Wednesday , October 16 2019
Breaking News
Home / ေမးခြန္းမ်ား / ထန္းတပင္ၿမိဳ႕နယ္၊ ရခိုင္ရိုးႀကီးအုပ္စု၊ အေနာက္ပိုင္းတကၠသိုလ္လမ္းမတြင္ရိွေသာ ဗစ္တိုးရီးယားဂါးဒင္း၊ ရန္ကုန္-ပုသိမ္လမ္းမႀကီး၊ စႏၵေယာ္ေက်းရြာအုပ္စုရိွ Sandayaw Resort ၊ မေငးစုေက်းရြာအုပ္စုရိွ ရွမ္းေရႊဥစားေသာက္ဆိုင္နွင့္ တံတားဦးေက်းရြာအုပ္စုရိွ ေဟာ္စြင့္ဖိနပ္စက္ရံုမ်ားအပါအဝင္ လယ္ယာေျမအား အျခားနည္းသံုးစဲြခြင့္ ရရိွေသးျခင္းမရိွဘဲ ဥပေဒကို မထီမဲ့ျမင္ ျပဳလုပ္ေဆာင္ရြက္ေနသူမ်ားအား ဥပေဒနွင့္အညီ ထိေရာက္စြာ အေရးယူေပးရန္ အစီအစဥ္ရိွ/မရိွ ေမးျမန္း

ထန္းတပင္ၿမိဳ႕နယ္၊ ရခိုင္ရိုးႀကီးအုပ္စု၊ အေနာက္ပိုင္းတကၠသိုလ္လမ္းမတြင္ရိွေသာ ဗစ္တိုးရီးယားဂါးဒင္း၊ ရန္ကုန္-ပုသိမ္လမ္းမႀကီး၊ စႏၵေယာ္ေက်းရြာအုပ္စုရိွ Sandayaw Resort ၊ မေငးစုေက်းရြာအုပ္စုရိွ ရွမ္းေရႊဥစားေသာက္ဆိုင္နွင့္ တံတားဦးေက်းရြာအုပ္စုရိွ ေဟာ္စြင့္ဖိနပ္စက္ရံုမ်ားအပါအဝင္ လယ္ယာေျမအား အျခားနည္းသံုးစဲြခြင့္ ရရိွေသးျခင္းမရိွဘဲ ဥပေဒကို မထီမဲ့ျမင္ ျပဳလုပ္ေဆာင္ရြက္ေနသူမ်ားအား ဥပေဒနွင့္အညီ ထိေရာက္စြာ အေရးယူေပးရန္ အစီအစဥ္ရိွ/မရိွ ေမးျမန္း

