Sunday , May 26 2019
Breaking News
Home / ေမးခြန္းမ်ား / Public Area ပန္းၿခံမ်ား၊ လူသြားလမ္းမ်ား၊ စက္ဘီးစီးရန္ လမ္းမ်ားႏွင့္ သက္ဆုိင္သည့္ေမးခြန္းေမးျမန္း

Public Area ပန္းၿခံမ်ား၊ လူသြားလမ္းမ်ား၊ စက္ဘီးစီးရန္ လမ္းမ်ားႏွင့္ သက္ဆုိင္သည့္ေမးခြန္းေမးျမန္း

ရန္ကုန္၊ မတ္လ၊ ၄ ရက္၊ ၂၀၁၉
ဒုတိယအႀကိမ္ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ အ႒မပံုမွန္အစည္းအေဝး (၁၈) ရက္ေျမာက္ေန႕တြင္ လသာၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္(၂) ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္မင္းဟန္က “ ရန္ကုန္ၿမိဳ႕ေတာ္အတြင္း ၿမို႕နယ္အလိုက္ လူဦးေရႏွင့္အညီ Public Area ပန္းၿခံမ်ား၊ လူသြားလမ္းမ်ား၊ စက္ဘီးစီးရန္ လမ္းမ်ား ေဆာင္ရြက္ရန္ အစီအစဥ္ ရိွ/မရိွ ” ေမးျမန္းခဲ့ရာ စည္ပင္သာယာေရးဝန္ႀကီး ဦးေမာင္ေမာင္စိုးက “ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီသည္ ရန္ကုန္ၿမိဳ႕ေတာ္ႀကီးကို ႏိုင္ငံတကာအဆင့္မွီ ၿမိဳ႕ေတာ္ႀကီး ျဖစ္လာေစေရးအတြက္ ရန္ကုန္တုိင္းေဒသႀကီးအစိုးရအဖြဲ႕၏ ႀကီးၾကပ္ကြပ္ကဲမွဳျဖင့္ ၿမိဳ႕ျပအဂၤါရပ္ႏွင့္အညီ ၿမိဳ႕ျပစီမံကိန္းမ်ား စနစ္တက်ေရးဆြဲအေကာင္အထည္ေဖာ္ေဆာင္ရြက္လ်က္ ရိွပါေၾကာင္း၊ ထိုသို႕ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ရာတြင္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး နယ္နိမိတ္အတြင္းတြင္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီမွ စီမံခန္႕ခြဲေဆာင္ရြက္လ်က္ရိွေသာ ပန္းၿခံ (၆၁)ခုႏွင့္ ကစားကြင္း (၁၁၈)ခုတည္ရိွပါေၾကာင္း ၊ ရန္ကုန္ၿမိဳ႕ေတာ္၏ လက္ရိွ လူဦးေရတည္ရွိမွဳအရ လူတစ္ဦးခ်င္းစီအတြက္ စိမ္းလန္းေျမဧရိယာမွာ (၅.၀၂) စတုရန္းေပ ျဖစ္ပါေၾကာင္း၊ ထုိသို႕ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ တာဝန္ယူႀကီးၾကပ္ စီမံခန္႕ခြဲလ်က္ရိွသည့္ ပန္းၿခံႏွင့္အားကစားကြင္းမ်ား အဆင့္ျမႇင့္တင္ျခင္းဆိုင္ရာ လုပ္ငန္းမ်ားကိုလည္း ဘ႑ာေရးႏွစ္အလိုက္ ဘ႑ာေငြ လ်ာထားေဆာင္ရြက္လ်က္ရိွပါေၾကာင္း၊ ရန္ကုန္ၿမိဳ႕ေတာ္၏ ၿမိဳ႕တြင္း၊ ၿမိဳ႕နယ္ (၆) ၿမိဳ႕နယ္အတြင္း လူသြားလမ္းမ်ား အဆင့္ျမႇင့္တင္ရန္ လုပ္ငန္းစဥ္မ်ားႏွင့္စပ္လ်ဥ္း၍လည္း အဓိကအဖြဲ႕ (၂)ဖြဲ႕ျဖင့္ ေလ့လာဆန္းစစ္မွဳမ်ား ျပဳလုပ္လ်က္ ရိွပါေၾကာင္းႏွင့္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ အေနျဖင့္လည္း ဘ႑ာေရးႏွစ္အလိုက္ ဘ႑ာေငြရရိွမွဳအေပၚ မူတည္၍ အေကာင္အထည္ေဖာ္ ေဆာင္ရြက္လ်က္ရိွပါေၾကာင္း၊ လသာၿမိဳ႕နယ္ Public Area တြင္ Community Center ကိုရွာရန္အစီအစဥ္ရိွပါေၾကာင္းႏွင့္ တျခားရန္ကုန္တိုင္းအတြင္းရိွ ၿမိဳ႕နယ္မ်ားတြင္လည္း အေလးထားေဆာင္ရြက္ေနပါေၾကာင္း ” ျပန္လည္ေျဖၾကားခဲ့ပါသည္။
 
