Tuesday , March 2 2021
Breaking News
Home / မေးခွန်းများ / ေတာင္ဥကၠလာပၿမိဳ႕နယ္တြင္ ႐ုပ္ရွင္ရံုတစ္ရံုတည္ေဆာက္ေပးရန္ အစီအစဥ္ရွိ/မရွိ၊ အစီအစဥ္ရွိပါက မည္သည့္အခ်ိန္တြင္ ေဆာင္ရြက္ေပးမည္၊ အစီအစဥ္မရွိပါက မည္သည့္အတြက္ေၾကာင့္ျဖစ္သည္ကို သိရွိလိုပါေၾကာင္းေမးျမန္း

ေတာင္ဥကၠလာပၿမိဳ႕နယ္တြင္ ႐ုပ္ရွင္ရံုတစ္ရံုတည္ေဆာက္ေပးရန္ အစီအစဥ္ရွိ/မရွိ၊ အစီအစဥ္ရွိပါက မည္သည့္အခ်ိန္တြင္ ေဆာင္ရြက္ေပးမည္၊ အစီအစဥ္မရွိပါက မည္သည့္အတြက္ေၾကာင့္ျဖစ္သည္ကို သိရွိလိုပါေၾကာင္းေမးျမန္း

ရန္ကုန္၊ ဇူလိုင္ လ၊ ၃ ရက္၊ ၂၀၁၉
ဒုတိယအႀကိမ္ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ နဝမပံုမွန္အစည္းအေဝး နဝမေန႕တြင္ ေတာင္ဥကၠလာပၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁) ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚသစ္သစ္ျမင့္က “ ေတာင္ဥကၠလာပၿမိဳ႕နယ္တြင္ ႐ုပ္ရွင္ရံုတစ္ရံုတည္ေဆာက္ေပးရန္ အစီအစဥ္ရွိ/မရွိ၊ အစီအစဥ္ရွိပါက မည္သည့္အခ်ိန္တြင္ ေဆာင္ရြက္ေပးမည္၊ အစီအစဥ္မရွိပါက မည္သည့္အတြက္ေၾကာင့္ျဖစ္သည္ကို သိရွိလိုပါေၾကာင္း ” ေမးျမန္းရာ ကရင္တိုင္းရင္းသား လူမ်ိဳးေရးရာဝန္ႀကီး ေဒၚေနာ္ပန္းသဥၨာမ်ိဳးက “ ရန္ကုန္တုိင္းေဒသႀကီး ၊ ေတာင္ဥကၠလာပၿမိဳ႕နယ္၌ ၁၉၆၈ ခုႏွစ္ ေတာ္လွန္ေရး ေကာင္စီ လက္ထက္တြင္ ျပည္သူပိုင္ ျပဳလုပ္ခဲ့ေသာ “လွ” ၊ “ေအာင္သိဒၶိ” ႏွင့္ “ပေဒသာ”ရုပ္ရွင္ရံုမ်ား ရိွခ့ဲပါေၾကာင္း၊ “လွ” ရုပ္ရွင္ရံုသည္ ပုဂၢလိကပိုင္ ျပဳလုပ္ေရးေကာ္မရွင္၏ ၁၆.၉.၁၉၉၉ ရက္စြဲပါ အမိန္႕အမွတ္ (၂၁/၉၉) ျဖင့္ ပုဂၢလိကသို႕ အၿပီးေရာင္းခ်ခဲ့ေသာ ရုပ္ရွင္ရံုျဖစ္ၿပီး ပုဂၢလိကပိုင္ ျပဳလုပ္ေရးေကာ္မရွင္၏ ခြင့္ျပဳခ်က္အရ အထည္ခ်ဳပ္လုပ္ငန္း ေဆာင္ရြက္ခြင့္ရရိွ ထားေသာေၾကာင့္ မူလရုပ္ရွင္ျပသျခင္းလုပ္ငန္း ေဆာင္ရြက္ရန္ ကင္းလြတ္ခြင့္ ရရိွထားေသာ ရုပ္ရွင္ရံုျဖစ္ပါေၾကာင္း၊ “ေအာင္သိဒၶိ” ရုပ္ရွင္ရံုမွာ ၁၉၇၄ ခုႏွစ္တြင္ မုန္တိုင္းဒဏ္ေၾကာင့္ ပ်က္စီးခဲ့ၿပီး ၁၉၉၈-၁၉၉၉ ဘ႑ာႏွစ္တြင္ ႏိုင္ငံေတာ္ ေငြလံုးေငြရင္းခြင့္ျပဳရန္ပံုေငြျဖင့္ ျပန္ၾကားေရးႏွင့္ ျပည္သူ႕ဆက္ဆံေရးဦးစီးဌာန၊ ရုပ္ရွင္ျမႇင့္တင္ေရး ဌာနခြဲ (ယခင္ျမန္မာ့ရုပ္ရွင္လုပ္ငန္း) ဝန္ထမ္းအိမ္ရာကို ေဆာက္လုပ္၍ ၁၉၉၉ ခုႏွစ္မွ စ၍ ဝန္ထမ္းမ်ား ေနထိုင္လ်က္ရိွပါေၾကာင္း၊ “ပေဒသာ”ရုပ္ရွင္ရံုမွာ ပုဂၢလိကပိုင္ျပဳလုပ္ေရးေကာ္မရွင္၏ ၁၇-၅-၂၀၁၃ ရက္စြဲပါ အမိန္႕အမွတ္ (၆/၂၀၁၃) အရ ရုပ္ရွင္လုပ္ငန္းေဆာင္ရြက္ရန္ စာခ်ဳပ္ပါစည္းကမ္းျဖင့္ ဦးေမာင္ေမာင္တင္ + ဦးမ်ိဳးေထြးထံသို႕ အၿပီးေရာင္းခ်ခဲ့ေသာ ရုပ္ရွင္ရံုျဖစ္ပါေၾကာင္း၊ “ပေဒသာ” ရုပ္ရွင္ရံုဝယ္ယူသူမွ အထပ္ျမင့္ အေဆာက္အဦ အသစ္အျဖစ္ ျပင္ဆင္တည္ေဆာက္၍ အဆိုပါအေဆာက္အဦ၏ (၄)ထပ္တြင္ လူဦးေရ (၂၆၀) ဆံ့ ရုပ္ရွင္ရံုတစ္ရံု ထည့္သြင္းတည္ေဆာက္ရန္ႏွင့္ အေဆာက္အဦေဆာက္လုပ္ရန္ ေလွ်ာက္ထားသည့္ ကာလအတြင္း လက္ရိွရုပ္ရွင္ရံု အေဆာက္အဦေဟာင္းအား Renovation ျပန္လုပ္ၿပီး ရုပ္ရွင္ ျပသႏုိင္ေရးအတြက္ စီစဥ္ေဆာင္ရြက္လ်က္ ရိွသည္ကို သိရိွရပါေၾကာင္း၊ ျပန္ၾကားေရးႏွင့္ ျပည္သူ႕ဆက္ဆံေရးဦးစီးဌာနအေနျဖင့္ ရုပ္ရွင္ျပသေရးလုပ္ငန္းေဆာင္ရြက္ရန္ႏွင့္ စာခ်ဳပ္ပါ စည္းမ်ဥ္းစည္းကမ္းအတုိင္း လိုက္နာေဆာင္ရြက္ရန္အတြက္ အေၾကာင္းၾကားခဲ့ပါေၾကာင္း၊ ၂၀၁၉ ခုႏွစ္ ဇြန္လ (၂၅) ရက္ေန႕တြင္ ပေဒသာရုပ္ရွင္ရံု၏ ေနာက္ဆံုးအေျခအေနသည္ ရုပ္ရွင္ရံုဝယ္ယူထားသူမွ အေဆာက္အဦသစ္ ေ ဆာက္လုပ္ခြင့္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီသို႕ ခြင့္ျပဳမိန္႕ေလွ်ာက္ထားဆဲျဖစ္ပါေၾကာင္း၊ ျပန္ၾကားေရးႏွင့္ ျပည္သူ႕ဆက္ဆံေရး ဦးစီးဌာနသည္ ႏိုင္ငံပိုင္ရုပ္ရွင္ရံုမ်ားအား Digital စနစ္ျဖင့္ ျပသသည့္ ရုပ္ရွင္ရံုမ်ားအျဖစ္ အဆင့္ျမႇင့္တင္ ေဆာင္ရြက္လ်က္ ရိွသည့္အျပင္ ပုဂၢလိကပုိင္ အဆင့္ျမင့္ရုပ္ရွင္ရံုမ်ား ဖြင့္လွစ္ႏိုင္ေရး တြန္းအားေပး ေဆာင္ရြက္လ်က္ ရွိရာ ၁၉၈၈ ခုႏွစ္က ရန္ကုန္ၿမိဳ႕အတြင္း ဖလင္ျဖင့္ျပသသည့္ ရုပ္ရွင္ရံု (၃၉) ရံုသာရွိခဲ့ေသာ္လည္း ရုပ္ရွင္လုပ္ငန္းလုပ္ကိုင္ေဆာင္ရြက္လိုသည့္ ပုဂၢလိကလုပ္ငန္းရွင္မ်ားအား ဌာနအေနျဖင့္ အားေပးကူညီျခင္းမ်ား ေဆာင္ရြက္ခဲ့သျဖင့္ ရန္ကုန္ၿမိဳ႕တြင္းသာမက တြံေတးၿမိဳ႕နယ္တြင္ပါ ဖြင့္လွစ္ႏုိင္ခဲ့ပါေၾကာင္း ၊ ၂၀၁၉ ခုႏွစ္ ၊ ေဖေဖာ္၀ါရီလမွဇြန္လ (၂၅) ရက္ေန႔အထိ တာေမြၿမိဳ႕နယ္ ၊ Mingalar Cinemas (1,2,3) ၊ မဂၤလာကုမၸဏီလီမိတက္ ၊ တြံေတးၿမိဳ႕နယ္ ၊ Dream Land ၊ ဦးအဏၰဝါပိုင္စိုး ၊ ဒဂံုၿမိဳ႕သစ္ (အေရွ႕ပိုင္း) ၊ ေရႊရတနာ (1,2,3) ၊ ဦးထြန္းလင္း ၊ ကမာရြတ္ၿမိဳ႕နယ္ ၊ JCGV Premium (JS) ၊ ေဒၚနႏၵာဝင္း ၊ ရန္ကင္းၿမိဳ႕နယ္ ၊ Red Radiance (1,2) ၊ ဦးမ်ိဳးမင္း ၊ မရမ္းကုန္းၿမိဳ႕နယ္ ၊ Gold Class (1,2,3) ၊ မဂၤလာကုမၸဏီလီမိတက္ ၊ ဒဂံုၿမိဳ႕သစ္ (ေတာင္ပိုင္း) ၊ Mingalar Cinemas (1,2) ၊ မဂၤလာကုမၸဏီလီမိတက္ (၂၅-၆-၂၀၁၉) ရက္ေန႔အထိ စာရင္းမ်ားအရ ရန္ကုန္တုိင္းေဒသႀကီး အတြင္းရွိ ႏုိင္ငံပိုင္ ရုပ္ရွင္ရံု (၁၂) ရံုအား Digital စနစ္ျဖင့္ျပသသည့္ အဆင့္ျမင့္ရုပ္ရွင္ရံုမ်ားအျဖစ္ ျပဳျပင္ေျပာင္းလဲ ႏုိင္ခဲ့ၿပီး အၿပီးေရာင္းခ်ထားေသာရုပ္ရွင္ရံုမ်ားမွ Digital စနစ္ျဖင့္ျပသသည့္ ရုပ္ရွင္ရံု (၂) ရံု ၊ ပုဂၢလိကလုပ္ငန္းရွင္မ်ား ၏ အစီအစဥ္ျဖင့္ ဖြင့္လွစ္ေသာ ရုပ္ရွင္ရံု (၄၇) ရံု ရန္ကုန္တိုင္းေဒသႀကီးအတြင္း အမ်ားျပသည္သူၾကည့္ ရႈႏုိင္သည့္ အဆင့္ျမင့္ရုပ္ရွင္ရံု စုစုေပါင္း (၆၁) ရံု (ပိတ္ကား-၇၄ခု) ရွိၿပီျဖစ္ပါေၾကာင္း ၊ ယခင္က ဖလင္ျဖင့္ျပသသည့္ ရုပ္ရွင္ရံု (၃၉) ရံုသာရွိခဲ့ရာမွ ယခု Digital စနစ္ျဖင့္ျပသသည့္ ရုပ္ရွင္ရံု (၆၁) ရံု (ပိတ္ကား-၇၄ခု) ရွိသျဖင့္ ရုပ္ရွင္ရံု မ်ားယခင္ထက္ ပိုမိုတိုးတက္လာၿပီးျဖစ္ပါေၾကာင္း ၊ ေတာင္ဥကၠလာပၿမိဳ႕နယ္တြင္ ရုပ္ရွင္ရံုတစ္ရံုတည္ေဆာက္ေပး ရန္ အစီအစဥ္ မရွိပါေၾကာင္းႏွင့္ ေတာင္ဥကၠလာပၿမိဳ႕နယ္တြင္ ရုပ္ရွင္ရံု (တစ္) ရံု ေပၚေပါက္ေရးအတြက္ မူလရုပ္ရွင္ လုပ္ငန္းလုပ္ကိုင္ရန္ အၿပီးေရာင္း Comdition ပါရုပ္ရွင္ရံုျဖစ္သည့္ “ ပေဒသာ “ ရုပ္ရွင္ရံုဝယ္ယူထားသူထံ ျပန္ၾကားေရးဝန္ႀကီးဌာနႏွင့္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕တုိ႔မွ တြန္းအားေပးေဆာင္ရြက္လ်က္ရွိပါေၾကာင္း” ျပန္လည္ေျဖၾကားခဲ့ပါသည္။
 