ရန္ကုန္၊ ဇူလိုင္လ၊ ၁၀ ရက္၊ ၂၀၁၉
ဒုတိယအႀကိမ္ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ နဝမပံုမွန္အစည္းအေဝး (၁၃)ရက္ေျမာက္ေန႕ တြင္ ထန္းတပင္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁) ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ဘုန္းေက်ာ္စံဦးက “ထန္းတပင္ၿမိဳ႕နယ္၊ ရခိုင္ရိုးႀကီးအုပ္စု၊ အေနာက္ပိုင္းတကၠသိုလ္လမ္းမတြင္ရိွေသာ ဗစ္တိုးရီးယားဂါးဒင္း၊ ရန္ကုန္-ပုသိမ္လမ္းမႀကီး၊ စႏၵေယာ္ေက်းရြာအုပ္စုရိွ Sandayaw Resort ၊ မေငးစုေက်းရြာအုပ္စုရိွ ရွမ္းေရႊဥစားေသာက္ဆိုင္နွင့္ တံတားဦး ေက်းရြာအုပ္စုရိွ ေဟာ္စြင့္ဖိနပ္စက္ရံုမ်ားအပါအဝင္ လယ္ယာေျမအား အျခားနည္းသံုးစဲြခြင့္ ရရိွေသးျခင္းမရိွဘဲ ဥပေဒကို မထီမဲ့ျမင္ ျပဳလုပ္ေဆာင္ရြက္ေနသူမ်ားအား ဥပေဒနွင့္အညီ ထိေရာက္စြာ အေရးယူေပးရန္ အစီအစဥ္ရိွ/မရိွ ” ေမးျမန္းရာ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ သစ္ေတာႏွင့္စြမ္းအင္ဝန္ႀကီး ဦးဟံထြန္းက “ ဗစ္တိုးရီးယားဂါးဒင္းသည္ ရန္ကုန္တိုင္းေဒသႀကီး၊ ထန္းတပင္ၿမိဳ႕နယ္၊ အေနာက္ပိုင္းတကၠသိုလ္လမ္းအနီး၊ ဒိတ္ကုန္းေက်းရြာအုပ္စု၊ ကြင္းအမွတ္(၂၉၇)၊ ဦးပိုင္အမွတ္ (၇၇/က/ခ+၇၇/ဃ/ဃ+၇၇/င/ဃ)၊ ဧရိယာ (၁၉.၁၀)ဧကရွိ လယ္ေျမမ်ိဳးေပၚတြင္ အေဆာက္အဦ ေဆာက္လုပ္ အသံုးျပဳထားေၾကာင္း စိစစ္ေတြ႕ရွိရပါေၾကာင္း၊ အဆိုပါေျမအား ဦးေက်ာ္ျမင့္အမည္ျဖင့္ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳ လက္မွတ္ပံုစံ(၇) ထုတ္ေပးထားခဲ့ပါေၾကာင္း စိစစ္ေတြ႕ရွိရပါသည္။ အဆိုပါေျမအား လုပ္ပိုင္ခြင့္ရရွိသူမွ လယ္ယာေျမအား အျခားနည္းအသံုးျပဳခြင့္ ရရွိရန္ေလွ်ာက္ထားေဆာင္ရြက္ဆဲျဖစ္ၿပီး ခြင့္ျပဳမိန္႕ရရွိျခင္း မရွိေသးသည္ကို စိစစ္ေတြ႕ရွိ ရပါေၾကာင္း၊ စႏၵေယာ္ Resort သည္ ရန္ကုန္တိုင္းေဒသႀကီး၊ ထန္းတပင္ၿမိဳ႕နယ္၊ ရန္ကုန္-ပုသိမ္ လမ္းမႀကီးေဘး စႏၵေယာ္ေက်းရြာအုပ္စု၊ ကြင္းအမွတ္(၃၃၁-ဂ)၊ ဦးပိုင္အမွတ္(၃/ဆ)၊ ဧရိယာ(၅.၀၀)ဧကရွိ လယ္ေျမေပၚတြင္ အေဆာက္အဦ ေဆာက္လုပ္ အသံုးျပဳထားၿပီး၊ အဆိုပါေျမအား ဦးေက်ာ္တင္ေအာင္အမည္ျဖင့္ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳ လက္မွတ္ပံုစံ(၇) ထုတ္ေပးထားခဲ့ေၾကာင္း စိစစ္ေတြ႕ရွိရပါေၾကာင္း၊ လယ္ယာေျမအား အျခားနည္းအသံုးျပဳခြင့္ ေလွ်ာက္ထားဆဲျဖစ္ၿပီး ခြင့္ျပဳမိန္႕ရရွိျခင္း မရွိေသးေၾကာင္း စိစစ္ေတြ႕ရွိရပါေၾကာင္း၊ရွမ္းေရႊဥစားေသာက္ဆိုင္သည္ ထန္းတပင္ၿမိဳ႕နယ္၊ ရန္ကုန္-ပုသိမ္လမ္းမႀကီးေဘး မေငးစုေက်းရြာအုပ္စု၊ ကြင္းအမွတ္(၃၃၉-ခ)၊ ဦးပိုင္အမွတ္(၁/င)၊ ဧရိယာ(၃.၃၁)ဧကႏွင့္ ဦးပိုင္အမွတ္(၁/က)၊ ဧရိယာ(၃.