(unicode)
 
ရန်ကုန်၊ မတ်လ၊ ၄ ရက်၊ ၂၀၁၉
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့တွင် လသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန်က “ ရန်ကုန်မြို့တော်အတွင်း မြို့နယ်အလိုက် လူဦးရေနှင့်အညီ Public Area ပန်းခြံများ၊ လူသွားလမ်းများ၊ စက်ဘီးစီးရန် လမ်းများ ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ ” မေးမြန်းခဲ့ရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်ကြီးကို နိုင်ငံတကာအဆင့်မှီ မြို့တော်ကြီး ဖြစ်လာစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့ပြအင်္ဂါရပ်နှင့်အညီ မြို့ပြစီမံကိန်းများ စနစ်တကျရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ စီမံခန့်ခွဲဆောင်ရွက်လျက်ရှိသော ပန်းခြံ (၆၁)ခုနှင့် ကစားကွင်း (၁၁၈)ခုတည်ရှိပါကြောင်း ၊ ရန်ကုန်မြို့တော်၏ လက်ရှိ လူဦးရေတည်ရှိမှုအရ လူတစ်ဦးချင်းစီအတွက် စိမ်းလန်းမြေဧရိယာမှာ (၅.၀၂) စတုရန်းပေ ဖြစ်ပါကြောင်း၊ ထိုသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူကြီးကြပ် စီမံခန့်ခွဲလျက်ရှိသည့် ပန်းခြံနှင့်အားကစားကွင်းများ အဆင့်မြှင့်တင်ခြင်းဆိုင်ရာ လုပ်ငန်းများကိုလည်း ဘဏ္ဍာရေးနှစ်အလိုက် ဘဏ္ဍာငွေ လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်မြို့တော်၏ မြို့တွင်း၊ မြို့နယ် (၆) မြို့နယ်အတွင်း လူသွားလမ်းများ အဆင့်မြှင့်တင်ရန် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍လည်း အဓိကအဖွဲ့ (၂)ဖွဲ့ဖြင့် လေ့လာဆန်းစစ်မှုများ ပြုလုပ်လျက် ရှိပါကြောင်းနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အနေဖြင့်လည်း ဘဏ္ဍာရေးနှစ်အလိုက် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လသာမြို့နယ် Public Area တွင် Community Center ကိုရှာရန်အစီအစဉ်ရှိပါကြောင်းနှင့် တခြားရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင်လည်း အလေးထားဆောင်ရွက်နေပါကြောင်း ” ပြန်လည်ဖြေကြားခဲ့ပါသည်။

About ygneditor11

Check Also

အပန္းေျဖႏိုင္သည့္ ေနရာမ်ားအျဖစ္ စီမံေဆာင္ရြက္ေပးရန္ ႏွင့္ သက္ဆုိင္သည့္ေမးခြန္းေမးျမန္း

ရန္ကုန္၊ မတ္လ၊ ၄ ရက္၊ ၂၀၁၉ ဒုတိယအႀကိမ္ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ အ႒မပံုမွန္အစည္းအေဝး (၁၈) ရက္ေျမာက္ေန႕တြင္ သဃၤန္းကၽြန္းၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္(၁) ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေနမ်ိဳးေက်ာ္(ခ)ေနဘုန္းလတ္က “ …

Leave a Reply

Your email address will not be published. Required fields are marked *