Wednesday , October 16 2019
Breaking News
Home / ေမးခြန္းမ်ား / သန္လ်င္ၿမိဳ႕နယ္၊ အုတ္ဖိုစုရပ္ကြက္၊ သဲလမ္းမႀကီးးနွင့္ အုတ္ဖိုစု-သနပၸင္လမ္းမႀကီးဆံုရာ လမ္းေဘးဝဲ/ယာရိွ ေဈးဆိုင္ခန္းမ်ားအား စနစ္တက် အဆင့္ျမွင့္တင္ေဆာင္ရြက္သြားရန္ အစီအစဥ္ရိွ/မရိွ ေမးျမန္း

သန္လ်င္ၿမိဳ႕နယ္၊ အုတ္ဖိုစုရပ္ကြက္၊ သဲလမ္းမႀကီးးနွင့္ အုတ္ဖိုစု-သနပၸင္လမ္းမႀကီးဆံုရာ လမ္းေဘးဝဲ/ယာရိွ ေဈးဆိုင္ခန္းမ်ားအား စနစ္တက် အဆင့္ျမွင့္တင္ေဆာင္ရြက္သြားရန္ အစီအစဥ္ရိွ/မရိွ ေမးျမန္း

ရန္ကုန္၊ ဇူလိုင္လ၊ ၁၁ ရက္၊ ၂၀၁၉
ဒုတိယအႀကိမ္ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ နဝမပံုမွန္အစည္းအေဝး (၁၄)ရက္ေျမာက္ေန႕တြင္ သန္လ်င္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂) ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ႏိုင္ထြန္းက “သန္လ်င္ၿမိဳ႕နယ္၊ အုတ္ဖိုစုရပ္ကြက္၊ သဲလမ္းမႀကီးးနွင့္ အုတ္ဖိုစု-သနပၸင္လမ္းမႀကီးဆံုရာ လမ္းေဘးဝဲ/ယာရိွ ေဈးဆိုင္ခန္းမ်ားအား စနစ္တက် အဆင့္ျမွင့္တင္ေဆာင္ရြက္သြားရန္ အစီအစဥ္ရိွ/မရိွ၊ အစီအစဥ္မရိွပါက မည္သည့္အတြက္ေၾကာင့္ျဖစ္ျပီး၊ အစီအစဥ္ရိွပါက မည္သည့္ ကာလတြင္ မည္ကဲ့သို႕ေဆာင္ရြက္သြားမည္ ” ေမးျမန္းရာ စည္ပင္သာယာေရးဝန္ႀကီး ဦးေမာင္ေမာင္စိုးက “ သန္လ်င္ၿမိဳ႕နယ္၊ အုတ္ဖိုစုရပ္ကြက္၊ သဲလမ္းမႀကီးႏွင့္ အုတ္ဖိုစု – သနပၸင္လမ္းမႀကီးဆံုရာ လမ္းေဘးဝဲ/ယာရွိ ေစ်းဆိုင္ခန္း မ်ားအား အဆင့္ျမႇင့္ျပင္ဆင္ရန္ရွိေသာ္လည္း ေျမေနရာပိုင္ဆိုင္မွဳသည္ တစ္ခ်ိန္တုန္းက သုသာန္ေဟာင္းျဖစ္ခဲ့ပါေၾကာင္း၊ အလယ္ကလမ္းေဖာက္ထားၿပီး ေစ်းသူ/ေစ်းသားမ်ား အေရာင္းအဝယ္လုပ္ရင္းျဖင့္သာ ေစ်းျဖစ္သြားပါေၾကာင္း၊ ဆိုင္ခန္းမ်ား ေဆာက္လုပ္ၿပီး ေစ်းဖန္တီးယူ၍ Creative Market အေနႏွင့္ေဆာင္ရြက္ရပါေၾကာင္း၊ တိုင္းစည္ပင္အေနႏွင့္ စနစ္တက်ျဖစ္ေအာင္ ဆိုင္းခန္းမ်ားေဆာက္လုပ္ေပးပါေၾကာင္း၊ သို႕ေသာ္ ေစ်းအဂၤါရပ္တြင္ လမ္းပိုင္းႏွင့္ေစ်းပိုင္း ပါလာသည့္ အတြက္ စနစ္တက်ျပန္လည္ထားရွိရန္လိုအပ္ပါေၾကာင္း၊စီမံခ်က္ေရးဆြဲၿပီး ေစ်းဆိုင္မ်ားကို အဆင့္ျမႇင့္မည္ဆိုပါက လမ္းပိုမိုၾကပ္တည္းလာသည့္အတြက္ Master Plan တစ္ခုလိုအပ္ပါေၾကာင္း၊ ယခုအေျခအေနတြင္ အႏၲရာယ္ကင္းစြာ စနစ္တက်ေရာင္းႏိုင္ရန္ စီမံကြပ္ကဲေပးႏိုင္မွဳသာ ရွိပါေၾကာင္း၊ ေျမေနရာပိုင္ဆိုင္မွဳ လႊဲေျပာင္းေပးသြားမည္ ဆိုပါက ေစ်းအျဖစ္စဥ္းစားေပးၿပီး ေဆာင္ရြက္ေပးမည္ျဖစ္ပါေၾကာင္း” ျပန္လည္ေျဖၾကားခဲ့ပါသည္။ ဆက္စပ္ေမးခြန္းအေနျဖင့္ အဆိုပါ သုသာန္ေျမသည္ မည္သည့္ဌာန၏ စီမံခြင့္ေအာက္တြင္ရွိၿပီး ဌာနခ်င္းမည္ကဲ့သို႕ ေပါင္းစပ္ေဆာင္ရြက္ႏိုင္မည္ကို သိရွိလိုပါေၾကာင္း ေမးျမန္းရာ စည္ပင္သာယာေရးဝန္ႀကီးက ရန္ကုန္တိုင္းေဒသႀကီးအစိုးရဖြဲ႕၊ သက္ဆိုင္ရာဌာနမ်ားႏွင့္ မည္ကဲ့သို႕ေဆာင္ရြက္ရမည္ကို ေျဖၾကားထားၿပီးျဖစ္ပါေၾကာင္း ျပန္လည္ေျဖၾကားခဲ့ပါသည္။
 
