Wednesday , October 16 2019
Breaking News
Home / ျပန္ၾကားေရး / သတင္း / ဒုတိယအႀကိမ္ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ နဝမပုံမွန္အစည္းအေဝး (၁၅)ရက္ေျမာက္ေန႕အစီအစဥ္က်င္းပ

ဒုတိယအႀကိမ္ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ နဝမပုံမွန္အစည္းအေဝး (၁၅)ရက္ေျမာက္ေန႕အစီအစဥ္က်င္းပ

ရန္ကုန္၊ ဇူလိုင္လ၊ ၁၂ ရက္၊ ၂၀၁၉
ဒုတိယအႀကိမ္ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ နဝမပုံမွန္အစည္းအေဝး (၁၅)ရက္ေျမာက္ေန႕ ဇူလိုင္လ ၁၂ ရက္ နံနက္ ၁၀း၀၀ နာရီတြင္ ဒဂံုၿမိဳ႕နယ္ရွိ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္အစည္းအေဝးခန္းမ၌က်င္းပရာ တက္ေရာက္ခြင့္ရွိသည့္ ကိုယ္စားလွယ္ဦးေရ ၁၂၂ ဦးအနက္ ၁၀၇ ဦး တက္ေရာက္ခဲ့ၾကပါသည္။ နဝမပုံမွန္အစည္းအေဝး (၁၅)ရက္ေျမာက္ ေန႕တြင္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားက ၾကယ္ပြင့္ျပေမးခြန္း ၆ ခု ေမးျမန္းခဲ့ၿပီး ေမးခြန္းမ်ားအား သက္ဆိုင္ရာ အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ားမွ ျပန္လည္ေျဖၾကားျခင္း၊ ‘‘ ၂၀၁၉ ခုနွစ္၊ ရန္ကုန္တိုင္းေဒသႀကီး စည္ပင္သာယာေရး ဥပေဒၾကမ္း” ကို လႊတ္ေတာ္သို႕ ရွင္းလင္းတင္ျပျခင္းႏွင့္ ဥပေဒၾကမ္းတင္သြင္းျခင္း၊ ထန္းတပင္ၿမိဳ႕နယ္တြင္ ျပဳလုပ္မည့္ စက္မႈဥယ်ာဥ္ၿမိဳ႕ေတာ္စီမံကိန္းနွင့္စပ္လ်ဥ္း၍ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၏ ေဆြးေႏြးခဲ့မႈမ်ားအေပၚ သက္ဆိုင္ရာ တိုင္းေဒသႀကီးအဆင့္ အဖဲြ႕အစည္းဝင္က ျပန္လည္ရွင္းလင္းေဆြးေႏြးျခင္းနွင့္ လႊတ္ေတာ္၏ အဆံုးအျဖတ္ရယူျခင္း၊ လွည္းကူးၿမိဳ႕နယ္တြင္ ျပဳလုပ္မည့္ စက္မႈဥယ်ာဥ္ၿမိဳ႕ေတာ္စီမံကိန္း နွင့္စပ္လ်ဥ္း၍ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၏ ေဆြးေႏြးခဲ့မႈမ်ားအေပၚ သက္ဆိုင္ရာ တိုင္းေဒသႀကီးအဆင့္ အဖဲြ႕အစည္းဝင္က ျပန္လည္ရွင္းလင္းေဆြးေႏြးျခင္းနွင့္ လႊတ္ေတာ္၏ အဆံုးအျဖတ္ရယူျခင္းမ်ား ေဆာင္ရြက္ခဲ့ပါသည္။ ဒုတိယအႀကိမ္ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ နဝမပံုမွန္ အစည္းအေဝးၿပီးေျမာက္ေၾကာင္း ေၾကညာခဲ့ပါသည္။
(unicode)
 
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့အစီအစဉ်ကျင်းပ
==================================
ရန်ကုန်၊ ဇူလိုင်လ၊ ၁၂ ရက်၊ ၂၀၁၉
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ ဇူလိုင်လ ၁၂ ရက် နံနက် ၁၀း၀၀ နာရီတွင် ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပရာ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်ဦးရေ ၁၂၂ ဦးအနက် ၁၀၇ ဦး တက်ရောက်ခဲ့ကြပါသည်။ နဝမပုံမှန်အစည်းအဝေး (၁၅)ရက်မြောက် နေ့တွင် လွှတ်တော် ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်း ၆ ခု မေးမြန်းခဲ့ပြီး မေးခွန်းများအား သက်ဆိုင်ရာ အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ ပြန်လည်ဖြေကြားခြင်း၊ ‘‘ ၂၀၁၉ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ဥပဒေကြမ်း” ကို လွှတ်တော်သို့ ရှင်းလင်းတင်ပြခြင်းနှင့် ဥပဒေကြမ်းတင်သွင်းခြင်း၊ ထန်းတပင်မြို့နယ်တွင် ပြုလုပ်မည့် စက်မှုဥယျာဉ်မြို့တော်စီမံကိန်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးခဲ့မှုများအပေါ် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊ လှည်းကူးမြို့နယ်တွင် ပြုလုပ်မည့် စက်မှုဥယျာဉ်မြို့တော်စီမံကိန်း နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးခဲ့မှုများအပေါ် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် နဝမပုံမှန် အစည်းအဝေးပြီးမြောက်ကြောင်း ကြေညာခဲ့ပါသည်။

About Ygn Editor

Check Also

လႊတ္ေတာ္ဥကၠ႒ဦးတင္ေမာင္ထြန္း (၂၃) ႀကိမ္ေျမာက္ဘြဲ႕ယူလက္ရာ မြန္ျပပြဲႏွင့္စင္တင္ တင္ဆက္ပြဲအခမ္းအနားတက္ေရာက္

        ရန္ကုန္၊ စက္တင္ဘာ ၁ ရက္၊ ၂၀၁၉ ၃၁.၈.၂၀၁၉ ရက္ေန႕မြန္းလြဲ (၂း၀၀) နာရီအခ်ိန္တြင္ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ဥကၠ႒ ဦးတင္ေမာင္ထြန္းသည္ …

Leave a Reply

Your email address will not be published. Required fields are marked *