(unicode)
ရန်ကုန်၊ ဇူလိုင် လ၊ ၃ ရက်၊ ၂၀၁၉
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး နဝမနေ့တွင် တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သစ်သစ်မြင့်က “ တောင်ဥက္ကလာပမြို့နယ်တွင် ရုပ်ရှင်ရုံတစ်ရုံတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်း ” မေးမြန်းရာ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက “ ရန်ကုန်တိုင်းဒေသကြီး ၊ တောင်ဥက္ကလာပမြို့နယ်၌ ၁၉၆၈ ခုနှစ် တော်လှန်ရေး ကောင်စီ လက်ထက်တွင် ပြည်သူပိုင် ပြုလုပ်ခဲ့သော “လှ” ၊ “အောင်သိဒ္ဓိ” နှင့် “ပဒေသာ”ရုပ်ရှင်ရုံများ ရှိခဲ့ပါကြောင်း၊ “လှ” ရုပ်ရှင်ရုံသည် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်၏ ၁၆.၉.၁၉၉၉ ရက်စွဲပါ အမိန့်အမှတ် (၂၁/၉၉) ဖြင့် ပုဂ္ဂလိကသို့ အပြီးရောင်းချခဲ့သော ရုပ်ရှင်ရုံဖြစ်ပြီး ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်၏ ခွင့်ပြုချက်အရ အထည်ချုပ်လုပ်ငန်း ဆောင်ရွက်ခွင့်ရရှိ ထားသောကြောင့် မူလရုပ်ရှင်ပြသခြင်းလုပ်ငန်း ဆောင်ရွက်ရန် ကင်းလွတ်ခွင့် ရရှိထားသော ရုပ်ရှင်ရုံဖြစ်ပါကြောင်း၊ “အောင်သိဒ္ဓိ” ရုပ်ရှင်ရုံမှာ ၁၉၇၄ ခုနှစ်တွင် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့ပြီး ၁၉၉၈-၁၉၉၉ ဘဏ္ဍာနှစ်တွင် နိုင်ငံတော် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေး ဌာနခွဲ (ယခင်မြန်မာ့ရုပ်ရှင်လုပ်ငန်း) ဝန်ထမ်းအိမ်ရာကို ဆောက်လုပ်၍ ၁၉၉၉ ခုနှစ်မှ စ၍ ဝန်ထမ်းများ နေထိုင်လျက်ရှိပါကြောင်း၊ “ပဒေသာ”ရုပ်ရှင်ရုံမှာ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်၏ ၁၇-၅-၂၀၁၃ ရက်စွဲပါ အမိန့်အမှတ် (၆/၂၀၁၃) အရ ရုပ်ရှင်လုပ်ငန်းဆောင်ရွက်ရန် စာချုပ်ပါစည်းကမ်းဖြင့် ဦးမောင်မောင်တင် + ဦးမျိုးထွေးထံသို့ အပြီးရောင်းချခဲ့သော ရုပ်ရှင်ရုံဖြစ်ပါကြောင်း၊ “ပဒေသာ” ရုပ်ရှင်ရုံဝယ်ယူသူမှ အထပ်မြင့် အဆောက်အဦ အသစ်အဖြစ် ပြင်ဆင်တည်ဆောက်၍ အဆိုပါအဆောက်အဦ၏ (၄)ထပ်တွင် လူဦးရေ (၂၆၀) ဆံ့ ရုပ်ရှင်ရုံတစ်ရုံ ထည့်သွင်းတည်ဆောက်ရန်နှင့် အဆောက်အဦဆောက်လုပ်ရန် လျှောက်ထားသည့် ကာလအတွင်း လက်ရှိရုပ်ရှင်ရုံ အဆောက်အဦဟောင်းအား Renovation ပြန်လုပ်ပြီး ရုပ်ရှင် ပြသနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက် ရှိသည်ကို သိရှိရပါကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ရုပ်ရှင်ပြသရေးလုပ်ငန်းဆောင်ရွက်ရန်နှင့် စာချုပ်ပါ စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ရန်အတွက် အကြောင်းကြားခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ် ဇွန်လ (၂၅) ရက်နေ့တွင် ပဒေသာရုပ်ရှင်ရုံ၏ နောက်ဆုံးအခြေအနေသည် ရုပ်ရှင်ရုံဝယ်ယူထားသူမှ အဆောက်အဦသစ် ေ ဆာက်လုပ်ခွင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ ခွင့်ပြုမိန့်လျှောက်ထားဆဲဖြစ်ပါကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် နိုင်ငံပိုင်ရုပ်ရှင်ရုံများအား Digital စနစ်ဖြင့် ပြသသည့် ရုပ်ရှင်ရုံများအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက် ရှိသည့်အပြင် ပုဂ္ဂလိကပိုင် အဆင့်မြင့်ရုပ်ရှင်ရုံများ ဖွင့်လှစ်နိုင်ရေး တွန်းအားပေး ဆောင်ရွက်လျက် ရှိရာ ၁၉၈၈ ခုနှစ်က ရန်ကုန်မြို့အတွင်း ဖလင်ဖြင့်ပြသသည့် ရုပ်ရှင်ရုံ (၃၉) ရုံသာရှိခဲ့သော်လည်း ရုပ်ရှင်လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်လိုသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များအား ဌာနအနေဖြင့် အားပေးကူညီခြင်းများ ဆောင်ရွက်ခဲ့သဖြင့် ရန်ကုန်မြို့တွင်းသာမက တွံတေးမြို့နယ်တွင်ပါ ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း ၊ ၂၀၁၉ ခုနှစ် ၊ ဖေဖော်၀ါရီလမှဇွန်လ (၂၅) ရက်နေ့အထိ တာမွေမြို့နယ် ၊ Mingalar Cinemas (1,2,3) ၊ မင်္ဂလာကုမ္ပဏီလီမိတက် ၊ တွံတေးမြို့နယ် ၊ Dream Land ၊ ဦးအဏ္ဏဝါပိုင်စိုး ၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) ၊ ရွှေရတနာ (1,2,3) ၊ ဦးထွန်းလင်း ၊ ကမာရွတ်မြို့နယ် ၊ JCGV Premium (JS) ၊ ဒေါ်နန္ဒာဝင်း ၊ ရန်ကင်းမြို့နယ် ၊ Red Radiance (1,2) ၊ ဦးမျိုးမင်း ၊ မရမ်းကုန်းမြို့နယ် ၊ Gold Class (1,2,3) ၊ မင်္ဂလာကုမ္ပဏီလီမိတက် ၊ ဒဂုံမြို့သစ် (တောင်ပိုင်း) ၊ Mingalar Cinemas (1,2) ၊ မင်္ဂလာကုမ္ပဏီလီမိတက် (၂၅-၆-၂၀၁၉) ရက်နေ့အထိ စာရင်းများအရ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ နိုင်ငံပိုင် ရုပ်ရှင်ရုံ (၁၂) ရုံအား Digital စနစ်ဖြင့်ပြသသည့် အဆင့်မြင့်ရုပ်ရှင်ရုံများအဖြစ် ပြုပြင်ပြောင်းလဲ နိုင်ခဲ့ပြီး အပြီးရောင်းချထားသောရုပ်ရှင်ရုံများမှ Digital စနစ်ဖြင့်ပြသသည့် ရုပ်ရှင်ရုံ (၂) ရုံ ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ ၏ အစီအစဉ်ဖြင့် ဖွင့်လှစ်သော ရုပ်ရှင်ရုံ (၄၇) ရုံ ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြသည်သူကြည့် ရှုနိုင်သည့် အဆင့်မြင့်ရုပ်ရှင်ရုံ စုစုပေါင်း (၆၁) ရုံ (ပိတ်ကား-၇၄ခု) ရှိပြီဖြစ်ပါကြောင်း ၊ ယခင်က ဖလင်ဖြင့်ပြသသည့် ရုပ်ရှင်ရုံ (၃၉) ရုံသာရှိခဲ့ရာမှ ယခု Digital စနစ်ဖြင့်ပြသသည့် ရုပ်ရှင်ရုံ (၆၁) ရုံ (ပိတ်ကား-၇၄ခု) ရှိသဖြင့် ရုပ်ရှင်ရုံ များယခင်ထက် ပိုမိုတိုးတက်လာပြီးဖြစ်ပါကြောင်း ၊ တောင်ဥက္ကလာပမြို့နယ်တွင် ရုပ်ရှင်ရုံတစ်ရုံတည်ဆောက်ပေး ရန် အစီအစဉ် မရှိပါကြောင်းနှင့် တောင်ဥက္ကလာပမြို့နယ်တွင် ရုပ်ရှင်ရုံ (တစ်) ရုံ ပေါ်ပေါက်ရေးအတွက် မူလရုပ်ရှင် လုပ်ငန်းလုပ်ကိုင်ရန် အပြီးရောင်း Comdition ပါရုပ်ရှင်ရုံဖြစ်သည့် “ ပဒေသာ “ ရုပ်ရှင်ရုံဝယ်ယူထားသူထံ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ တွန်းအားပေးဆောင်ရွက်လျက်ရှိပါကြောင်း” ပြန်လည်ဖြေကြားခဲ့ပါသည်။

About Ygn Editor

Check Also

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ပျက်စီးနေသော လုံခြုံရေးကင်မရာ CCTV များပြင်ဆင်ပေးနိုင်ပါရန်နှင့် လိုအပ်နေသော နေရာများတွင် ထပ်မံတပ်ဆင်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ မေးမြန်း

ရန်ကုန်၊ စက်တင်ဘာလ ၁ ရက်၊ ၂၀၂၀ပြည့်နှစ် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက “ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း …

One comment

  1. M.E.C Mon Electricien Catalan
    44 Rue Henry de Turenne
    66100 Perpignan
    0651212596

    Electricien Perpignan

    I am really enjoying the theme/design of your site.
    Do you ever run into any internet browser compatibility issues?
    A couple of my blog readers have complained about my site not
    operating correctly in Explorer but looks great in Safari.

    Do you have any advice to help fix this issue?

Leave a Reply

Your email address will not be published.