ္၍ ၿမိဳ႕နယ္တြင္းရွိ အေျခခံပညာေက်ာင္းမ်ား၊ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းမ်ား ကိုယ္ပိုင္ေက်ာင္းမ်ားမွ ေက်ာင္းက်န္းမာေရးတာ၀န္ခံ ဆရာ/မမ်ားႏွင့္ အေျခခံက်န္းမာေရး၀န္ထမ္းမ်ား သင္တန္းမ်ား တက္ေရာက္ခဲ့ၾကပါသည္။ ႏွစ္စဥ္ ၾသဂုတ္လ (ပထမပတ္)တြင္ ေက်ာင္းက်န္းမာေရး သီတင္းပတ္အျဖစ္ အရပ္တိုင္းျခင္း၊ ေပါင္ခ်ိန္တိုင္းျခင္းႏွင့္ အာဟာရအုပ္စုအလိုက္ စားသံုးရန္ ကိစၥရပ္မ်ား ေဟာေျပာျခင္းကို ႏွစ္စဥ္ ေဆာင္ရြက္လ်က္ရွိပါေၾကာင္း၊ ၁၉၂၁ ခုႏွစ္တြင္ ျမန္မာႏိုင္ငံ၌္ ေက်ာင္းက်န္းမာေရးလုပ္ငန္းကို စတင္ေဆာင္ရြက္ခဲ့ပါေၾကာင္း၊ ၁၉၅၁ ခုႏွစ္တြင္ ေက်ာင္းက်န္းမာေရးလုပ္ငန္းကို ေဇာက္ခ်လုပ္ကိုင္ႏိုင္ရန္ ကေလးသူငယ္က်န္းမာေရးဌာနကို ဖြဲ႕စည္းခဲ့ပါေၾကာင္း၊ ၁၉၅၃ ခုႏွစ္တြင္ မိခင္ကေလးႏွင့္ ေက်ာင္းက်န္းမာေရးဌာနကို က်န္းမာေရး ၫႊန္ၾကားေရးစနစ္ လက္ေအာက္၌ ဖြင့္လွစ္တည္ေထာင္ၿပီး ပညာေပးေဆာင္ရြက္သည့္ မူစနစ္သို႕ ေရာက္ရွိခဲ့ပါေၾကာင္း၊ ၁၉၅၁ ခုႏွစ္မွ ၁၉၆၆ ခုႏွစ္အတြင္းၿမိဳ႕ႀကီးမ်ားတြင္ ေက်ာင္းက်န္းမာေရးအဖြဲ႕မ်ား ဖြဲ႕စည္းခဲ့ရာ စုစုေပါင္းအဖြဲ႕ (၈၀) ရွိခဲ့ပါေၾကာင္း၊ ၁၉၉၆ ခုႏွစ္မွစတင္၍ ၿမိဳ႕နယ္တိုင္းတြင္ ေက်ာင္းက်န္းမာေရးအဖြဲ႕ရွိသည္ ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ၊ ၿမိဳ႕နယ္က်န္းမာေရး ဦးစီးဌာနမွဴးမွ တာဝန္ယူ၍ အေျခခံက်န္းမာေရးဝန္ထမ္းမ်ားကို နယ္ေျမအလိုက္ ေက်ာင္းက်န္းမာေရးလုပ္ငန္း တာဝန္မ်ား ခြဲေဝ၍ ေဆာင္ရြက္လ်က္ရွိပါေၾကာင္း၊ ၇.၃.၂၀၁၉ ရက္ေန႕တြင္ အသစ္တိုးခ်ဲ႕ ဖြဲ႕စည္းခြင့္ျပဳေသာ ျပည္သူ႕က်န္းမာေရး ဦးစီးဌာန ဖြဲ႕စည္းပံုအသစ္အရ ၿမိဳ႕နယ္မ်ားတြင္ ၿမိဳ႕နယ္ျပည္သူ႕က်န္းမာေရးဦးစီးဌာန၏ ဦးေဆာင္မွဳျဖင့္ ဦးစီးအရာရွိ (မိခင္ကေလး၊ ေက်ာင္းက်န္းမာ၊ အာဟာရ) ႏွင့္အတူ ေက်ာင္းသူနာျပဳဆရာမႀကီးႏွင့္ ေက်ာင္းလူမွဳဆက္ဆံေရးမွဴး စုစုေပါင္း ၄ ဦးမွ တာဝန္ယူ ေဆာင္ရြက္လ်က္ရွိပါေၾကာင္း၊ ၂၀၁၆ ခုႏွစ္တြင္ ၿပီးျပည့္စံုေသာ ေက်ာင္းက်န္းမာေရး မဟာဗ်ဴဟာစီမံကိန္း ၂၀၁၇-၂၀၂၁ ေရးဆြဲႏိုင္ခဲ့ပါေၾကာင္း၊ ၂၀၁၆-၂၀၁၇ ပညာသင္ႏွစ္တြင္ ေက်ာင္းက်န္းမာေရး လက္စြဲစာအုပ္ ျပန္လည္ျပင္ဆင္ ေရးသားခဲ့ပါေၾကာင္း၊ ေက်ာင္းက်န္းမာေရးေကာ္မတီ အဆင့္ဆင့္ကိုလည္း ၂၀၁၈ ခုႏွစ္တြင္ျပန္လည္ ျပင္ဆင္ဖြဲ႕စည္းရန္ ေဆာင္ရြက္ခဲ့ပါေၾကာင္း၊ ေက်ာင္းက်န္းမာေရး ေဆာင္ရြက္မွဳမ်ားအတြက္ ေက်ာင္းက်န္းမာေရးဝန္ထမ္းမ်ား၏ တာဝန္ႏွင့္ဝတၱရားမ်ားႏွင့္ ပညာေရးဝန္ထမ္းမ်ား၏ ေက်ာင္းက်န္းမာေရး တာဝန္ဝတၱရားမ်ားအား မိမိတို႕ေဆာင္ရြက္ရမည့္ အခန္းက႑အေနျဖင့္ ေက်ာင္းက်န္းမာေရး လက္စြဲစာအုပ္တြင္ သတ္မွတ္ျပ႒ာန္း၍ လုပ္ငန္းေဆာင္ရြက္လ်က္ ရွိပါေၾကာင္း၊ ေက်ာင္းက်န္းမာေရး ေဆာင္ရြက္မွဳအေနျဖင့္ က်န္းမာေရးအဆင့္ျမႇင့္ ေက်ာင္းလုပ္ငန္းစဥ္ (၉) ရပ္အားျပည္သူ႕က်န္းမာေရး ဦးစီးဌာန၊ ေက်ာင္းက်န္းမာေရးဌာနခြဲမွ ဦးေဆာင္ၿပီး ပညာေရးဌာနႏွင့္ ပူးေပါင္းေဆာင္ရြက္လ်က္ရွိပါေၾကာင္း၊ ေက်ာင္းလုပ္ငန္းစဥ္ (၉) ရပ္မွာ ေက်ာင္းအေျချပဳက်န္းမာေရးအသိပညာျမႇင့္တင္ေရးလုပ္ငန္း၊ ေက်ာင္းပတ္ဝန္းက်င္ သန္႕ရွင္းေရးလုပ္ငန္း၊ ေရာဂါကာကြယ္ေရးလုပ္ငန္း၊ ေက်ာင္းတြင္ အာဟာရဖြံ႕ၿဖိဳးေရးႏွင့္အစားအစာမ်ား အႏၲရာယ္ကင္းေဝး