Tuesday , June 18 2019
Breaking News
Home / ပြန်ကြားရေး / သတင်း / ကတိသစ္စာမပြုရသေးသော တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁)ဦး ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း

ကတိသစ္စာမပြုရသေးသော တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁)ဦး ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း

(unicode)
ရန်ကုန်၊ ဇွန်လ၊ ၁၁ ရက်၊ ၂၀၁၉
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၉) ပထမနေ့တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၃ နှင့်အညီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းထားသော တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် ကြည်း ၃၆၄၇၄ ဗိုလ်မှူး ကိုကိုလတ် (အစား) ကြည်း ၃၆၄၇၉ ဗိုလ်မှူး သူအောင်ဇော် အား အစားထိုးပြောင်းလဲကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ၂၂.၄.၂၀၁၉ ရက်နေ့တွင် ကြေညာချက်အမှတ် (၅၆/၂၀၁၉) ဖြင့် ကြေညာခဲ့ပါကြောင်း၊ အဆိုပါ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေ အခန်း ၄၊ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ) အရ ယနေ့ကျင်းပသော လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌ၏ ရှေ့မှောက်၌ ကတိသစ္စာ ပြုပြီး လက်မှတ်ရေးထိုးခဲ့ပါသည်။

About ygneditor11

Check Also

ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀၊ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်း(လျာထားချက်) နှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းကော်မတီ၏ ငွေကြေးဆိုင်ရာ စိစစ်တွေ့ရှိချက်၊ သုံးသပ်အကြံပြုချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ခြင်း

ရန်ကုန်၊ ဇွန်လ၊ ၁၃ ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၉) တတိယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀၊ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်း(လျာထားချက်) …

Leave a Reply

Your email address will not be published. Required fields are marked *