၅၃)ဧကရွိ လယ္ေျမမ်ိဳးေပၚတြင္ ငါးကန္ႏွင့္ အေဆာက္အဦေဆာက္လုပ္ထားရွိေၾကာင္း စိစစ္ေတြ႕ရွိရပါေၾကာင္း၊ အဆိုပါေျမအား ေဒၚတင္ရွင္းအမည္ျဖင့္ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္ပံုစံ(၇) ထုတ္ေပးထား ခဲ့ပါေၾကာင္း၊ လယ္ယာေျမအား အျခားနည္းအသံုးျပဳခြင့္ ေလွ်ာက္ထားဆဲျဖစ္ၿပီး ခြင့္ျပဳမိန္႕ရရွိျခင္း မရွိေသးေၾကာင္း စိစစ္ေတြ႕ရွိရပါေၾကာင္း၊ ေဟာ္စြင့္ဖိနပ္စက္ရံုသည္ ထန္းတပင္ၿမိဳ႕နယ္၊ တံတားဦးေက်းရြာအုပ္စု၊ ကြင္းအမွတ္ (၃၂၅)၊ ဦးပိုင္အမွတ္(၂၇/ခ)၊ ဧရိယာ(၄.၃၅)ဧကရွိ လယ္ေျမေပၚတြင္ ေဆာက္လုပ္အသံုးျပဳထားပါေၾကာင္း၊ အဆိုပါေျမအား ဦးခင္၀င္းအမည္ျဖင့္ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳ လက္မွတ္ပံုစံ(၇) ထုတ္ေပး ထားခဲ့ေၾကာင္း စိစစ္ေတြ႕ရွိရပါေၾကာင္း၊ လယ္ယာေျမအား အျခားနည္းအသံုးျပဳခြင့္ ေလွ်ာက္ထားဆဲျဖစ္ၿပီး ခြင့္ျပဳမိန္႕ရရွိျခင္း မရွိေသးသည္ကို စိစစ္ေတြ႕ရွိရပါေၾကာင္း၊ လယ္ယာေျမဥပေဒအရ လယ္ယာေျမလုပ္ပိုင္ခြင့္ရရွိသူမ်ားသည္ လယ္ယာေျမ ဥပေဒ ပုဒ္မ-၁၂ပါ စည္းကမ္းခ်က္မ်ားအား ေဖာက္ဖ်က္က်ဴးလြန္ပါက လယ္ယာေျမဥပေဒ ပုဒ္မ-၁၉အရ ၀န္ႀကီးဌာနမွ တာ၀န္ေပးအပ္ေသာ လယ္ယာေျမစီမံခန္႕ခြဲမႈအဖြဲ႕မွ လယ္ယာေျမနည္းဥပေဒႏွင့္အညီ စံုစမ္းစစ္ေဆး၍ ေဖာ္ျပပါအမိန္႕ တစ္ရပ္ကိုျဖစ္ေစ၊ တစ္ရပ္ထက္ပို၍ျဖစ္ေစ ခ်မွတ္ႏိုင္သည္ဟု ျပဌာန္းထားပါေၾကာင္း၊ (၁)သတ္မွတ္ေသာ ဒဏ္ေၾကးေငြ ေပးေဆာင္ေစျခင္း၊ (၂)သတ္မွတ္သည့္ နည္းလမ္း အတိုင္း လယ္ယာေျမကို ေဆာင္ရြက္ေစျခင္း၊ (၃)လယ္ယာေျမမွ ႏွင္ထုတ္ထိုက္သူကို ႏွင္ထုတ္ျခင္း၊ (၄)လယ္ယာ ေျမေပၚတြင္ ခြင့္ျပဳမိန္႕မရွိဘဲ ေဆာက္လုပ္ထားေသာ အေဆာက္အအံုမ်ားကို ဖယ္ရွားျခင္း၊ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ လယ္ယာေျမမ်ားေပၚတြင္ ခြင့္ျပဳခ်က္မရွိဘဲ ၂၀၁၂ ခုႏွစ္၊ လယ္ယာေျမဥပေဒ ျပဌာန္းခ်က္မ်ားကို က်ဴးလြန္ေဆာင္ရြက္ေနမႈမ်ားအား လယ္ယာေျမဥပေဒ ပုဒ္မ-၁၉အရ အေရးယူေဆာင္ရြက္ႏိုင္ရန္ အတြက္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္ လယ္ယာေျမစီမံခန္႕ခြဲမႈအဖြဲ႕မ်ားအား စိုက္ပ်ဳိးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း၀န္ႀကီးဌာန၏ (၂၆.၄.၂၀၁၉)ရက္စြဲပါစာအမွတ္၊ လ/ဆ/၂/၇၀(ည) တာ၀န္ ေပးခဲ့ၿပီး ျဖစ္သည့္အတြက္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္၏ ေမးခြန္းပါ ရန္ကုန္တိုင္းေဒသႀကီး၊ ထန္းတပင္ၿမိဳ႕နယ္ အတြင္းရွိ လယ္ယာေျမမ်ားေပၚတြင္ လယ္ယာေျမ ဥပေဒပုဒ္မ- ၁၂ပါ ျပဌာန္းခ်က္မ်ားအား ေဖာက္ဖ်က္က်ဴးလြန္မႈမ်ားအား လယ္ယာေျမဥပေဒပုဒ္မ – ၁၉ အရ ထန္းတပင္ၿမိဳ႕နယ္လယ္ယာေျမ စီမံခန္႕ခြဲမႈအဖြဲ႕မွ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း ဝန္ႀကီးဌာန၏ တာဝန္ေပးခ်က္အရ အေရးယူေဆာင္ရြက္သြားရမည္ ျဖစ္ပါေၾကာင္း ” ျပန္လည္ ေျဖၾကား ခဲ့ပါသည္။
 