ေရးလုပ္ငန္း၊ ေက်ာင္းက်န္းမာေရးေစာင့္ေရွာက္မွဳလုပ္ငန္း၊ ျပည္သူလူထု၏ ပူးေပါင္းပါဝင္မွဳႏွင့္ ေက်ာင္းမွ ျပည္သူတြင္းသို႕ မူမွန္လူေနမွဳဘဝဟန္မ်ား ေရာက္ရွိေရးလုပ္ငန္း၊ ႏွစ္သိမ့္ပညာေပးေဆြးေႏြးျခင္း ႏွင့္ လူမွဳေရး ပံ့ပိုးမွဳလုပ္ငန္း၊ သင္တန္းႏွင့္ သုေတသနလုပ္ငန္း၊ ကာယပညာႏွင့္အားကစားလုပ္ငန္းတို႕ျဖစ္ပါေၾကာင္း၊ ေက်ာင္းက်န္းမာေရး ေဆာင္ရြက္မွဳမ်ားအတြက္ မူဝါဒမ်ား ခ်မွတ္ျခင္းမရွိေသးေသာ္လည္း ခ်မွတ္ႏိုင္ရန္ ျပင္ဆင္လ်က္ရွိပါေၾကာင္း၊ ေက်ာင္းက်န္းမာေရးလုပ္ငန္းမ်ား ပိုမိုေအာင္ျမင္စြာ ေဆာင္ရြက္ႏိုင္ရန္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ ျပည္သူ႕က်န္းမာေရးဦးစီးဌာန၊ ေက်ာင္းက်န္းမာေရး ဌာနခြဲမွ ပညာေရးမွဴးမ်ားအား ဆရာျဖစ္သင္တန္းပို႕ခ်ျခင္းအား (၂၀၁၈)ခုႏွစ္တြင္ ျပဳလုပ္ခဲ့ပါေၾကာင္း။ ရန္ကုန္တိုင္းေဒသႀကီး အေနျဖင့္ ဆရာျဖစ္သင္တန္းတက္ေရာက္ခဲ့သည့္ ေက်ာင္းက်န္းမာေရး တာဝန္ခံဆရာဝန္မ်ားႏွင့္ ပညာေရးမွဴးမ်ားမွ တိုင္းေဒသႀကီးအဆင့္ ဆင့္ပြားသင္တန္းအား ၿမိဳ႕နယ္မ်ားမွ ေက်ာင္းက်န္းမာေရးတာဝန္ခံ ဆရာဝန္၊ သြားဆရာဝန္၊ သူနာျပဳ ဆရာမႀကီးမ်ားႏွင့္ၿမိဳ႕နယ္ ပညာေရးမွဴးမ်ားအား သင္တန္းျပန္လည္ပို႕ခ်ခဲ့ပါေၾကာင္း၊ ၂၀၁၈ ခုႏွစ္တြင္ တစ္ႀကိမ္ ၂၀၁၉ ခုႏွစ္တြင္ တစ္ႀကိမ္သင္တန္းပို႕ခ်ခဲ့ျခင္းျဖစ္ပါေၾကာင္း၊ သင္တန္းရရွိၿပီးေသာ ၿမိဳ႕နယ္မ်ားမွ ေက်ာင္းက်န္းမာေရးဆရာဝန္၊ သြားဆရာဝန္၊ သူနာျပဳဆရာမႀကီးမ်ားႏွင့္ ပညာေရးမွဴးမ်ားမွ မိမိတို႕ၿမိဳ႕နယ္အဆင့္တြင္ အေျခခံပညာေက်ာင္းမ်ား၊ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းမ်ား၊ ပုဂၢလိကေက်ာင္းမ်ားမွ ေက်ာင္းအုပ္ႀကီးႏွင့္ ေက်ာင္းက်န္းမာေရး တာဝန္ခံ ဆရာ/ဆရာမ မ်ားအား သင္တန္းျပန္လည္ပို႕ခ်ခဲ့ပါေၾကာင္း ၊ က်န္းမာေရးအဆင့္ျမႇင့္ ေက်ာင္းမ်ား ထူေထာင္ရန္ လုပ္ငန္းစဥ္(၉) ရပ္အား ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ႏိုင္ရန္ ၿမိဳ႕နယ္မ်ားမွ မိမိတို႕ေဒသႏွင့္ေလ်ာ္ညီေသာ၊ အျဖစ္မ်ားေသာ က်န္းမာေရးျပႆနာမ်ားအေပၚ မူတည္၍ အႏုစိတ္စီမံခ်က္မ်ားေရးဆြဲ၍ ပညာေရးဝန္ထမ္းမ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္လ်က္ရွိပါေၾကာင္း၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ေက်ာင္းက်န္းမာေရးစစ္ေဆးမွဳ အေနျဖင့္ ၿမိဳ႕နယ္ျပည္သူ႕က်န္းမာေရးဦးစီးဌာနမွဴး၏ ႀကီးၾကပ္မွဳျဖင့္ ေက်ာင္းက်န္းမာေရး တာဝန္ခံဆရာဝန္၊ သြားဆရာဝန္ႏွင့္ဆရာမမ်ားမွ တစ္ႏွစ္လွ်င္ တစ္ေက်ာင္းလ်င္ အနည္းဆံုး (၁)ႀကိမ္ သြားေရာက္ စစ္ေဆးေပးလ်က္ရွိပါေၾကာင္း၊ ၿမိဳ႕ေပၚႏွင့္ ေက်းလက္ကြာျခားမွဳအရ အေရွ႕ပိုင္းႏွင့္အေနာက္ပိုင္း ခ႐ိုင္အတြင္းရွိ ၿမိဳ႕ေပၚၿမိဳ႕နယ္မ်ားတြင္ ေက်ာင္းအေရအတြက္ နည္းသျဖင့္ တစ္ႏွစ္လွ်င္(၂)ႀကိမ္၊ (၃)ႀကိမ္ခန္႕ သြားေရာက္စစ္ေဆး ႏိုင္ေသာ္လည္း ေက်းလက္ေဒသ မ်ားျပားသည့္ ေတာင္ပိုင္းႏွင့္ ေျမာက္ပိုင္းခ႐ိုင္မ်ားတြင္ (၁) ႀကိမ္ခန္႕သာ ေရာက္ရွိ ေဆာင္ရြက္ႏိုင္ပါေၾကာင္း၊ ေက်းလက္က်န္းမာေရးဌာန လက္ေအာက္ရွိ စာသင္ေက်ာင္းမ်ားအား က်န္းမာေရး၊ အမ်ိဳးသမီးက်န္းမာေရး ဆရာမ ဦးေဆာင္ေသာအဖြဲ႕မွ သြားေရာက္စစ္ေဆးေပးလ်က္ရွိၿပီး ေက်းလက္က်န္းမာေရး ဌာနခြဲ လက္ေအာက္ရွိ စာသင္ေက်ာင္းမ်ားအား