Sunday , May 26 2019
Breaking News
Home / ေမးခြန္းမ်ား / အပန္းေျဖႏိုင္သည့္ ေနရာမ်ားအျဖစ္ စီမံေဆာင္ရြက္ေပးရန္ ႏွင့္ သက္ဆုိင္သည့္ေမးခြန္းေမးျမန္း

အပန္းေျဖႏိုင္သည့္ ေနရာမ်ားအျဖစ္ စီမံေဆာင္ရြက္ေပးရန္ ႏွင့္ သက္ဆုိင္သည့္ေမးခြန္းေမးျမန္း

ရန္ကုန္၊ မတ္လ၊ ၄ ရက္၊ ၂၀၁၉
ဒုတိယအႀကိမ္ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ အ႒မပံုမွန္အစည္းအေဝး (၁၈) ရက္ေျမာက္ေန႕တြင္ သဃၤန္းကၽြန္းၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္(၁) ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေနမ်ိဳးေက်ာ္(ခ)ေနဘုန္းလတ္က “ သဃၤန္းကၽြန္း ၿမိဳ႕နယ္အတြင္းရိွ ငမိုးရိပ္ေခ်ာင္းကမ္းပါးေနရာမ်ားအား အမ်ားျပည္သူအနားယူ အပန္းေျဖႏိုင္သည့္ ေနရာမ်ားအျဖစ္ စီမံေဆာင္ရြက္ေပးရန္ အစီအစဥ္ ရိွ/မရိွ ” ေမးျမန္းခဲ့ရာ စည္ပင္သာယာေရးဝန္ႀကီး ဦးေမာင္ေမာင္စိုးက “ ရန္ကုန္ၿမိဳ႕ေတာ္ အတြင္းရိွ ငမိုးရိပ္ေခ်ာင္းကမ္းပါးနယ္နိမိတ္တစ္ေလွ်ာက္တြင္ စိမ္းလန္းသာယာေစေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရး လုပ္ငန္းစဥ္မ်ား ေဆာင္ရြက္ရန္အလို႕ငွာ ျပင္သစ္ႏုိင္ငံဖြံ႕ၿဖိဳးေရး ေအဂ်င္စီ (AFD) ၏ အေထာက္အပံ့ျဖင့္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ရန္ လ်ာထားစီစဥ္ခဲ့ေသာ္လည္း ၁၃.၁၂.၂၀၁၈ ရက္ေန႕တြင္ က်င္းပျပဳလုပ္ေသာ ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ ဒႆမပံုမွန္အစည္းအေဝး နဝမေန႕၌ စီမံကိန္းႏွင့္ ပတ္သက္၍ လႊတ္ေတာ္သေဘာထားရယူခဲ့ရာ ေထာက္ခံမဲ (၃၄)မဲ၊ ၾကားေနမဲ (၆)မဲ၊ ကန္႕ကြက္မဲ (၄၉၇)မဲ ျဖစ္၍ အေထာက္အပံ့ေခ်းေငြရယူရန္ ျပည္ေထာင္စုလႊတ္ေတာ္မွ သေဘာတူညီမွဳ မရခဲ့သျဖင့္ စီမံကိန္းအေကာင္ထည္ေဖာ္ ေဆာင္ရြက္ႏိုင္မွဳ မရိွခဲ့ျခင္းျဖစ္ပါေၾကာင္း၊ အဆုိပါစီမံကိန္းႏွင့္ စပ္လ်ဥ္း၍ လက္ရိွအေျခအေနတြင္ ေျမျပင္ကြင္းဆင္း စိစစ္ျခင္းမ်ား၊ ေဆြးေႏြးညႇိႏွိဳင္းအေကာင္အထည္ေဖာ္ ေဆာင္ရြက္ျခင္းမ်ား ဆက္လက္ေဆာင္ရြက္ဆဲ အေျခအေနတြင္ ရိွၿပီး အဆိုပါစီမံကိန္းအေကာင္အထည္ေဖာ္ ေဆာင္ရြက္ႏုိင္ေရးအတြက္လည္း ရန္ကုန္တုိင္းေဒသႀကီး လႊတ္ေတာ္သို႕ ဘ႑ာေငြလ်ာထား၍ အဆိုျပဳတင္ျပအတည္ျပဳခ်က္ရယူေဆာင္ရြက္ႏိုင္ေရးကို စီစဥ္ေဆာင္ရြက္လ်က္ ရိွပါေၾကာင္း၊ တံတားေအာက္တြင္ လြတ္သြားေသာေနရာမ်ားအား Community Center အျဖစ္ စီစဥ္ေပးေနပါေၾကာင္း ” ျပန္လည္ေျဖၾကားခဲ့ပါသည္။
 
