Wednesday , October 16 2019
Breaking News
Home / ပြန်ကြားရေး / သတင်း / ကတိသစ္စာမပြုရသေးသော တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၃)ဦး သစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း

ကတိသစ္စာမပြုရသေးသော တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၃)ဦး သစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း

 
(unicode)
ရန်ကုန်၊ ဇူလိုင်လ၊ ၁၁ ရက်၊ ၂၀၁၉
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၃ နှင့်အညီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းထားသော တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် ကြည်း ၂၉၆၉၀ ဒုတိယဗိုလ်မှူးကြီးသန်းလွင် (အစား) ကြည်း ၃၀၉၈၅ ဒုတိယဗိုလ်မှူးကြီး နေသွေး၊ ကြည်း ၃၈၀၈၃ ဗိုလ်မှူး သူရိန်(အစား) ကြည်း ၄၀၂၃၂ ဗိုလ်မှူး မျိုးထက်ကျော်၊ အင်န် ၇၂၁ ဗိုလ်မှူး ဒေါ်မော်မော်သန်း(အစား) အင်န် ၇၄၈ ဗိုလ်မှူးဒေါ်ခင်မင်းမင်းမြတ် အား အစားထိုးပြောင်းလဲကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ၈.၇.၂၀၁၉ ရက်စွဲပါကြေညာချက်အမှတ် (၁၁၁/၂၀၁၉) ဖြင့် ကြေညာခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၃)ဦးသည် ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)အရ ယနေ့ကျင်းပသော လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌ၏ ရှေ့မှောက်၌ ကတိသစ္စာပြုပြီး လက်မှတ်ရေးထိုးခဲ့ပါသည်။

About Ygn Editor

Check Also

လွှတ်တော်ဥက္ကဋ္ဌဦးတင်မောင်ထွန်း (၂၃) ကြိမ်မြောက်ဘွဲ့ယူလက်ရာ မွန်ပြပွဲနှင့်စင်တင် တင်ဆက်ပွဲအခမ်းအနားတက်ရောက်

        ရန်ကုန်၊ စက်တင်ဘာ ၁ ရက်၊ ၂၀၁၉ ၃၁.၈.၂၀၁၉ ရက်နေ့မွန်းလွဲ (၂း၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းသည် …

Leave a Reply

Your email address will not be published. Required fields are marked *