သားဖြားဆရာမႏွင့္ ျပည္သူ႕က်န္းမာေရး ႀကီးၾကပ္ (၂) ပါဝင္ေသာ အဖြဲ႕မွ သြားေရာက္ စစ္ေဆးေပးလ်က္ရွိပါေၾကာင္း၊ ေက်ာင္းက်န္းမာေရး ဝန္ထမ္းအင္အားႏွင့္ ေက်ာင္းအေရအတြက္ေပၚ မူတည္၍ ေက်ာင္းက်န္းမာေရး စစ္ေဆးျခင္း ကြင္းဆင္းေဆာင္ရြက္ရာတြင္ သြားႏွင့္ခံတြင္းက်န္းမာေရး စစ္ေဆးျခင္း၊ ကိုယ္ခႏၶာ ႀကီးထြားဖြံ႕ၿဖိဳးမွဳ စစ္ေဆးေပးျခင္းအား အဓိကေဆာင္ရြက္ေပးလ်က္ရွိပါေၾကာင္း၊ က်န္းမာေရးေစာင့္ေရွာက္မွဳ လိုအပ္ေနေသာ ကေလးမ်ားအတြက္ ေက်ာင္းက်န္းမာေရး တာဝန္ခံဆရာမမ်ားမွ က်န္းမာေရးဌာနႏွင့္ ဆက္သြယ္ေဆာင္ရြက္လ်က္ရွိပါေၾကာင္း၊ ေက်ာင္းမ်ားတြင္ ေက်ာင္းက်န္းမာေရးတာဝန္ခံ ဆရာ/ဆရာမ်ား ခန္႕အပ္ထားၿပီး က်န္းမာေရးဌာနႏွင့္ ပူးေပါင္းေဆာင္ရြက္ျခင္းျဖစ္ပါေၾကာင္း၊ က်န္းမာေရးဌာနမွ ေက်ာင္းက်န္းမာေရး စစ္ေဆးစဥ္ ေတြ႕ရွိရသည့္ က်န္းမာေရးေစာင့္ေရွာက္ရန္လိုအပ္ေသာ ကေလးမ်ားအား ေက်ာင္းက်န္းမာေရး ဆရာ/ဆရာမ မွတစ္ဆင့္ မိဘမ်ားႏွင့္ ဆက္သြယ္၍ က်န္းမာေရးေစာင့္ေရွာက္မွဳ ခံယူႏိုင္ရန္ ေဆာင္ရြက္ေပးလ်က္ရွိပါေၾကာင္း၊ ေက်ာင္းမ်ားသို႕ က်န္းမာေရးဝန္ထမ္းမ်ားမွ ေန႕စဥ္ထိေတြ႕မွဳ မရွိသျဖင့္ ေက်ာင္းအုပ္ႀကီးႏွင့္ ေက်ာင္းက်န္းမာေရး တာဝန္ခံဆရာ/ဆရာမမ်ားအား ေက်ာင္းသင္ခန္းစာ သင္ၾကားပို႕ခ်ေနစဥ္တြင္ တစ္ပါတည္း ေက်ာင္းသား/ေက်ာင္းသူမ်ား၏ အေထြေထြက်န္းမာေရးလကၡဏာမ်ားကို စစ္ေဆးႏိုင္ရန္ ၊ အေျခခံက်န္းမာေရးစစ္ေဆးမွဳမ်ား လုပ္ေဆာင္ႏိုင္ရန္ ႏွင့္ က်န္းမာေရးလကၡဏာေတြ႕ရွိေသာ ေက်ာင္းသားေက်ာင္းသူမ်ား ေဆးကုသမွဳခံယူႏိုင္ရန္အတြက္ မိဘမ်ားထံ အေၾကာင္းၾကားျခင္းႏွင့္ က်န္းမာေရးဝန္ထမ္းမ်ားထံ ဆက္သြယ္ေဆာင္ရြက္ႏိုင္ရန္ သင္တန္းမ်ားပို႕ခ်၍ ေက်ာင္းက်န္းမာေရး လက္စြဲစာအုပ္တြင္ ထည့္သြင္းျပ႒ာန္းထားပါေၾကာင္း၊ ေက်ာင္းက်န္းမာေရးစစ္ေဆးျခင္းမွ ေရာဂါလကၡဏာ တစ္ခုခုေတြ႕ရွိ၍ က်န္းမာေရးေစာင့္ေရွာက္မွဳ လိုအပ္ေနေသာ ကေလးမ်ားအား တစ္ထိုင္တည္း ကုသေပးႏိုင္ေသာ ေရာဂါမ်ားကို ကုသျခင္း၊ လိုအပ္ပါက နီးစပ္ရာ က်န္းမာေရးဌာန (ေဆးခန္း၊ ေဆးရံု)မ်ားသို႕ လႊဲေျပာင္းျခင္းႏွင့္ အထူးကုဆရာဝန္ႀကီးမ်ားထံ လႊဲေျပာင္းျခင္းတို႕ကို ေဆာင္ရြက္ေပးလ်က္ရွိပါေၾကာင္း၊ က်န္းမာေရးဌာနမ်ား (သို႕မဟုတ္) အထူးကုဆရာဝန္ႀကီးမ်ားႏွင့္ ေဆးကုသမွဳ ခံယူၿပီးပါက ေရာဂါအမည္မ်ား မွတ္တမ္းတင္ျခင္း၊ ရက္ခ်ိန္းျပန္လည္ျပသျခင္း၊ ဆက္လက္လႊဲေျပာင္း ေပးျခင္း၊ ေနာက္ဆက္တြဲ (ေရတို/ေရရွည္) ေဆးကုသမွဳ ခံယူျခင္းတို႕ မပ်က္မကြက္ေဆာင္ရြက္ႏိုင္ရန္အတြက္ ေက်ာင္းက်န္းမာေရးဆရာဝန္၊ အတန္းပိုင္ဆရာ ၊ ဆရာမ်ားႏွင့္ မိဘ အုပ္ထိန္းသူမ်ားအား ခ်ိတ္ဆက္ေဆာင္ရြက္ျခင္းတို႕ ေဆာင္ရြက္လ်က္ရွိပါေၾကာင္း၊ေက်ာင္းသား မိဘ၊ ဆရာမ်ားမွ က်န္းမာေရးဝန္ထမ္းမ်ားႏွင့္ ပူးေပါင္း၍ တက္ညီလက္ညီ ေဆာင္ရြက္ႏိုင္မွသာ ကိုယ္စိတ္က်န္းမာလူငယ္ဘဝ အနာဂတ္ေတာက္ပႏိုင္ငံအလွ ဆိုသကဲ့သို႕ ႏိုင္ငံသားေကာင္း ရတနာမ်ားကို ေမြးထုတ္ေပးႏိုင္မည္ျဖစ္ပါေၾကာင္း ” ျပန္လည္ေျဖၾကားခဲ့ပါသည္။
 
(unicode)
ရန်ကုန်၊ ဇူလိုင်လ၊ ၁၂ ရက်၊ ၂၀၁၉
