Saturday , July 20 2019
Breaking News
Home / မေးခွန်းများ / ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မော်တော်ဆိုင်ကယ်စီးနင်းခွင့်ပြုထားသည့် မြို့နယ်(၂)ခုမှအပ အခြားမြို့နယ်များတွင် တရားမဝင်မော်တော်ဆိုင်ကယ်များ စီးနင်းမှုမပြုလုပ်စေရေးထိန်းသိမ်းရန် ဆောင်ရွက်မည့် အစီအစဉ်ရှိ/မရှိ၊ ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မော်တော်ဆိုင်ကယ်နှင့်ပတ်သက်၍ ယာဉ်တိုက်ခိုက်မှုမည်မျှဖြစ်ပွားခဲ့သည်နှင့် မော်တော်ဆိုင်ကယ်အသုံးပြု၍ ဒုစရိုက်မှုကျူးလွန်ခြင်းများ မည်မျှဖြစ်ပွား ခဲ့သည်တို့ကို မေးမြန်း


 
(unicode)
ရန်ကုန်၊ ဇူလိုင်လ၊ ၁၁ ရက်၊ ၂၀၁၉
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးငြိမ်းချမ်းအောင်က “ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မော်တော်ဆိုင်ကယ် စီးနင်းခွင့်ပြုထားသည့် မြို့နယ်(၂)ခုမှအပ အခြားမြို့နယ်များတွင် တရားမဝင်မော်တော်ဆိုင်ကယ်များ စီးနင်းမှု မပြုလုပ်စေရေးထိန်းသိမ်းရန် ဆောင်ရွက်မည့် အစီအစဉ်ရှိ/မရှိ၊ ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် မော်တော်ဆိုင်ကယ်နှင့်ပတ်သက်၍ ယာဉ်တိုက်ခိုက်မှုမည်မျှ ဖြစ်ပွားခဲ့သည်နှင့် မော်တော်ဆိုင်ကယ်အသုံးပြု၍ ဒုစရိုက်မှုကျူးလွန်ခြင်းများ မည်မျှဖြစ်ပွားခဲ့သည်တို့ကို ” မေးမြန်းရာ လျှပ်စစ်၊စက်မှု လက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က “ မေးခွန်း (က)နှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း (၄၅) မြို့နယ်ရှိပါကြောင်း၊ မော်တော်ဆိုင်ကယ် စီးနင်းခွင့်ပြုထားသော မြို့နယ်ပေါင်း (၁၄)မြို့နယ်ရှိပြီး စီးနင်းခွင့်မပြုသည့် မြို့နယ်ပေါင်း (၃၁)မြို့နယ်ရှိပါကြောင်း၊ ခရိုင်အလိုက် စီးနင်းခွင့်မပြုသည့် မြို့နယ်ပေါင်းမှာ အရှေ့ပိုင်း ခရိုင်တွင်(၁၄)မြို့နယ်၊ အနောက်ပိုင်းခရိုင်တွင် (၁၃)မြို့နယ်နှင့် မြောက်ပိုင်းခရိုင်တွင် (၄)မြို့နယ်ရှိပါကြောင်း၊ စီးနင်းခွင့်မပြုသည့်မြို့နယ် (၃၁)မြို့နယ်တွင် မော်တော်ဆိုင်ကယ်များ စီးနင်းခြင်းမပြုစေရေးအတွက် ပညာပေးဟောပြောပွဲ များတွင် ထည့်သွင်းဟောပြောထားရှိပြီး လိုက်နာမှုမရှိသော မော်တော်ဆိုင်ကယ်စီးနင်းသူများအား ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အရေးယူမှုအနေဖြင့် ၁.၁.၂၀၁၈ ရက်နေ့မှ ၃၁.၁၂.၂၀၁၈ ရက်နေ့အထိ မော်တော်ဆိုင်ကယ်အစီးရေ (၄၇၆၆)စီးအားဖမ်းဆီး အရေးယူဆောင်ရွက်ခဲ့ပါကြောင်း၊ ၁.