(unicode)
 
ရန်ကုန်၊ ဇူလိုင်လ၊ ၁၀ ရက်၊ ၂၀၁၉
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ တွင် ထန်းတပင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်စံဦးက “ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကြီးအုပ်စု၊ အနောက်ပိုင်းတက္ကသိုလ်လမ်းမတွင်ရှိသော ဗစ်တိုးရီးယားဂါးဒင်း၊ ရန်ကုန်-ပုသိမ်လမ်းမကြီး၊ စန္ဒယော်ကျေးရွာအုပ်စုရှိ Sandayaw Resort ၊ မငေးစုကျေးရွာအုပ်စုရှိ ရှမ်းရွှေဥစားသောက်ဆိုင်နှင့် တံတားဦး ကျေးရွာအုပ်စုရှိ ဟော်စွင့်ဖိနပ်စက်ရုံများအပါအဝင် လယ်ယာမြေအား အခြားနည်းသုံးစွဲခွင့် ရရှိသေးခြင်းမရှိဘဲ ဥပဒေကို မထီမဲ့မြင် ပြုလုပ်ဆောင်ရွက်နေသူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူပေးရန် အစီအစဉ်ရှိ/မရှိ ” မေးမြန်းရာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက “ ဗစ်တိုးရီးယားဂါးဒင်းသည် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အနောက်ပိုင်းတက္ကသိုလ်လမ်းအနီး၊ ဒိတ်ကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၂၉၇)၊ ဦးပိုင်အမှတ် (၇၇/က/ခ+၇၇/ဃ/ဃ+၇၇/င/ဃ)၊ ဧရိယာ (၁၉.၁၀)ဧကရှိ လယ်မြေမျိုးပေါ်တွင် အဆောက်အဦ ဆောက်လုပ် အသုံးပြုထားကြောင်း စိစစ်တွေ့ရှိရပါကြောင်း၊ အဆိုပါမြေအား ဦးကျော်မြင့်အမည်ဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇) ထုတ်ပေးထားခဲ့ပါကြောင်း စိစစ်တွေ့ရှိရပါသည်။ အဆိုပါမြေအား လုပ်ပိုင်ခွင့်ရရှိသူမှ လယ်ယာမြေအား အခြားနည်းအသုံးပြုခွင့် ရရှိရန်လျှောက်ထားဆောင်ရွက်ဆဲဖြစ်ပြီး ခွင့်ပြုမိန့်ရရှိခြင်း မရှိသေးသည်ကို စိစစ်တွေ့ရှိ ရပါကြောင်း၊ စန္ဒယော် Resort သည် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရန်ကုန်-ပုသိမ် လမ်းမကြီးဘေး စန္ဒယော်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၃၃၁-ဂ)၊ ဦးပိုင်အမှတ်(၃/ဆ)၊ ဧရိယာ(၅.၀၀)ဧကရှိ လယ်မြေပေါ်တွင် အဆောက်အဦ ဆောက်လုပ် အသုံးပြုထားပြီး၊ အဆိုပါမြေအား ဦးကျော်တင်အောင်အမည်ဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇) ထုတ်ပေးထားခဲ့ကြောင်း စိစစ်တွေ့ရှိရပါကြောင်း၊ လယ်ယာမြေအား အခြားနည်းအသုံးပြုခွင့် လျှောက်ထားဆဲဖြစ်ပြီး ခွင့်ပြုမိန့်ရရှိခြင်း မရှိသေးကြောင်း စိစစ်တွေ့ရှိရပါကြောင်း၊ရှမ်းရွှေဥစားသောက်ဆိုင်သည် ထန်းတပင်မြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းမကြီးဘေး မငေးစုကျေးရွာအုပ်စု၊ ကွင်းအမှတ်(၃၃၉-ခ)၊ ဦးပိုင်အမှတ်(၁/င)၊ ဧရိယာ(၃.၃၁)ဧကနှင့် ဦးပိုင်အမှတ်(၁/က)၊ ဧရိယာ(၃.၅၃)ဧကရှိ လယ်မြေမျိုးပေါ်တွင် ငါးကန်နှင့် အဆောက်အဦဆောက်လုပ်ထားရှိကြောင်း စိစစ်တွေ့ရှိရပါကြောင်း၊ အဆိုပါမြေအား ဒေါ်တင်ရှင်းအမည်ဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) ထုတ်ပေးထား ခဲ့ပါကြောင်း၊ လယ်ယာမြေအား အခြားနည်းအသုံးပြုခွင့် လျှောက်ထားဆဲဖြစ်ပြီး ခွင့်ပြုမိန့်ရရှိခြင်း မရှိသေးကြောင်း စိစစ်တွေ့ရှိရပါကြောင်း၊ ဟော်စွင့်ဖိနပ်စက်ရုံသည် ထန်းတပင်မြို့နယ်၊ တံတားဦးကျေးရွာအုပ်စု၊ ကွင်းအမှတ် (၃၂၅)၊ ဦးပိုင်အမှတ်(၂၇/ခ)၊ ဧရိယာ(၄.