Saturday , July 20 2019
Breaking News
Home / ေမးခြန္းမ်ား / ရန္ကုန္တိုင္းေဒသၾကီး စည္ပင္သာယာေရးေကာ္မတီသည္ ေအာင္မဂၤလာအေဝးေျပးဂိတ္နွင့္ လိွဳင္သာယာၿမိဳ႕နယ္ရိွ အေဝးေျပးဂိတ္အတြင္း ငွားရမ္းထားေသာ ေဈးဆိုင္ခန္းမ်ား မည္မွ်ရိွျပီး တစ္ခန္းလွ်င္မည္သည့္နႈန္းျဖင့္ ငွားရမ္းလ်က္ တစ္နွစ္လွ်င္ ဝင္ေငြမည္မွ်ရရိွသည္၊ ကားဂိတ္ ေပါင္းမည္မွ်ရိွျပီး ကားဂိတ္တစ္ဂိတ္ကို မည္သည့္ေဈးနႈန္းျဖင့္ ငွားရမ္းလ်က္ တစ္နွစ္လွ်င္ ဝင္ေငြမည္မွ်ရိွသည္ကို ေမးျမန္း

ရန္ကုန္တိုင္းေဒသၾကီး စည္ပင္သာယာေရးေကာ္မတီသည္ ေအာင္မဂၤလာအေဝးေျပးဂိတ္နွင့္ လိွဳင္သာယာၿမိဳ႕နယ္ရိွ အေဝးေျပးဂိတ္အတြင္း ငွားရမ္းထားေသာ ေဈးဆိုင္ခန္းမ်ား မည္မွ်ရိွျပီး တစ္ခန္းလွ်င္မည္သည့္နႈန္းျဖင့္ ငွားရမ္းလ်က္ တစ္နွစ္လွ်င္ ဝင္ေငြမည္မွ်ရရိွသည္၊ ကားဂိတ္ ေပါင္းမည္မွ်ရိွျပီး ကားဂိတ္တစ္ဂိတ္ကို မည္သည့္ေဈးနႈန္းျဖင့္ ငွားရမ္းလ်က္ တစ္နွစ္လွ်င္ ဝင္ေငြမည္မွ်ရိွသည္ကို ေမးျမန္း

