Thursday , May 28 2020
Breaking News
Home / မေးခွန်းများ / ေတာင္ဥကၠလာပၿမိဳ႕နယ္တြင္ ခန္းမတည္ေဆာက္ႏိုင္ေရးႏွင့္သက္ဆုိင္သည့္ေမးခြန္းေမးျမန္း

ေတာင္ဥကၠလာပၿမိဳ႕နယ္တြင္ ခန္းမတည္ေဆာက္ႏိုင္ေရးႏွင့္သက္ဆုိင္သည့္ေမးခြန္းေမးျမန္း

ရန္ကုန္၊ မတ္လ၊ ၄ ရက္၊ ၂၀၁၉
ဒုတိယအႀကိမ္ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ အ႒မပံုမွန္အစည္းအေဝး (၁၈) ရက္ေျမာက္ေန႕တြင္ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္(၁) ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚသစ္သစ္ျမင့္က “ ေတာင္ဥကၠလာပၿမိဳ႕နယ္တြင္ ခန္းမတည္ေဆာက္ႏိုင္ရန္ (၁၁)ရပ္ကြက္ ၿမိဳ႕နယ္မီးသတ္စခန္းေနာက္ က်ိဳကၠဆံေခ်ာင္းေဘးရိွ ေပ (၁၀၀) ပတ္လည္ေျမေနရာတြင္ တည္ေဆာက္ေပးရန္ အစီအစဥ္ရိွ/မရိွ ” ေမးျမန္းခဲ့ရာ စည္ပင္သာယာေရးဝန္ႀကီး ဦးေမာင္ေမာင္စိုးက “ေမးခြန္းပါေျမေနရာသည္ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ (၁၁)ရပ္ကြက္၊ ေမတၱာလမ္းေပၚရွိ မီးသတ္ေရကန္ႏွင့္ ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕အေနာက္ဘက္ က်ိဳကၠဆံေခ်ာင္းအနီးတြင္ တည္ရိွပါေၾကာင္း၊ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီရိွ ၿမိဳ႕ေျမစာရင္း (Town Land Roll) ႏွင့္ ၿမိဳ႕ကြက္က်ေျမပံု (Block Map)တုိ႕တြင္ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ ေျမတိုင္းရပ္ကြက္အမွတ္ ၁၁ တုိးခ်ဲ႕၊ ေျမကြက္အမွတ္ ၅၅၉ /ဘီ၊ ဧရိယာ ၀.၈၅ ဧက (၃၇၀၂၆ စတုရန္းေပ) ၄၀၀ × ၃၅ / ၂၀၀၊ ေျမအမ်ိဳးအစား ႏွစ္(၆၀) ေျမငွားစာခ်ဳပ္ (ဂရန္)၊ ဂရသ (ထူး)/တဥ- ၀၀၂/၂၀၁၅ (၂၇.၁.၂၀၁၅) ၊ ေျမအမည္ေပါက္ ေဒၚခင္ေဌးရီ ဟူ၍ မွတ္သားထားရိွပါေၾကာင္း၊ ေျမျပင္ကြင္းဆင္း စိစစ္ခဲ့ရာတြင္ ေျမျပင္ကြက္လပ္ျဖစ္ၿပီး ၿခံဳႏြယ္မ်ား တည္ရိွပါေၾကာင္း၊ ေမးခြန္းႏွင့္စပ္လ်ဥ္း၍ အဆိုျပဳတင္ျပ ေျမေနရာသည္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီရိွ ၿမိဳ႕ေျမစာရင္း (Town Land Roll) ႏွင့္ၿမိဳ႕ကြက္က်ေျမပံု (Block Map) တို႕တြင္ ပုဂၢလိအမည္ေပါက္ ပိုင္ဆုိင္မွဳတည္ရိွၿပီးျဖစ္ေသာ ႏွစ္ (၆၀) ေျမငွားစာခ်ဳပ္ (ဂရန္) ေျမအမ်ိဳးအစား ျဖစ္သည့္အတြက္ ခြင့္ျပဳေဆာင္ရြက္မရပါ၍ တစ္ျခားေနရာကို ရွာေဖြေနပါေၾကာင္း ” ျပန္လည္ေျဖၾကားခဲ့ပါသည္။
 
