Wednesday , February 19 2020
Breaking News
Home / ပြန်ကြားရေး / ကော့မှူးမြို့နယ်၊ ပညာရည်ချွန်ဆုပေးပွဲနှင့် ကျောင်းဆောင်သစ်ပေးအပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ
ကော့မှူးမြို့နယ်၊ ပညာရည်ချွန်ဆုပေးပွဲနှင့် ကျောင်းဆောင်သစ်ပေးအပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ
(unicode)
ရန်ကုန် ၊ ဇွန်လ ၁၅ ရက် ၊ ၂၀၁၉
၁၅.၆.၂၀၁၉ (စနေနေ့) နံနက်(၉း၀၀)နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ အားကစားခန်းမ၌ ၂၀၁၈-၂၀၁၉ ခု ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်ကောင်းသည့်ကျောင်းများ၊ ဆရာ/ဆရာမများ၊ ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲဆုရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပွဲနှင့် ကျောင်းဆောင်သစ်များ ပေးအပ်လှူဒါန်းသည့် အခမ်းအနား ကျင်းပခဲ့ပါသည်။အဆိုပါအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ပြည်ထောင်စုဒုတိယရှေ့နေ့ချုပ် ဦးဝင်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်ခင်မျိုးကြည်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ယင်းနောက် ကော့မှူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (ညောင်ကုန်း) ကျောင်းဆောင်သစ် ပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆွေဝင်း၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ပြည်ထောင်စု ဒုတိယရှေ့နေ့ချုပ် ဦးဝင်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်ခင်မျိုးကြည်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ဆက်လက်၍ ကော့မှူးမြို့နယ်၊ အခြေခံပညာမူလတန်းလွန်ကျောင်း (ကျုံဖာ)၌ ကျင်းပသည့် ကျောင်းဆောင်သစ် ပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ပြည်ထောင်စု ဒုတိယရှေ့နေ့ချုပ် ဦးဝင်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်ခင်မျိုးကြည်၊ လွှတ်တော် ကိုယ်စားလှယ်များနှင့့် တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။
About Ygn Editor
Check Also
ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၀)ကျင်းပရန် ခေါ်ယူ
ရန်ကုန် ၊ ဖေဖော်ဝါရီ လ ၁၄ ရက် ၊ ၂၀၂၀ ပြည့်နှစ်
Leave a Reply
Your email address will not be published.