ရန္ကုန္၊ ဇူလိုင္လ၊ ၁၁ ရက္၊ ၂၀၁၉
ဒုတိယအႀကိမ္ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ နဝမပံုမွန္အစည္းအေဝး (၁၄)ရက္ေျမာက္ေန႕တြင္ လမ္းမေတာ္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁) ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚေအးေအးမာက “ရန္ကုန္တိုင္းေဒသၾကီး စည္ပင္သာယာေရးေကာ္မတီသည္ ေအာင္မဂၤလာအေဝးေျပးဂိတ္နွင့္ လိွဳင္သာယာၿမိဳ႕နယ္ရိွ အေဝးေျပးဂိတ္အတြင္း ငွားရမ္းထားေသာ ေဈးဆိုင္ခန္းမ်ား မည္မွ်ရိွျပီး တစ္ခန္းလွ်င္မည္သည့္နႈန္းျဖင့္ ငွားရမ္းလ်က္ တစ္နွစ္လွ်င္ ဝင္ေငြမည္မွ်ရရိွသည္၊ ကားဂိတ္ ေပါင္းမည္မွ်ရိွျပီး ကားဂိတ္တစ္ဂိတ္ကို မည္သည့္ေဈးနႈန္းျဖင့္ ငွားရမ္းလ်က္ တစ္နွစ္လွ်င္ ဝင္ေငြမည္မွ်ရိွသည္ ” ေမးျမန္းရာ စည္ပင္သာယာေရးဝန္ႀကီး ဦးေမာင္ေမာင္စိုးက “ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး၏ ဝင္ေငြသည္ ရန္ကုန္တိုင္းအတြက္ အဓိကဝင္ေငြျဖစ္သလို သံုးစြဲရာတြင္လည္း အဓိက ျဖစ္ပါေၾကာင္း၊ သို႕ေသာ္ ရေငြသည္ ၅၂ ရာခိုင္ႏွဳန္းျဖစ္ၿပီး သံုးေငြသည္ ၅၉ ရာခိုင္ႏွဳန္းျဖစ္ပါေၾကာင္း ၊ဘတ္ဂ်က္သေဘာအရ သာမန္အသံုးစရိတ္ႏွင့္ ေငြလံုးေငြရင္းအသံုးစရိတ္တြင္ သာမန္အသံုးစရိတ္မွာ ရေငြမ်ားၿပီး အသံုးစရိတ္ကနည္းပါေၾကာင္း၊ ေဆာက္လုပ္ေရး အသံုးစရိတ္မ်ားတြင္ သံုးစြဲရျခင္းေၾကာင့္ ေငြလံုးေငြရင္းစရိတ္တြင္ မ်ားျပားျခင္းျဖစ္ပါေၾကာင္း၊ ဌာနဆိုင္ရာအလိုက္ ရေငြအားလံုးတြင္ စာရင္းစစ္သေဘာအရ လံုးေပါင္းတင္၍ မရပါေၾကာင္း၊ အေသးစိတ္စာရင္းမ်ားရွိပါေၾကာင္း၊ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ေအာင္မဂၤလာအေဝးေျပးစခန္းတြင္ ဆိုင္ခန္းေပါင္း (၆၁၆)ခန္းရွိၿပီး ဆိုင္ခန္းအက်ယ္အဝန္းေပၚမူတည္၍ ဆိုင္လခႏွဳန္းထားမ်ားအား(၁)လလွ်င္ အနည္းဆံုးက်ပ္ က်ပ္ ၂၀၀၀/- မွ အမ်ားဆံုး က်ပ္ ၇၀၀၀/- အထိ ေကာက္ခံလ်က္ရွိပါေၾကာင္း၊ အဆိုပါဆိုင္ခန္းမ်ား၏ (၁)ႏွစ္ဝင္ေငြမွာ က်ပ္ ၈၅၁၁၃၂၀၀/- ျဖစ္ပါေၾကာင္း၊ ကားဂိတ္အခန္းေပါင္း(၂၅၉)ခန္းရွိၿပီး ဆိုင္ခန္းအက်ယ္အဝန္းေပၚမူတည္၍ ကားဂိတ္ခန္းလခႏႈန္းထားမ်ားအား (၁)လလွ်င္ အနည္းဆံုး က်ပ္ ၃၀၀၀/- မွ အမ်ားဆံုး က်ပ္ ၇၀၀၀/- အထိ ေကာက္ခံလ်က္ရွိၿပီး (၁)ႏွစ္ဝင္ေငြမွာ က်ပ္ ၁၇၀၄၆၀၀၀/- ျဖစ္၍ ေအာင္မဂၤလာအေဝးေျပးဝင္း၏ ဆိုင္ခန္းႏွင့္ ကားဂိတ္ခန္းမ်ားငွားရမ္းခ တစ္ႏွစ္ဝင္ေငြမွာ က်ပ္ ၁၀၂၁၅၉၂၀၀/- ျဖစ္ပါေၾကာင္း၊ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီ လွိဳင္သာယာၿမိဳ႕နယ္ရွိ ဒဂံု-ဧရာပြဲရံုႏွင့္ အေဝးေျပးယာဥ္ရပ္နားစခန္း ဆိုင္ခန္းေပါင္း (၂၀၉)ခန္းရွိၿပီး ဆိုင္ခန္းအက်ယ္အဝန္းေပၚမူတည္၍ ဆိုင္လခႏွဳန္းထားမ်ားအား (၁)လလွ်င္ အနည္းဆံုးက်ပ္ ၃၀၀၀/- မွ အမ်ားဆံုး က်ပ္ ၅၅၀၀/- အထိ ေကာက္ခံလ်က္ရွိပါေၾကာင္း၊ အဆိုပါဆိုင္ခန္းမ်ား၏ (၁)ႏွစ္ဝင္ေငြမွာ က်ပ္ ၇၂၅/- သိန္းေက်ာ္ျဖစ္ၿပီး ကားဂိတ္အခန္းေပါင္း (၈၂)ခန္းရွိ၍ တစ္လလွ်င္ ကားဂိတ္ခန္း လခႏွဳန္းထား က်ပ္ ၅၅၀၀/- ျဖင့္ ေကာက္ခံလ်က္ရွိၿပီး (၁)ႏွစ္ဝင္ေငြမွာ က်ပ္ ၅၄ သိန္းေက်ာ္ ျဖစ္၍ လွိဳင္သာယာၿမိဳ႕နယ္ရွိ ဒဂံု-ဧရာပြဲရံုႏွင့္ အေဝးေျပးဝင္း၏ ဆိုင္ခန္းႏွင့္ ကားဂိတ္ခန္းမ်ား ငွားရမ္းခ တစ္ႏွစ္ဝင္ေငြမွာ က်ပ္ ၇၈၂ သိန္း ျဖစ္ပါေၾကာင္း ေအာင္မဂၤလာႏွင့္ ဒဂံုဧရာ ဆိုင္ခန္းမ်ားသည္ ေစ်းကြက္သေဘာအရ အေပ်ာက္ေရာင္းခ်ထားသည့္ဆိုင္ခန္းမ်ား ျဖစ္ပါေၾကာင္း၊ေအာင္မဂၤလာဆိုင္ခန္းမ်ားကို ၂၀၀၂ ခုႏွစ္တြင္ေရာင္းခ်ၿပီး ဒဂံုဧရာကို ၂၀၀၃ ခုႏွစ္ကတည္းက အေပ်ာက္ေရာင္းခ်ခဲ့သည့္ဆိုင္ခန္းမ်ားျဖစ္ပါေၾကာင္း၊ လုပ္ငန္းလုပ္လွ်င္ လုပ္ငန္းလိုင္စင္မ်ားကိုေပးရၿပီး စားေသာက္ဆိုင္ ဖြင့္လွ်င္ စားေသာက္လိုင္စင္မ်ားကိုေပးရပါေၾကာင္း၊ အေသးစိတ္မ်ားသည္ ေခါင္းစဥ္အတိုင္းရွိၿပီး စာရင္းစစ္အစီရင္ခံစာတြင္ထည့္၍ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ကိုလည္း တင္ျပပါေၾကာင္း” ျပန္လည္ေျဖၾကားခဲ့ပါသည္။ ဆက္စပ္ေမးခြန္းအေနျဖင့္ ေမာ္ေတာ္ယာဥ္ဝင္ေၾကးအတြက္ ေကာက္ခံသည့္အခါ ကန္ထ႐ိုက္စနစ္ သို႕မဟုတ္ မည္ကဲ့သို႕ ေဆာင္ရြက္သည္ကို သိလိုပါေၾကာင္းေမးျမန္းရာ စည္ပင္သာယာေရးဝန္ႀကီး ဦးေမာင္ေမာင္စိုးက တစ္ခ်ိဳ႕ဝင္ေၾကးဂိတ္မ်ားကို ကန္ထ႐ိုက္စနစ္ျဖင့္ေကာက္ခံၿပီး ၂၀၁၆ ခုႏွစ္တြင္ ကန္ထ႐ိုက္ျပန္ေခၚသည့္အခါ ေပးသည့္ေစ်းႏွဳန္းသည္နည္းသည့္အတြက္ တစ္ခါတစ္ရံ ကန္ထ႐ိုက္ကို တင္ဒါျပန္ေခၚရပါေၾကာင္း၊ ေပးသည့္ႏွဳန္းထားသည္ မကိုက္သည့္အတြက္ ယာယီအေနျဖင့္ YCDC မွ ေဆာင္ရြက္ေပးရသည္မ်ားရွိပါေၾကာင္း၊ ကန္ထ႐ိုက္စနစ္မ်ားကိုေအာက္ေစ်းေပးၿပီး ဆြဲသည့္အတြက္ မေအာင္ျမင္ပဲ ႏိုင္ငံေတာ္ဘတ္ဂ်က္နစ္နာသည့္အတြက္ တစ္ခ်ိဳ႕လုပ္ငန္းမ်ားကို စည္ပင္သာယာမွ ေကာက္ခံေပးၿပီးကန္ထ႐ိုက္စနစ္ျဖင့္ ေဆာင္ရြက္ပါေၾကာင္း ျပန္လည္ေျဖၾကားခဲ့ပါသည္။
 