(unicode)
 
ရန်ကုန်၊ ဇူလိုင်လ၊ ၁၁ ရက်၊ ၂၀၁၉
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့တွင် သန်လျင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက “သန်လျင်မြို့နယ်၊ အုတ်ဖိုစုရပ်ကွက်၊ သဲလမ်းမကြီးးနှင့် အုတ်ဖိုစု-သနပ္ပင်လမ်းမကြီးဆုံရာ လမ်းဘေးဝဲ/ယာရှိ ဈေးဆိုင်ခန်းများအား စနစ်တကျ အဆင့်မြှင့်တင်ဆောင်ရွက်သွားရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်ပြီး၊ အစီအစဉ်ရှိပါက မည်သည့် ကာလတွင် မည်ကဲ့သို့ဆောင်ရွက်သွားမည် ” မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “ သန်လျင်မြို့နယ်၊ အုတ်ဖိုစုရပ်ကွက်၊ သဲလမ်းမကြီးနှင့် အုတ်ဖိုစု – သနပ္ပင်လမ်းမကြီးဆုံရာ လမ်းဘေးဝဲ/ယာရှိ ဈေးဆိုင်ခန်း များအား အဆင့်မြှင့်ပြင်ဆင်ရန်ရှိသော်လည်း မြေနေရာပိုင်ဆိုင်မှုသည် တစ်ချိန်တုန်းက သုသာန်ဟောင်းဖြစ်ခဲ့ပါကြောင်း၊ အလယ်ကလမ်းဖောက်ထားပြီး ဈေးသူ/ဈေးသားများ အရောင်းအဝယ်လုပ်ရင်းဖြင့်သာ ဈေးဖြစ်သွားပါကြောင်း၊ ဆိုင်ခန်းများ ဆောက်လုပ်ပြီး ဈေးဖန်တီးယူ၍ Creative Market အနေနှင့်ဆောင်ရွက်ရပါကြောင်း၊ တိုင်းစည်ပင်အနေနှင့် စနစ်တကျဖြစ်အောင် ဆိုင်းခန်းများဆောက်လုပ်ပေးပါကြောင်း၊ သို့သော် ဈေးအင်္ဂါရပ်တွင် လမ်းပိုင်းနှင့်ဈေးပိုင်း ပါလာသည့် အတွက် စနစ်တကျပြန်လည်ထားရှိရန်လိုအပ်ပါကြောင်း၊စီမံချက်ရေးဆွဲပြီး ဈေးဆိုင်များကို အဆင့်မြှင့်မည်ဆိုပါက လမ်းပိုမိုကြပ်တည်းလာသည့်အတွက် Master Plan တစ်ခုလိုအပ်ပါကြောင်း၊ ယခုအခြေအနေတွင် အန္တရာယ်ကင်းစွာ စနစ်တကျရောင်းနိုင်ရန် စီမံကွပ်ကဲပေးနိုင်မှုသာ ရှိပါကြောင်း၊ မြေနေရာပိုင်ဆိုင်မှု လွှဲပြောင်းပေးသွားမည် ဆိုပါက ဈေးအဖြစ်စဉ်းစားပေးပြီး ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း” ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်စပ်မေးခွန်းအနေဖြင့် အဆိုပါ သုသာန်မြေသည် မည်သည့်ဌာန၏ စီမံခွင့်အောက်တွင်ရှိပြီး ဌာနချင်းမည်ကဲ့သို့ ပေါင်းစပ်ဆောင်ရွက်နိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့၊ သက်ဆိုင်ရာဌာနများနှင့် မည်ကဲ့သို့ဆောင်ရွက်ရမည်ကို ဖြေကြားထားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

About Ygn Editor

Check Also

လိွဳင္သာယာၿမိဳ႕နယ္အတြင္းရိွ အဓိက လမ္းမႀကီးမ်ားတြင္ လမ္းေဘးပလက္ေဖာင္းမ်ားျပဳလုပ္ေပးရန္ အစီအစဥ္ရိွ/မရိွ၊ အစီအစဥ္ရိွပါက မည္သည့္ကာလတြင္ စတင္ေဆာင္ရြက္ေပးမည္ကို ေမးျမန္း

ရန္ကုန္၊ ဇူလိုင္လ၊ ၁၂ ရက္၊ ၂၀၁၉ ဒုတိယအႀကိမ္ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ နဝမပံုမွန္အစည္းအေဝး (၁၅)ရက္ေျမာက္ေန႕တြင္ လွိဳင္သာယာၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁) ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးဝင္းေမာင္(ခ) ဦးဦးဝင္းေမာင္က “လိွဳင္သာယာ …

Leave a Reply

Your email address will not be published. Required fields are marked *