Saturday , August 24 2019
Breaking News
Home / ပြန်ကြားရေး / သတင်း / ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၉)ဒုတိယနေ့ကျင်းပ

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၉)ဒုတိယနေ့ကျင်းပ

(unicode)
ရန်ကုန်၊ ဇွန်လ၊ ၁၂ ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၉) ဒုတိယနေ့ကို ဇွန်လ ၁၂ ရက် နံနက် ၁၀း၀၀ နာရီတွင် ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပရာ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် ဦးရေ ၁၂၂ ဦးအနက် ၁၁၂ ဦး တက်ရောက်ခဲ့ကြပါသည်။ ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀၊ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်း(လျာထားချက်) နှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းကော်မတီမှ ငွေကြေးဆိုင်ရာ စိစစ်တွေ့ရှိချက်၊ သုံးသပ်အကြံပြုချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို လွှတ်တော်သို့ဖတ်ကြားတင်ပြခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များမှဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၉) တတိယနေ့အား ဇွန်လ ၁၃ ရက် (ကြာသာပတေးနေ့) နံနက် (၁၀း၀၀) နာရီအချိန်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ပါသည်။

About Ygn Editor

Check Also

ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးစီမံကိန်း၏ အရည်အသွေးစစ်ဆေးရေးနှင့် လက်ခံရေးကော်မတီမှ ကွင်းဆင်းကြည့်ရှု

   ရန်ကုန် သြဂုတ် ၂၃ ရက် ၊ ၂၀၁၉   ၂၃.၈.၂၀၁၉ ရက် နံနက်(၀၈း၃၀) နာရီအချိန်တွင် ဒဂုံမြို့နယ် လွှတ်တော်ဝန်းရှိ ရန်ကုန်တိုင်း …

Leave a Reply

Your email address will not be published. Required fields are marked *