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့တွင် လမ်းမတော်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမာက “ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျောင်းများ၌ ကျောင်းဖွင့်ချိန်ကာလများအတွင်း ကလေးများကျန်းမာရေးစစ်ဆေးမှုနှင့်ပတ်သက်ပြီး ကျန်းမာရေးဦးစီးဌာနနှင့် ကျောင်းမှတာဝန်ရှိသူများ ပူးပေါင်းလျက် မည်ကဲ့သို့ဆောင်ရွက်သည်ကို သိရှိလိုပါကြောင်း၊ ကျောင်းကျန်းမာရေး ဆောင်ရွက်မှုများအတွက် မူဝါဒများ ချမှတ်ခြင်းများရှိပါသလား၊ ကျောင်းသား/သူ များကို တစ်နှစ်တွင် ဘယ်နှစ်ကြိမ်စစ်ဆေးပေးပါသည်ကို ” မေးမြန်းရာ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက “ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်းများတွင် ကျောင်းဖွင့်ချိန်ကာလများအတွင်း ကလေးများ ကျန်းမာရေးစစ်ဆေးမှုနှင့် ပတ်သက်ပြီး ကျန်းမာရေးဦးစီးဌာနနှင့် ကျောင်းမှ တာ၀န်ရှိသူများပူးပေါင်းလျက် ကျောင်းကျန်းမာရေးဆောင်ရွက်မှုများအတွက် အောက်ပါရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံပညာကျောင်းများရှိ ကျောင်းသားလူငယ်များ၏ ကျန်းမာရေး အဆင့်အတန်းကို မြှင့်တင်ရန်ဟု ယေဘူယျရည်ရွယ်ချက်ထားရှိပြီး ဝိသေသရည်ရွယ်ချက်များ ဖြစ်သောကျောင်းသားလူငယ်များ ကျန်းမာရေးနှင့် ညီညွတ်သည့် လူနေမှုဘ၀ပုံစံများ သိရှိကျင့်သုံး စွဲမြဲစေရန်၊ ကျောင်းသားလူငယ်များ၊ ပညာရေး၀န်ထမ်းများနှင့် ကျောင်းရှိလူအားလုံးအား ကျန်းမာရေးအဆင့် မြှင့်ကျောင်းလုပ်ငန်းစဉ်များ (Healths Promoting School Approach) အတိုင်း ကျန်းမာရေးစောင့်ရှောက်မှုပေးရန်၊ ကျောင်းကျန်းမာရေးလုပ်ငန်းမှ တစ်ဆင့် တစ်မျိုးသားလုံး ကျန်းမာရေး အဆင့်မြှင့်မား တိုးတက်လာစေရန် ဖြစ်ပါကြောင်း၊ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိက ဦးဆောင်ရမည့် အခန်းကဏ္ဍ၌ ကျောင်းအုပ်ကြီးများ ပါ၀င်နေပြီး နေ့စဉ်၊ အပတ်စဉ်၊ လစဉ်နှင့် အခါအားလျော်စွာ ဆောင်ရွက်ရမည့်လုပ်ငန်းများဟု ယေဘူယျအားဖြင့် အောက်ပါအတိုင်းကဏ္ဍခွဲကာ ဆောင်ရွက်ကြရပါမည် ဖြစ်ပါကြောင်း၊ကျောင်းသားများ၏ တစ်ကိုယ်ရေသန့်ရှင်းရေး၊ စာသင်ခန်းအတွင်း/အပြင် နှင့် ကျောင်းပတ်၀န်းကျင် သန့်ရှင်းရေး၊ အမှိုက်ပုံးများထားရှိ၍ စနစ်တကျ စွန့်ပစ်ခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်းတို့တွင် ကျောင်းသား/ကျောင်းသူများ လက်တွေ့ပါ၀င် ဆောင်ရွက်စေရေး၊ သောက်သုံးရေလုံလောက်စွာရရှိရေး၊ မူလတန်းများ အဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ နေ့စဉ်ဆောင်ရွက်စေရေး၊ ကျောင်းဈေးဆိုင်များ သန့်ရှင်းစွာ ရောင်းချမှု ရှိစေရေး၊ ဘ၀တွက်တာကျွမ်းကျင်စရာ ဘာသာရပ်မှ ကျန်းမာရေးအသိပညာများ ဆွေးနွေးသင်ကြားစေရေး၊ ကာယပညာကို သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားစေရေး၊ပညာပေးဟောပြောပွဲများကို အခါအားလျော်စွာ စီစဉ်ဆောင်ရွက်ရေး၊ ကျန်းမာရေးစစ်ဆေးပေးရန် ဒေသန္တရကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရေး၊ မြို့နယ်ကျောင်းကျန်းမာရေးကော်မတီနှင့် အခါအားလျော်စွာ ညှိနှိုင်းဆောင်ရွက်ရေး၊ ကူးစပ်ရောဂါဖြစ်နေလျှင်(သို့) ဖြစ်ပွားသည်ကို သံသယရှိလျှင် ကျန်းမာရေးဌာနသို့ အမြန်သတင်းပို့ ဆက်သွယ်ဆောင်ရွက်စေရေး၊ ကျောင်းသား/သူများပါ၀င်၍ ရောဂါကာကွယ်ရေးနှင့် ပတ်သက်သည့် ကျန်းမာရေးအသိပညာများ အချိန်မီရရှိနိုင်အောင် စီစဉ်ပေးရေး၊ကျောင်းသား/သူများပါ၀င်၍ ရောဂါကာကွယ်ရေးနှင့် ကျောင်း၀န်းကျင်သန့်ရှင်းရေးကို အချိန်မီ ဆောင်ရွက်ရေး၊ကျောင်းတွင်းအရေးပေါ် ကျန်းမာရေးပြဿနာများ (ဥပမာ- အစာအဆိပ်သင့်/၀မ်းပျက်၀မ်းလျောစသည်) အစုလိုက်အပြုံလိုက် ဖြစ်ပွားပါက ကျန်းမာရေးဌာနများအား ဖိတ်ကြားဆောင်ရွက်ရေးတို့ကို ညှိနှိုင်းပေါင်းစပ်ဆောင်ကြမည် ဖြစ်ပါကြောင်း၊ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးမှုကို တစ်နှစ်လျှင် (၂)ကြိမ် စစ်ဆေးပါကြောင်း၊ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသော ကလေးများအတွက် အောက်ပါအတိုင်း ဆောင်ရွက်စေပါကြောင်း၊ကျောင်းသား/ကျောင်းသူများ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် သွားကျန်းမာရေးစစ်ဆေးခြင်း၊ ကျောင်းသား/သူများ ပေါင်ချိန်၊ အရပ်တိုင်းစစ်ဆေးခြင်း၊ သွေးအားနည်းမှု မရှိစေရန် သံဓာတ်အားဆေး တိုက်ကျွေးခြင်း၊ အခါအားလျော်စွာ ကျန်းမာရေးဌာန၏ ခွင့်ပြုချက်ဖြင့် ကျန်းမာရေးနှင့် ညီညွှတ်သော နွားနို့များ တိုက်ကျွေးခြင်း၊ ကျောင်းသား/သူများအား ရာသီတုပ်ကွေးရောဂါများ မဖြစ်စေရန် ကြိုတင်စီမံ ထားရှိခြင်း၊ ကူးစက်ရောဂါနှင့် မကူးစက်တတ်သော ရောဂါများအကြောင်း ဟောပြောပွဲများ ကျင်းပ၍ အသိပညာ ပေးခြင်း၊ကျောင်းတွင်း ကူးစက်ရောဂါလက္ခဏာကို သံသယရှိပါက နီးစပ်ရာ မြို့နယ်ကျန်းမာရေး ဆေးပေးခန်းနှင့် ဆေးခန်းများသို့ ပို့ဆောင် ဆက်သွယ်ပေးခြင်း တို့ကို ဆောင်ရွက်စေပါကြောင်း၊ထို့အပြင် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနနှင့် ပညာရေး၀န်ကြီးဌာနသို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်မည့် ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့်နှီးနှောဖလှယ်ပွဲကို နေပြည်တော်တွင် (၁၂-၆-၂၀၁၉)မှ (၁၃-၆-၂၀၁၉)ထိ MICC-2 တွင် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအဆင့် ကျောင်းကျန်းမာရေးနှင့် ဆယ်ကျော်သက်လူငယ် ကျန်းမာရေးဆင့်ပွားသင်တန်းကို (၅-၆-၂၀၁၉) မှ (၆-၆-၂၀၁၉)ရက်နေ့တွင် အရှေ့ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်တို့တွင်လည်းကောင်း၊ (၉-၆-၂၀၁၉)မှ (၁၀-၆-၂၀၁၉)ရက်နေ့တွင် အနောက်ပိုင်းခရိုင်နှင့် တောင်ပိုင်း ခရိုင်တို့တွင်လည်းကောင်း၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများ ကျောင်းကျန်းမာရေးတာ၀န်ခံ ဆရာ/ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းများကို ဆက်လက်ပြုလုပ်၍ မြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းကျန်းမာရေးတာ၀န်ခံ ဆရာ/မများနှင့် အခြေခံကျန်းမာရေး၀န်ထမ်းများ သင်တန်းများ တက်ရောက်ခဲ့ကြပါသည်။ နှစ်စဉ် သြဂုတ်လ (ပထမပတ်)တွင် ကျောင်းကျန်းမာရေး သီတင်းပတ်အဖြစ် အရပ်တိုင်းခြင်း၊ ပေါင်ချိန်တိုင်းခြင်းနှင့် အာဟာရအုပ်စုအလိုက် စားသုံးရန် ကိစ္စရပ်များ ဟောပြောခြင်းကို နှစ်စဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၁၉၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌် ကျောင်းကျန်းမာရေးလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ၁၉၅၁ ခုနှစ်တွင် ကျောင်းကျန်းမာရေးလုပ်ငန်းကို