(Unicode)
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီက ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတောင်းခံမှုအခြေအနေနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်
ရန်ကုန် ၊ ဧပြီလ ၂၃ ရက် ၊ ၂၀၁၉
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီက ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတောင်းခံမှုအခြေအနေနှင့်စပ်လျဉ်း၍ ဌာန/အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ၂၃.၄.၂၀၁၉ ရက် (အင်္ဂါနေ့) နေ့လယ် (၁၃းဝဝ) နာရီမှ (၁၆း၀ဝ) နာရီအထိ ပြည်သူ့ငွေစာရင်းကော်မတီရုံးခန်း တွင်ကျင်းပခဲ့ပြီး ကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်၊ ကော်မတီဒုတိယဥက္ကဋ္ဌ ဦးတင်ဝင်း၊ အတွင်းရေးမှူး ဒေါ်သက်ထားနွယ်ဝင်းနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ အစည်းအဝေးတွင် ရန်ပုံငွေတင်ပြ တောင်းခံထားသည့် မီးသတ်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သတ္တူတွင်း ဦးစီးဌာန(ဆားလုပ်ငန်း)၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)နှင့် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေး နှစ် ရန်ပုံငွေတောင်းခံမှု အခြေအနေနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။