၃၅)ဧကရှိ လယ်မြေပေါ်တွင် ဆောက်လုပ်အသုံးပြုထားပါကြောင်း၊ အဆိုပါမြေအား ဦးခင်၀င်းအမည်ဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇) ထုတ်ပေး ထားခဲ့ကြောင်း စိစစ်တွေ့ရှိရပါကြောင်း၊ လယ်ယာမြေအား အခြားနည်းအသုံးပြုခွင့် လျှောက်ထားဆဲဖြစ်ပြီး ခွင့်ပြုမိန့်ရရှိခြင်း မရှိသေးသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ လယ်ယာမြေဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူများသည် လယ်ယာမြေ ဥပဒေ ပုဒ်မ-၁၂ပါ စည်းကမ်းချက်များအား ဖောက်ဖျက်ကျူးလွန်ပါက လယ်ယာမြေဥပဒေ ပုဒ်မ-၁၉အရ ၀န်ကြီးဌာနမှ တာ၀န်ပေးအပ်သော လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ လယ်ယာမြေနည်းဥပဒေနှင့်အညီ စုံစမ်းစစ်ဆေး၍ ဖော်ပြပါအမိန့် တစ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဌာန်းထားပါကြောင်း၊ (၁)သတ်မှတ်သော ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း၊ (၂)သတ်မှတ်သည့် နည်းလမ်း အတိုင်း လယ်ယာမြေကို ဆောင်ရွက်စေခြင်း၊ (၃)လယ်ယာမြေမှ နှင်ထုတ်ထိုက်သူကို နှင်ထုတ်ခြင်း၊ (၄)လယ်ယာ မြေပေါ်တွင် ခွင့်ပြုမိန့်မရှိဘဲ ဆောက်လုပ်ထားသော အဆောက်အအုံများကို ဖယ်ရှားခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ ပြဌာန်းချက်များကို ကျူးလွန်ဆောင်ရွက်နေမှုများအား လယ်ယာမြေဥပဒေ ပုဒ်မ-၁၉အရ အရေးယူဆောင်ရွက်နိုင်ရန် အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၏ (၂၆.၄.၂၀၁၉)ရက်စွဲပါစာအမှတ်၊ လ/ဆ/၂/၇၀(ည) တာ၀န် ပေးခဲ့ပြီး ဖြစ်သည့်အတွက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းပါ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် အတွင်းရှိ လယ်ယာမြေများပေါ်တွင် လယ်ယာမြေ ဥပဒေပုဒ်မ- ၁၂ပါ ပြဌာန်းချက်များအား ဖောက်ဖျက်ကျူးလွန်မှုများအား လယ်ယာမြေဥပဒေပုဒ်မ – ၁၉ အရ ထန်းတပင်မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ တာဝန်ပေးချက်အရ အရေးယူဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ” ပြန်လည် ဖြေကြား ခဲ့ပါသည်။

About Ygn Editor

Check Also

လိွဳင္သာယာၿမိဳ႕နယ္အတြင္းရိွ အဓိက လမ္းမႀကီးမ်ားတြင္ လမ္းေဘးပလက္ေဖာင္းမ်ားျပဳလုပ္ေပးရန္ အစီအစဥ္ရိွ/မရိွ၊ အစီအစဥ္ရိွပါက မည္သည့္ကာလတြင္ စတင္ေဆာင္ရြက္ေပးမည္ကို ေမးျမန္း

ရန္ကုန္၊ ဇူလိုင္လ၊ ၁၂ ရက္၊ ၂၀၁၉ ဒုတိယအႀကိမ္ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ နဝမပံုမွန္အစည္းအေဝး (၁၅)ရက္ေျမာက္ေန႕တြင္ လွိဳင္သာယာၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁) ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးဝင္းေမာင္(ခ) ဦးဦးဝင္းေမာင္က “လိွဳင္သာယာ …

Leave a Reply

Your email address will not be published. Required fields are marked *