Tuesday , June 18 2019
Breaking News
Home / ကော်မတီ/ကော်မရှင်များ၏ သတင်းများ / ကော်မတီ/အဖွဲ့ / အသင်း / ဒုတိယအကြိမ် (၂၀၁၅-၂၀၂၀) / တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ၊ စိစစ်ရေးကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့တို့တွေ့ဆုံဆွေးနွေး


ရန်ကုန် ၊ ‌မေလ ၂၂ ရက် ၊ ၂၀၁၉
(Unicode)
ရန်ကုန် ၊ ‌မေလ ၂၂ ရက် ၊ ၂၀၁၉
၂၂.၅.၂၀၁၉ ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်မှ နေ့လယ်(၁၂း၃၀)နာရီအချိန်ထိ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ရုံး၊ ပတ္တမြားခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ၊ စိစစ်ရေးကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌဦးလင်းနိုင်မြင့်၊ တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ၊ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်လွင်၊ အတွင်းရေးမှူး ဦးတင်ဝင်းနှင့်ကော်မတီအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ ဦးထွန်းရီ၊ အတွင်းရေးမှူးဦးသန်းဌေးနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး တရားဥပဒေရေးရာကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

About ygneditor11

Check Also

လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ၏ (၂၁/၂၀၁၉) ပုံမှန်အစည်းအဝေးကျင်းပ

ရန်ကုန် ၊ ဇွန်လ ၁၃ ရက် ၊ ၂၀၁၉ ၁၁.၆.၂၀၁၉ ရက်နေ့ နံနက် (၁၁း၀၀)နာရီအချိန်မှ (၁၂း၀၀)နာရီ အချိန်အထိ ဒုတိယအကြိမ် ရန်ကုန်တိုင်း …

Leave a Reply

Your email address will not be published. Required fields are marked *