(unicode)
 
ရန်ကုန်၊ မတ်လ၊ ၄ ရက်၊ ၂၀၁၉
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့တွင် တောင်ဥက္ကလာပမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သစ်သစ်မြင့်က “ တောင်ဥက္ကလာပမြို့နယ်တွင် ခန်းမတည်ဆောက်နိုင်ရန် (၁၁)ရပ်ကွက် မြို့နယ်မီးသတ်စခန်းနောက် ကျိုက္ကဆံချောင်းဘေးရှိ ပေ (၁၀၀) ပတ်လည်မြေနေရာတွင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ ” မေးမြန်းခဲ့ရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “မေးခွန်းပါမြေနေရာသည် တောင်ဥက္ကလာပမြို့နယ်၊ (၁၁)ရပ်ကွက်၊ မေတ္တာလမ်းပေါ်ရှိ မီးသတ်ရေကန်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့အနောက်ဘက် ကျိုက္ကဆံချောင်းအနီးတွင် တည်ရှိပါကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီရှိ မြို့မြေစာရင်း (Town Land Roll) နှင့် မြို့ကွက်ကျမြေပုံ (Block Map)တို့တွင် တောင်ဥက္ကလာပမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် ၁၁ တိုးချဲ့၊ မြေကွက်အမှတ် ၅၅၉ /ဘီ၊ ဧရိယာ ၀.၈၅ ဧက (၃၇၀၂၆ စတုရန်းပေ) ၄၀၀ × ၃၅ / ၂၀၀၊ မြေအမျိုးအစား နှစ်(၆၀) မြေငှားစာချုပ် (ဂရန်)၊ ဂရသ (ထူး)/တဥ- ၀၀၂/၂၀၁၅ (၂၇.၁.၂၀၁၅) ၊ မြေအမည်ပေါက် ဒေါ်ခင်ဌေးရီ ဟူ၍ မှတ်သားထားရှိပါကြောင်း၊ မြေပြင်ကွင်းဆင်း စိစစ်ခဲ့ရာတွင် မြေပြင်ကွက်လပ်ဖြစ်ပြီး ခြုံနွယ်များ တည်ရှိပါကြောင်း၊ မေးခွန်းနှင့်စပ်လျဉ်း၍ အဆိုပြုတင်ပြ မြေနေရာသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရှိ မြို့မြေစာရင်း (Town Land Roll) နှင့်မြို့ကွက်ကျမြေပုံ (Block Map) တို့တွင် ပုဂ္ဂလိအမည်ပေါက် ပိုင်ဆိုင်မှုတည်ရှိပြီးဖြစ်သော နှစ် (၆၀) မြေငှားစာချုပ် (ဂရန်) မြေအမျိုးအစား ဖြစ်သည့်အတွက် ခွင့်ပြုဆောင်ရွက်မရပါ၍ တစ်ခြားနေရာကို ရှာဖွေနေပါကြောင်း ” ပြန်လည်ဖြေကြားခဲ့ပါသည်။

About Ygn Editor

Check Also

ယနေ့လေလွင့်ကလေးငယ်များအပါအဝင် ကျောင်းသား/ကျောင်းသူအချို့ပါ သုံးစွဲဆောင်ရွက်နေသည့် အရပ် အခေါ် ကော်ရှူခြင်းကိစ္စရပ်နှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများ မထုတ်ပြန်မီကာလအတွင်း လူ့စွမ်းအား အရင်းအမြစ်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးအရအဖွဲ့က မည်ကဲ့သို့စီမံ လုပ်ဆောင်ပေးနိုင်မည်ကို မေးမြန်း

  ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၆ ရက်၊ ၂၀၂၀ပြည့်နှစ်                                                                            ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀) ပဉ္စမနေ့တွင် အလုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက “ …

Leave a Reply

Your email address will not be published.