Saturday , July 20 2019
Breaking News
Home / မေးခွန်းများ / ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ရတနာပုံလမ်း၊ ကျန်စစ်သားလမ်းဆုံမှ ရိုးမရိပ်သာလမ်းအထိ ပေ(၆၃၆၀) လမ်းခင်းပေးရန်နှင့် အုတ်ပတ်ကား ရေမြောင်းဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်း


 
(unicode)
ရန်ကုန်၊ ဇူလိုင်လ၊ ၁၂ ရက်၊ ၂၀၁၉
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့တွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က “ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ ရတနာပုံလမ်း၊ ကျန်စစ်သားလမ်းဆုံမှ ရိုးမရိပ်သာလမ်းအထိ ပေ(၆၃၆၀) လမ်းခင်းပေးရန်နှင့် အုတ်ပတ်ကား ရေမြောင်းဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ ” မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ရတနာပုံလမ်း (ကျန်စစ်သားလမ်းဆုံမှ ရိုးမရိပ်သာလမ်းအထိ) လမ်းအရှည် (၆၃၆၀)ပေ အား လမ်းခင်းပေးရန် အုတ်ပတ်ကားရေမြောင်းဆောက်လုပ်ပေးရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေ လျာထား ဆောင်ရွက်ပေးမည် ဖြစ်ပြီး ဘဏ္ဍာငွေခွဲဝေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ” ပြန်လည်ဖြေကြားခဲ့ ပါသည်။

About Ygn Editor

Check Also

လှိုင်သာယာမြို့နယ်အတွင်းရှိ အဓိက လမ်းမကြီးများတွင် လမ်းဘေးပလက်ဖောင်းများပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ကာလတွင် စတင်ဆောင်ရွက်ပေးမည်ကို မေးမြန်း

ရန်ကုန်၊ ဇူလိုင်လ၊ ၁၂ ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့တွင် လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်(ခ) ဦးဦးဝင်းမောင်က “လှိုင်သာယာ …

Leave a Reply

Your email address will not be published. Required fields are marked *