၁.၂၀၁၉ ရက်နေ့မှ ၃၁.၅.၂၀၁၉ ရက်အနေ့အထိ မော်တော်ဆိုင်ကယ်အစီးရေ (၃၄၅၂) စီးအားဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့ပါကြောင်း၊ စုစုပေါင်း အရေးယူမှု (၈၂၁၈)စီး ရှိပါကြောင်း၊ စီးနင်းခွင့်မရှိသော မြို့နယ်များတွင် မော်တော်ဆိုင်ကယ်များစီးနင်းမှု မရှိစေရေးအတွက် စည်းကမ်းထိန်းသိမ်းအရေးယူဆောင်ရွက်လျက်ရှိပါကြောင်း ၊ မေးခွန်း (ခ)နှင့်စပ်လျဉ်း၍ ၂၀၁၈ ခုနှစ်အတွင်း မော်တော်ဆိုင်ကယ်နှင့်ပတ်သက်၍ ယာဉ်တိုက်မှု (၆၄၄)မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူကျား (၁၆၀) ဦး၊ မ(၂၄)ဦး၊ စုစုပေါင်း (၁၈၄)ဦး၊ ဒဏ်ရာရရှိသူကျား (၆၈၅) ဦး၊ မ (၂၀၉) ဦး၊ စုစုပေါင်း (၈၉၄) ဦးရှိခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ်အတွင်း ၁.၁.၂၀၁၉ ရက်နေ့မှ ၃၁.၅.၂၀၁၉ ရက်နေ့အထိ မော်တော်ဆိုင်ကယ်နှင့် ပတ်သက်၍ ယာဉ်တိုက်မှု (၂၆၅)မှု ရှိခဲ့ပြီး သေဆုံးသူ ကျား (၈၁) ဦး၊ မ (၁၈)ဦး၊ စုစုပေါင်း (၉၉)ဦး၊ ဒဏ်ရာရရှိသူ ကျား (၂၄၃)ဦး၊ မ (၆၈)ဦး၊ စုစုပေါင်း (၃၁၁)ဦး ရှိခဲ့ပါကြောင်း၊ မော်တော်ဆိုင်ကယ်အသုံးပြု၍ ဒုစရိုက်မှုများကျူးလွန်မှု အခြေအနေမှာ ၂၀၁၈ ခုနှစ်တွင် လူသတ်မှု (၂)မှု၊ လုယက်မှု (၄၃)မှု၊ ခြောက်လှန့်တောင်းယူမှု (၆)မှု၊ စုစုပေါင်း (၅၁)မှုနှင့် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့အထိ လူသတ်မှု (၁)မှု၊ လုယက်မှု (၁၀)မှု၊ စုစုပေါင်း (၁၁)မှုဖြစ်ပါကြောင်း၊သို့ဖြစ်ပါ၍ မော်တော်ဆိုင်ကယ်ကြောင့် ဖြစ်ပွားသည့် ယာဉ်တိုက်မှုများ၊ ဒုစရိုက်မှု ကျူးလွန်မှုများ လျော့နည်းကျဆင်းရေးအတွက် တရားမဝင်မော်တော်ဆိုင်ကယ် စီးနင်းသူများကို အရှိန်အဟုန်မြှင့်ပြီး ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိပါကြောင်း ” ပြန်လည်ဖြေကြားခဲ့ပါသည်။

About Ygn Editor

Check Also

လှိုင်သာယာမြို့နယ်အတွင်းရှိ အဓိက လမ်းမကြီးများတွင် လမ်းဘေးပလက်ဖောင်းများပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ကာလတွင် စတင်ဆောင်ရွက်ပေးမည်ကို မေးမြန်း

ရန်ကုန်၊ ဇူလိုင်လ၊ ၁၂ ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့တွင် လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်(ခ) ဦးဦးဝင်းမောင်က “လှိုင်သာယာ …

Leave a Reply

Your email address will not be published. Required fields are marked *