ဇောက်ချလုပ်ကိုင်နိုင်ရန် ကလေးသူငယ်ကျန်းမာရေးဌာနကို ဖွဲ့စည်းခဲ့ပါကြောင်း၊ ၁၉၅၃ ခုနှစ်တွင် မိခင်ကလေးနှင့် ကျောင်းကျန်းမာရေးဌာနကို ကျန်းမာရေး ညွှန်ကြားရေးစနစ် လက်အောက်၌ ဖွင့်လှစ်တည်ထောင်ပြီး ပညာပေးဆောင်ရွက်သည့် မူစနစ်သို့ ရောက်ရှိခဲ့ပါကြောင်း၊ ၁၉၅၁ ခုနှစ်မှ ၁၉၆၆ ခုနှစ်အတွင်းမြို့ကြီးများတွင် ကျောင်းကျန်းမာရေးအဖွဲ့များ ဖွဲ့စည်းခဲ့ရာ စုစုပေါင်းအဖွဲ့ (၈၀) ရှိခဲ့ပါကြောင်း၊ ၁၉၉၆ ခုနှစ်မှစတင်၍ မြို့နယ်တိုင်းတွင် ကျောင်းကျန်းမာရေးအဖွဲ့ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးမှ တာဝန်ယူ၍ အခြေခံကျန်းမာရေးဝန်ထမ်းများကို နယ်မြေအလိုက် ကျောင်းကျန်းမာရေးလုပ်ငန်း တာဝန်များ ခွဲဝေ၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၇.၃.၂၀၁၉ ရက်နေ့တွင် အသစ်တိုးချဲ့ ဖွဲ့စည်းခွင့်ပြုသော ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဖွဲ့စည်းပုံအသစ်အရ မြို့နယ်များတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဦးစီးအရာရှိ (မိခင်ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရ) နှင့်အတူ ကျောင်းသူနာပြုဆရာမကြီးနှင့် ကျောင်းလူမှုဆက်ဆံရေးမှူး စုစုပေါင်း ၄ ဦးမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ပြီးပြည့်စုံသော ကျောင်းကျန်းမာရေး မဟာဗျူဟာစီမံကိန်း ၂၀၁၇-၂၀၂၁ ရေးဆွဲနိုင်ခဲ့ပါကြောင်း၊ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ကျောင်းကျန်းမာရေး လက်စွဲစာအုပ် ပြန်လည်ပြင်ဆင် ရေးသားခဲ့ပါကြောင်း၊ ကျောင်းကျန်းမာရေးကော်မတီ အဆင့်ဆင့်ကိုလည်း ၂၀၁၈ ခုနှစ်တွင်ပြန်လည် ပြင်ဆင်ဖွဲ့စည်းရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ကျောင်းကျန်းမာရေး ဆောင်ရွက်မှုများအတွက် ကျောင်းကျန်းမာရေးဝန်ထမ်းများ၏ တာဝန်နှင့်ဝတ္တရားများနှင့် ပညာရေးဝန်ထမ်းများ၏ ကျောင်းကျန်းမာရေး တာဝန်ဝတ္တရားများအား မိမိတို့ဆောင်ရွက်ရမည့် အခန်းကဏ္ဍအနေဖြင့် ကျောင်းကျန်းမာရေး လက်စွဲစာအုပ်တွင် သတ်မှတ်ပြဋ္ဌာန်း၍ လုပ်ငန်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျောင်းကျန်းမာရေး ဆောင်ရွက်မှုအနေဖြင့် ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ် (၉) ရပ်အားပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကျောင်းကျန်းမာရေးဌာနခွဲမှ ဦးဆောင်ပြီး ပညာရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းလုပ်ငန်းစဉ် (၉) ရပ်မှာ ကျောင်းအခြေပြုကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်း၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်း၊ ရောဂါကာကွယ်ရေးလုပ်ငန်း၊ ကျောင်းတွင် အာဟာရဖွံ့ဖြိုးရေးနှင့်အစားအစာများ အန္တရာယ်ကင်းဝေး ရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုနှင့် ကျောင်းမှ ပြည်သူတွင်းသို့ မူမှန်လူနေမှုဘဝဟန်များ ရောက်ရှိရေးလုပ်ငန်း၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်း နှင့် လူမှုရေး ပံ့ပိုးမှုလုပ်ငန်း၊ သင်တန်းနှင့် သုတေသနလုပ်ငန်း၊ ကာယပညာနှင့်အားကစားလုပ်ငန်းတို့ဖြစ်ပါကြောင်း၊ ကျောင်းကျန်းမာရေး ဆောင်ရွက်မှုများအတွက် မူဝါဒများ ချမှတ်ခြင်းမရှိသေးသော်လည်း