(unicode)
ရန်ကုန်၊ ဇွန်လ၊ ၁၈ ရက်၊ ၂၀၁၉
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး ပထမနေ့ကို ဇွန်လ ၁၈ ရက် နံနက် ၁၀း၀၀ နာရီတွင် ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပရာ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် ဦးရေ ၁၂၂ ဦးအနက် ၉၉ ဦး တက်ရောက်ခဲ့ကြပါသည်။ နဝမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် လွှတ်တော်ကိုယ်စားလှယ်များမှ ကြယ်ပွင့်ပြမေးခွန်း ၃ ခု မေးမြန်းခဲ့ကြသည်။ မေးမြန်းခဲ့ကြသော မေးခွန်းများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သက်ဆိုင်ရာဝန်ကြီးများမှ ပြန်လည်ဖြေကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀၊ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေ စာရင်း(လျာထားချက်)ကို လွှတ်တော်သို့ ပြန်လည်ရှင်းလင်းတင်ပြခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းများဆောင်ရွက်ခဲ့ပါသည်။ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး တတိယနေ့အား ဇွန်လ ၂၀ ရက် (ကြာသပတေးနေ့) နံနက် (၁၀း၀၀) နာရီအချိန်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ပါသည်။
Check Also
၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီတို့၏ စိစစ်လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာများအား လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
ရန်ကုန်၊ စက်တင်ဘာလ ၁ ရက်၊ ၂၀၂၀ပြည့်နှစ် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဥ္စမနေ့တွင် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ …
Why viewers still make use of to read news papers when in this technological globe all
is available on net?