Tuesday , June 18 2019
Breaking News
Home / ပြန်ကြားရေး / သတင်း / ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၉)ပထမနေ့ကျင်းပ

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၉)ပထမနေ့ကျင်းပ

(unicode)
ရန်ကုန်၊ ဇွန်လ၊ ၁၁ ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၉) ပထမနေ့ကို ဇွန်လ ၁၁ ရက် နံနက် ၁၀း၀၀ နာရီတွင် ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပရာ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် ဦးရေ ၁၂၂ ဦးအနက် ၁၁၅ ဦး တက်ရောက်ခဲ့ကြပါသည်။ ကတိသစ္စာမပြုရသေးသော တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁)ဦး ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀၊ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်း(လျာထားချက်)ကို လွှတ်တော်သို့ရှင်းလင်းတင်ပြခြင်းများဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၉) ဒုတိယနေ့အား ဇွန်လ ၁၂ ရက် (ဗုဒ္ဓဟူးနေ့) နံနက် (၁၀း၀၀) နာရီအချိန်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ပါသည်။

About ygneditor11

Check Also

ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀၊ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်း(လျာထားချက်) နှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းကော်မတီ၏ ငွေကြေးဆိုင်ရာ စိစစ်တွေ့ရှိချက်၊ သုံးသပ်အကြံပြုချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ခြင်း

ရန်ကုန်၊ ဇွန်လ၊ ၁၃ ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၉) တတိယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀၊ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်း(လျာထားချက်) …

Leave a Reply

Your email address will not be published. Required fields are marked *