Sunday , May 26 2019
Breaking News
Home / ျပန္ၾကားေရး / သတင္း / ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ရံုး ဝန္ထမ္းအိမ္ရာ(၆)ခန္းတြဲ(၄)ထပ္ အေဆာက္အဦ(၂)လံုးအတြက္ ၿမိဳ႕ျပ လုပ္ငန္းအား ကြန္ကရစ္အရည္အေသြးထိန္းသိမ္းျခင္းဆိုင္ရာ စာခ်ဳပ္ခ်ဳပ္ဆို

ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ရံုး ဝန္ထမ္းအိမ္ရာ(၆)ခန္းတြဲ(၄)ထပ္ အေဆာက္အဦ(၂)လံုးအတြက္ ၿမိဳ႕ျပ လုပ္ငန္းအား ကြန္ကရစ္အရည္အေသြးထိန္းသိမ္းျခင္းဆိုင္ရာ စာခ်ဳပ္ခ်ဳပ္ဆို

 
ရန္ကုန္၊ ဧၿပီလ ၂၆ ရက္၊ ၂၀၁၉
 
၂၅.၄.၂၀၁၉ ရက္ နံနက္ (၀၉း၃၀)အခ်ိန္တြင္ ဒဂံုၿမိဳ႕နယ၊္ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ရံုး၊ ပတၱျမားခန္းမ၌ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ရံုး ဝန္ထမ္းအိမ္ရာတည္ေဆာက္ေရးတြင္ တင္ဒါ ေအာင္ျမင္ေသာ ကုမၸဏီမ်ားမွ အေကာင္အထည္ေဖာ္ေဆာင္ရြက္လ်က္ရွိသည့္ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ရံုး ဝန္ထမ္းအိမ္ရာ (၆)ခန္းတြဲ(၄)ထပ္ အေဆာက္အဦ(၂)လံုးအတြက္ လွ်ပ္စစ္၊ေရသန္႕၊ ၿမိဳ႕ျပအရည္အေသြးထိန္းသိမ္းျခင္းဆိုင္ရာ စာခ်ဳပ္ခ်ဳပ္ဆိုျခင္း အခမ္းအနားက်င္းပခဲ့ပါသည္။
အဆိုပါအခမ္းအနားသို႕ အရည္အေသြးစစ္ေဆးေရးႏွင့္ လက္ခံေရးေကာ္မတီ ဥကၠ႒ ဦးသာေအာင္ႏွင့္ ေကာ္မတီဝင္မ်ား၊ တင္ဒါေအာင္ျမင္ေသာ ကုမၸဏီမ်ားမွ တာဝန္ရွိသူမ်ားေရွ႕ေမွာက္တြင္ လုပ္ငန္းအပ္ႏွံသူ အရည္အေသြးစစ္ေဆးေရးႏွင့္ လက္ခံေရးေကာ္မတီ အတြင္းေရးမွဴး ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ရံုး၊ ၫႊန္ၾကားေရးမွဴးႏွင့္ လုပ္ငန္းလက္ခံသူ အေဆာက္အဦ သုေတသနဓါတ္ခြဲခန္းမ်ားရံုး အေဆာက္အဦဦးစီးဌာန၊ လက္ေထာက္ၫႊန္ၾကားေရးမွဴး (ၿမိဳ႕ျပ)တို႔သည္ လုပ္ငန္းအပ္ႏွံျခင္း စာခ်ဳပ္အား လက္မွတ္ေရးထိုးခဲ့ၾကပါသည္။
 
(unicode)
ရန်ကုန်၊ ဧပြီလ ၂၆ ရက်၊ ၂၀၁၉
 
၂၅.၄.၂၀၁၉ ရက် နံနက် (၀၉း၃၀)အချိန်တွင် ဒဂုံမြို့နယ၊် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၊ ပတ္တမြားခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းအိမ်ရာတည်ဆောက်ရေးတွင် တင်ဒါ အောင်မြင်သော ကုမ္ပဏီများမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး ဝန်ထမ်းအိမ်ရာ (၆)ခန်းတွဲ(၄)ထပ် အဆောက်အဦ(၂)လုံးအတွက် လျှပ်စစ်၊ရေသန့်၊ မြို့ပြအရည်အသွေးထိန်းသိမ်းခြင်းဆိုင်ရာ စာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ အရည်အသွေးစစ်ဆေးရေးနှင့် လက်ခံရေးကော်မတီ ဥက္ကဋ္ဌ ဦးသာအောင်နှင့် ကော်မတီဝင်များ၊ တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ တာဝန်ရှိသူများရှေ့မှောက်တွင် လုပ်ငန်းအပ်နှံသူ အရည်အသွေးစစ်ဆေးရေးနှင့် လက်ခံရေးကော်မတီ အတွင်းရေးမှူး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးနှင့် လုပ်ငန်းလက်ခံသူ အဆောက်အဦ သုတေသနဓါတ်ခွဲခန်းများရုံး အဆောက်အဦဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)တို့သည် လုပ်ငန်းအပ်နှံခြင်း စာချုပ်အား လက်မှတ်ရေးထိုးခဲ့ကြပါသည်။

About ygneditor11

Check Also

ျပည္သူ႕လႊတ္ေတာ္၊ ပို႕ေဆာင္ေရး၊ ဆက္သြယ္ေရးႏွင့္ ေဆာက္လုပ္ေရးဆိုင္ရာေကာ္မတီႏွင့္ ေတြ႕ဆံု ေဆြးေႏြးျခင္း

၂၂.၅.၂၀၁၉ ရက္ေန႔ ညေန(၄း၃၀) နာရီအခ်ိန္တြင္ ေနျပည္ေတာ္ရွိ လႊတ္ေတာ္ေရးရာေဆာင္ အေဆာင္အမွတ္ (I-9)အစည္းအေဝးခန္းမ၌ ျပည္သူ႕လႊတ္ေတာ္ပို႕ေဆာင္ေရး၊ဆက္သြယ္ေရးႏွင့္ ေဆာက္လုပ္ေရးဆိုင္ရာ ေကာ္မတီႏွင့္ ေတြ႕ဆံုေဆြးေႏြးခဲ့ပါသည္။ အဆိုပါေတြ႕ဆုံေဆြးေႏြးပြဲသို႔ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ဥကၠ႒ ဦးတင္ေမာင္ထြန္း၊ …

Leave a Reply

Your email address will not be published. Required fields are marked *