(unicode)
ရန်ကုန်၊ မတ်လ၊ ၄ ရက်၊ ၂၀၁၉
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်(ခ)နေဘုန်းလတ်က “ သင်္ဃန်းကျွန်း မြို့နယ်အတွင်းရှိ ငမိုးရိပ်ချောင်းကမ်းပါးနေရာများအား အများပြည်သူအနားယူ အပန်းဖြေနိုင်သည့် နေရာများအဖြစ် စီမံဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ ” မေးမြန်းခဲ့ရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “ ရန်ကုန်မြို့တော် အတွင်းရှိ ငမိုးရိပ်ချောင်းကမ်းပါးနယ်နိမိတ်တစ်လျှောက်တွင် စိမ်းလန်းသာယာစေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်အလို့ငှာ ပြင်သစ်နိုင်ငံဖွံ့ဖြိုးရေး အေဂျင်စီ (AFD) ၏ အထောက်အပံ့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် လျာထားစီစဉ်ခဲ့သော်လည်း ၁၃.၁၂.၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒဿမပုံမှန်အစည်းအဝေး နဝမနေ့၌ စီမံကိန်းနှင့် ပတ်သက်၍ လွှတ်တော်သဘောထားရယူခဲ့ရာ ထောက်ခံမဲ (၃၄)မဲ၊ ကြားနေမဲ (၆)မဲ၊ ကန့်ကွက်မဲ (၄၉၇)မဲ ဖြစ်၍ အထောက်အပံ့ချေးငွေရယူရန် ပြည်ထောင်စုလွှတ်တော်မှ သဘောတူညီမှု မရခဲ့သဖြင့် စီမံကိန်းအကောင်ထည်ဖော် ဆောင်ရွက်နိုင်မှု မရှိခဲ့ခြင်းဖြစ်ပါကြောင်း၊ အဆိုပါစီမံကိန်းနှင့် စပ်လျဉ်း၍ လက်ရှိအခြေအနေတွင် မြေပြင်ကွင်းဆင်း စိစစ်ခြင်းများ၊ ဆွေးနွေးညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းများ ဆက်လက်ဆောင်ရွက်ဆဲ အခြေအနေတွင် ရှိပြီး အဆိုပါစီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်လည်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ ဘဏ္ဍာငွေလျာထား၍ အဆိုပြုတင်ပြအတည်ပြုချက်ရယူဆောင်ရွက်နိုင်ရေးကို စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ တံတားအောက်တွင် လွတ်သွားသောနေရာများအား Community Center အဖြစ် စီစဉ်ပေးနေပါကြောင်း ” ပြန်လည်ဖြေကြားခဲ့ပါသည်။

About ygneditor11

Check Also

Public Area ပန္းၿခံမ်ား၊ လူသြားလမ္းမ်ား၊ စက္ဘီးစီးရန္ လမ္းမ်ားႏွင့္ သက္ဆုိင္သည့္ေမးခြန္းေမးျမန္း

ရန္ကုန္၊ မတ္လ၊ ၄ ရက္၊ ၂၀၁၉ ဒုတိယအႀကိမ္ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ အ႒မပံုမွန္အစည္းအေဝး (၁၈) ရက္ေျမာက္ေန႕တြင္ လသာၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္(၂) ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္မင္းဟန္က “ …

Leave a Reply

Your email address will not be published. Required fields are marked *