(unicode)
ရန်ကုန်၊ ဇူလိုင်လ၊ ၁၁ ရက်၊ ၂၀၁၉
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့တွင် လမ်းမတော်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမာက “ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီသည် အောင်မင်္ဂလာအဝေးပြေးဂိတ်နှင့် လှိုင်သာယာမြို့နယ်ရှိ အဝေးပြေးဂိတ်အတွင်း ငှားရမ်းထားသော ဈေးဆိုင်ခန်းများ မည်မျှရှိပြီး တစ်ခန်းလျှင်မည်သည့်နှုန်းဖြင့် ငှားရမ်းလျက် တစ်နှစ်လျှင် ဝင်ငွေမည်မျှရရှိသည်၊ ကားဂိတ် ပေါင်းမည်မျှရှိပြီး ကားဂိတ်တစ်ဂိတ်ကို မည်သည့်ဈေးနှုန်းဖြင့် ငှားရမ်းလျက် တစ်နှစ်လျှင် ဝင်ငွေမည်မျှရှိသည် ” မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “ရန်ကုန်မြို့တော်စည်ပင်သာယာရေး၏ ဝင်ငွေသည် ရန်ကုန်တိုင်းအတွက် အဓိကဝင်ငွေဖြစ်သလို သုံးစွဲရာတွင်လည်း အဓိက ဖြစ်ပါကြောင်း၊ သို့သော် ရငွေသည် ၅၂ ရာခိုင်နှုန်းဖြစ်ပြီး သုံးငွေသည် ၅၉ ရာခိုင်နှုန်းဖြစ်ပါကြောင်း ၊ဘတ်ဂျက်သဘောအရ သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်းအသုံးစရိတ်တွင် သာမန်အသုံးစရိတ်မှာ ရငွေများပြီး အသုံးစရိတ်ကနည်းပါကြောင်း၊ ဆောက်လုပ်ရေး အသုံးစရိတ်များတွင် သုံးစွဲရခြင်းကြောင့် ငွေလုံးငွေရင်းစရိတ်တွင် များပြားခြင်းဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာအလိုက် ရငွေအားလုံးတွင် စာရင်းစစ်သဘောအရ လုံးပေါင်းတင်၍ မရပါကြောင်း၊ အသေးစိတ်စာရင်းများရှိပါကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အောင်မင်္ဂလာအဝေးပြေးစခန်းတွင် ဆိုင်ခန်းပေါင်း (၆၁၆)ခန်းရှိပြီး ဆိုင်ခန်းအကျယ်အဝန်းပေါ်မူတည်၍ ဆိုင်လခနှုန်းထားများအား(၁)လလျှင် အနည်းဆုံးကျပ် ကျပ် ၂၀၀၀/- မှ အများဆုံး ကျပ် ၇၀၀၀/- အထိ ကောက်ခံလျက်ရှိပါကြောင်း၊ အဆိုပါဆိုင်ခန်းများ၏ (၁)နှစ်ဝင်ငွေမှာ ကျပ် ၈၅၁၁၃၂၀၀/- ဖြစ်ပါကြောင်း၊ ကားဂိတ်အခန်းပေါင်း(၂၅၉)ခန်းရှိပြီး ဆိုင်ခန်းအကျယ်အဝန်းပေါ်မူတည်၍ ကားဂိတ်ခန်းလခနှုန်းထားများအား (၁)လလျှင် အနည်းဆုံး ကျပ် ၃၀၀၀/- မှ အများဆုံး ကျပ် ၇၀၀၀/- အထိ ကောက်ခံလျက်ရှိပြီး (၁)နှစ်ဝင်ငွေမှာ ကျပ် ၁၇၀၄၆၀၀၀/- ဖြစ်၍ အောင်မင်္ဂလာအဝေးပြေးဝင်း၏ ဆိုင်ခန်းနှင့် ကားဂိတ်ခန်းများငှားရမ်းခ တစ်နှစ်ဝင်ငွေမှာ ကျပ် ၁၀၂၁၅၉၂၀၀/- ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ လှိုင်သာယာမြို့နယ်ရှိ ဒဂုံ-ဧရာပွဲရုံနှင့် အဝေးပြေးယာဉ်ရပ်နားစခန်း ဆိုင်ခန်းပေါင်း (၂၀၉)ခန်းရှိပြီး ဆိုင်ခန်းအကျယ်အဝန်းပေါ်မူတည်၍ ဆိုင်လခနှုန်းထားများအား (၁)လလျှင် အနည်းဆုံးကျပ် ၃၀၀၀/- မှ အများဆုံး ကျပ် ၅၅၀၀/- အထိ ကောက်ခံလျက်ရှိပါကြောင်း၊ အဆိုပါဆိုင်ခန်းများ၏ (၁)နှစ်ဝင်ငွေမှာ ကျပ် ၇၂၅/- သိန်းကျော်ဖြစ်ပြီး ကားဂိတ်အခန်းပေါင်း (၈၂)ခန်းရှိ၍ တစ်လလျှင် ကားဂိတ်ခန်း လခနှုန်းထား ကျပ် ၅၅၀၀/- ဖြင့် ကောက်ခံလျက်ရှိပြီး (၁)နှစ်ဝင်ငွေမှာ ကျပ် ၅၄ သိန်းကျော် ဖြစ်၍ လှိုင်သာယာမြို့နယ်ရှိ ဒဂုံ-ဧရာပွဲရုံနှင့် အဝေးပြေးဝင်း၏ ဆိုင်ခန်းနှင့် ကားဂိတ်ခန်းများ ငှားရမ်းခ တစ်နှစ်ဝင်ငွေမှာ ကျပ် ၇၈၂ သိန်း ဖြစ်ပါကြောင်း အောင်မင်္ဂလာနှင့် ဒဂုံဧရာ ဆိုင်ခန်းများသည် ဈေးကွက်သဘောအရ အပျောက်ရောင်းချထားသည့်ဆိုင်ခန်းများ ဖြစ်ပါကြောင်း၊အောင်မင်္ဂလာဆိုင်ခန်းများကို ၂၀၀၂ ခုနှစ်တွင်ရောင်းချပြီး ဒဂုံဧရာကို ၂၀၀၃ ခုနှစ်ကတည်းက အပျောက်ရောင်းချခဲ့သည့်ဆိုင်ခန်းများဖြစ်ပါကြောင်း၊ လုပ်ငန်းလုပ်လျှင် လုပ်ငန်းလိုင်စင်များကိုပေးရပြီး စားသောက်ဆိုင် ဖွင့်လျှင် စားသောက်လိုင်စင်များကိုပေးရပါကြောင်း၊ အသေးစိတ်များသည် ခေါင်းစဉ်အတိုင်းရှိပြီး စာရင်းစစ်အစီရင်ခံစာတွင်ထည့်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုလည်း တင်ပြပါကြောင်း” ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်စပ်မေးခွန်းအနေဖြင့် မော်တော်ယာဉ်ဝင်ကြေးအတွက် ကောက်ခံသည့်အခါ ကန်ထရိုက်စနစ် သို့မဟုတ် မည်ကဲ့သို့ ဆောင်ရွက်သည်ကို သိလိုပါကြောင်းမေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက တစ်ချို့ဝင်ကြေးဂိတ်များကို ကန်ထရိုက်စနစ်ဖြင့်ကောက်ခံပြီး ၂၀၁၆ ခုနှစ်တွင် ကန်ထရိုက်ပြန်ခေါ်သည့်အခါ ပေးသည့်ဈေးနှုန်းသည်နည်းသည့်အတွက် တစ်ခါတစ်ရံ ကန်ထရိုက်ကို တင်ဒါပြန်ခေါ်ရပါကြောင်း၊ ပေးသည့်နှုန်းထားသည် မကိုက်သည့်အတွက် ယာယီအနေဖြင့် YCDC မှ ဆောင်ရွက်ပေးရသည်များရှိပါကြောင်း၊ ကန်ထရိုက်စနစ်များကိုအောက်ဈေးပေးပြီး ဆွဲသည့်အတွက် မအောင်မြင်ပဲ နိုင်ငံတော်ဘတ်ဂျက်နစ်နာသည့်အတွက် တစ်ချို့လုပ်ငန်းများကို စည်ပင်သာယာမှ ကောက်ခံပေးပြီးကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
 

About Ygn Editor

Check Also

လိွဳင္သာယာၿမိဳ႕နယ္အတြင္းရိွ အဓိက လမ္းမႀကီးမ်ားတြင္ လမ္းေဘးပလက္ေဖာင္းမ်ားျပဳလုပ္ေပးရန္ အစီအစဥ္ရိွ/မရိွ၊ အစီအစဥ္ရိွပါက မည္သည့္ကာလတြင္ စတင္ေဆာင္ရြက္ေပးမည္ကို ေမးျမန္း

ရန္ကုန္၊ ဇူလိုင္လ၊ ၁၂ ရက္၊ ၂၀၁၉ ဒုတိယအႀကိမ္ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ နဝမပံုမွန္အစည္းအေဝး (၁၅)ရက္ေျမာက္ေန႕တြင္ လွိဳင္သာယာၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁) ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးဝင္းေမာင္(ခ) ဦးဦးဝင္းေမာင္က “လိွဳင္သာယာ …

Leave a Reply

Your email address will not be published. Required fields are marked *