ချမှတ်နိုင်ရန် ပြင်ဆင်လျက်ရှိပါကြောင်း၊ ကျောင်းကျန်းမာရေးလုပ်ငန်းများ ပိုမိုအောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေး ဌာနခွဲမှ ပညာရေးမှူးများအား ဆရာဖြစ်သင်တန်းပို့ချခြင်းအား (၂၀၁၈)ခုနှစ်တွင် ပြုလုပ်ခဲ့ပါကြောင်း။ ရန်ကုန်တိုင်းဒေသကြီး အနေဖြင့် ဆရာဖြစ်သင်တန်းတက်ရောက်ခဲ့သည့် ကျောင်းကျန်းမာရေး တာဝန်ခံဆရာဝန်များနှင့် ပညာရေးမှူးများမှ တိုင်းဒေသကြီးအဆင့် ဆင့်ပွားသင်တန်းအား မြို့နယ်များမှ ကျောင်းကျန်းမာရေးတာဝန်ခံ ဆရာဝန်၊ သွားဆရာဝန်၊ သူနာပြု ဆရာမကြီးများနှင့်မြို့နယ် ပညာရေးမှူးများအား သင်တန်းပြန်လည်ပို့ချခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် တစ်ကြိမ် ၂၀၁၉ ခုနှစ်တွင် တစ်ကြိမ်သင်တန်းပို့ချခဲ့ခြင်းဖြစ်ပါကြောင်း၊ သင်တန်းရရှိပြီးသော မြို့နယ်များမှ ကျောင်းကျန်းမာရေးဆရာဝန်၊ သွားဆရာဝန်၊ သူနာပြုဆရာမကြီးများနှင့် ပညာရေးမှူးများမှ မိမိတို့မြို့နယ်အဆင့်တွင် အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ပုဂ္ဂလိကကျောင်းများမှ ကျောင်းအုပ်ကြီးနှင့် ကျောင်းကျန်းမာရေး တာဝန်ခံ ဆရာ/ဆရာမ များအား သင်တန်းပြန်လည်ပို့ချခဲ့ပါကြောင်း ၊ ကျန်းမာရေးအဆင့်မြှင့် ကျောင်းများ ထူထောင်ရန် လုပ်ငန်းစဉ်(၉) ရပ်အား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မြို့နယ်များမှ မိမိတို့ဒေသနှင့်လျော်ညီသော၊ အဖြစ်များသော ကျန်းမာရေးပြဿနာများအပေါ် မူတည်၍ အနုစိတ်စီမံချက်များရေးဆွဲ၍ ပညာရေးဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေးစစ်ဆေးမှု အနေဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ ကြီးကြပ်မှုဖြင့် ကျောင်းကျန်းမာရေး တာဝန်ခံဆရာဝန်၊ သွားဆရာဝန်နှင့်ဆရာမများမှ တစ်နှစ်လျှင် တစ်ကျောင်းလျင် အနည်းဆုံး (၁)ကြိမ် သွားရောက် စစ်ဆေးပေးလျက်ရှိပါကြောင်း၊ မြို့ပေါ်နှင့် ကျေးလက်ကွာခြားမှုအရ အရှေ့ပိုင်းနှင့်အနောက်ပိုင်း ခရိုင်အတွင်းရှိ မြို့ပေါ်မြို့နယ်များတွင် ကျောင်းအရေအတွက် နည်းသဖြင့် တစ်နှစ်လျှင်(၂)ကြိမ်၊ (၃)ကြိမ်ခန့် သွားရောက်စစ်ဆေး နိုင်သော်လည်း ကျေးလက်ဒေသ များပြားသည့် တောင်ပိုင်းနှင့် မြောက်ပိုင်းခရိုင်များတွင် (၁) ကြိမ်ခန့်သာ ရောက်ရှိ ဆောင်ရွက်နိုင်ပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာန လက်အောက်ရှိ စာသင်ကျောင်းများအား ကျန်းမာရေး၊ အမျိုးသမီးကျန်းမာရေး ဆရာမ ဦးဆောင်သောအဖွဲ့မှ သွားရောက်စစ်ဆေးပေးလျက်ရှိပြီး ကျေးလက်ကျန်းမာရေး ဌာနခွဲ လက်အောက်ရှိ စာသင်ကျောင်းများအား သားဖွားဆရာမနှင့် ပြည်သူ့ကျန်းမာရေး ကြီးကြပ် (၂) ပါဝင်သော အဖွဲ့မှ သွားရောက် စစ်ဆေးပေးလျက်ရှိပါကြောင်း၊ ကျောင်းကျန်းမာရေး ဝန်ထမ်းအင်အားနှင့် ကျောင်းအရေအတွက်ပေါ် မူတည်၍ ကျောင်းကျန်းမာရေး စစ်ဆေးခြင်း ကွင်းဆင်းဆောင်ရွက်ရာတွင် သွားနှင့်ခံတွင်းကျန်းမာရေး စစ်ဆေးခြင်း၊ ကိုယ်ခန္ဓာ ကြီးထွားဖွံ့ဖြိုးမှု စစ်ဆေးပေးခြင်းအား အဓိကဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသော ကလေးများအတွက် ကျောင်းကျန်းမာရေး တာဝန်ခံဆရာမများမှ ကျန်းမာရေးဌာနနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းများတွင် ကျောင်းကျန်းမာရေးတာဝန်ခံ ဆရာ/ဆရာများ ခန့်အပ်ထားပြီး ကျန်းမာရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ကျန်းမာရေးဌာနမှ ကျောင်းကျန်းမာရေး စစ်ဆေးစဉ် တွေ့ရှိရသည့် ကျန်းမာရေးစောင့်ရှောက်ရန်လိုအပ်သော ကလေးများအား ကျောင်းကျန်းမာရေး ဆရာ/ဆရာမ မှတစ်ဆင့် မိဘများနှင့် ဆက်သွယ်၍ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျောင်းများသို့ ကျန်းမာရေးဝန်ထမ်းများမှ နေ့စဉ်ထိတွေ့မှု မရှိသဖြင့် ကျောင်းအုပ်ကြီးနှင့် ကျောင်းကျန်းမာရေး တာဝန်ခံဆရာ/ဆရာမများအား ကျောင်းသင်ခန်းစာ သင်ကြားပို့ချနေစဉ်တွင် တစ်ပါတည်း ကျောင်းသား/ကျောင်းသူများ၏ အထွေထွေကျန်းမာရေးလက္ခဏာများကို စစ်ဆေးနိုင်ရန် ၊ အခြေခံကျန်းမာရေးစစ်ဆေးမှုများ လုပ်ဆောင်နိုင်ရန် နှင့် ကျန်းမာရေးလက္ခဏာတွေ့ရှိသော ကျောင်းသားကျောင်းသူများ ဆေးကုသမှုခံယူနိုင်ရန်အတွက် မိဘများထံ အကြောင်းကြားခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများထံ ဆက်သွယ်ဆောင်ရွက်နိုင်ရန် သင်တန်းများပို့ချ၍ ကျောင်းကျန်းမာရေး လက်စွဲစာအုပ်တွင် ထည့်သွင်းပြဋ္ဌာန်းထားပါကြောင်း၊ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းမှ ရောဂါလက္ခဏာ တစ်ခုခုတွေ့ရှိ၍ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသော ကလေးများအား တစ်ထိုင်တည်း ကုသပေးနိုင်သော ရောဂါများကို ကုသခြင်း၊ လိုအပ်ပါက နီးစပ်ရာ ကျန်းမာရေးဌာန (ဆေးခန်း၊ ဆေးရုံ)များသို့ လွှဲပြောင်းခြင်းနှင့် အထူးကုဆရာဝန်ကြီးများထံ လွှဲပြောင်းခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျန်းမာရေးဌာနများ (သို့မဟုတ်) အထူးကုဆရာဝန်ကြီးများနှင့် ဆေးကုသမှု ခံယူပြီးပါက ရောဂါအမည်များ မှတ်တမ်းတင်ခြင်း၊ ရက်ချိန်းပြန်လည်ပြသခြင်း၊ ဆက်လက်လွှဲပြောင်း ပေးခြင်း၊ နောက်ဆက်တွဲ (ရေတို/ရေရှည်) ဆေးကုသမှု ခံယူခြင်းတို့ မပျက်မကွက်ဆောင်ရွက်နိုင်ရန်အတွက် ကျောင်းကျန်းမာရေးဆရာဝန်၊ အတန်းပိုင်ဆရာ ၊ ဆရာများနှင့် မိဘ အုပ်ထိန်းသူများအား ချိတ်ဆက်ဆောင်ရွက်ခြင်းတို့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ကျောင်းသား မိဘ၊ ဆရာများမှ ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ တက်ညီလက်ညီ ဆောင်ရွက်နိုင်မှသာ ကိုယ်စိတ်ကျန်းမာလူငယ်ဘဝ အနာဂတ်တောက်ပနိုင်ငံအလှ ဆိုသကဲ့သို့ နိုင်ငံသားကောင်း ရတနာများကို မွေးထုတ်ပေးနိုင်မည်ဖြစ်ပါကြောင်း ” ပြန်လည်ဖြေကြားခဲ့ပါသည်။

About Ygn Editor

Check Also

လိွဳင္သာယာၿမိဳ႕နယ္အတြင္းရိွ အဓိက လမ္းမႀကီးမ်ားတြင္ လမ္းေဘးပလက္ေဖာင္းမ်ားျပဳလုပ္ေပးရန္ အစီအစဥ္ရိွ/မရိွ၊ အစီအစဥ္ရိွပါက မည္သည့္ကာလတြင္ စတင္ေဆာင္ရြက္ေပးမည္ကို ေမးျမန္း

ရန္ကုန္၊ ဇူလိုင္လ၊ ၁၂ ရက္၊ ၂၀၁၉ ဒုတိယအႀကိမ္ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ နဝမပံုမွန္အစည္းအေဝး (၁၅)ရက္ေျမာက္ေန႕တြင္ လွိဳင္သာယာၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁) ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးဝင္းေမာင္(ခ) ဦးဦးဝင္းေမာင္က “လိွဳင္သာယာ …

Leave a Reply

Your email address will not be published. Required fields are marked *