Thursday , May 28 2020
Breaking News
Home / မေးခွန်းများ / လမ္းဆံု၊ လမ္းခြမဟုတ္ေသာ လူကူးမ်ဥ္းၾကားမ်ားတြင္ လူကူးမီးပိြဳင့္တပ္ဆင္ေပးရန္ အစီအစဥ္ရိွ/မရိွ၊ မရိွပါက မည္သည့္အတြက္ေၾကာင့္ ျဖစ္သည္ သက္ဆုိင္သည့္ေမးခြန္းေမးျမန္း

လမ္းဆံု၊ လမ္းခြမဟုတ္ေသာ လူကူးမ်ဥ္းၾကားမ်ားတြင္ လူကူးမီးပိြဳင့္တပ္ဆင္ေပးရန္ အစီအစဥ္ရိွ/မရိွ၊ မရိွပါက မည္သည့္အတြက္ေၾကာင့္ ျဖစ္သည္ သက္ဆုိင္သည့္ေမးခြန္းေမးျမန္း

ရန္ကုန္၊ မတ္လ၊ ၁ ရက္၊ ၂၀၁၉
ဒုတိယအႀကိမ္ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ အ႒မပံုမွန္အစည္းအေဝး (၁၇) ရက္ေျမာက္ေန႕တြင္ စမ္းေခ်ာင္းၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္(၁) ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္မ်ိဳးက “လမ္းဆံု၊ လမ္းခြမဟုတ္ေသာ လူကူးမ်ဥ္းၾကားမ်ားတြင္ လူကူးမီးပိြဳင့္တပ္ဆင္ေပးရန္ အစီအစဥ္ရိွ/မရိွ၊ မရိွပါက မည္သည့္အတြက္ေၾကာင့္ ျဖစ္သည္ ” ေမးျမန္းခဲ့ရာ စည္ပင္သာယာေရးဝန္ႀကီး ဦးေမာင္ေမာင္စိုးက “ မီးပိြဳင့္တပ္ဆင္မွဳ၊ အရွိန္ထိန္းမိွတ္တုတ္မီးဝါ (Warning Flasher) မ်ား၊ မ်ဥ္းမ်ားေဆးဆြဲရမည့္ေနရာမ်ားကို YCDC က ေဆာင္ရြက္ေပးရၿပီး လမ္းပန္းဆက္သြယ္ေရးဌာနႏွင့္ ေမာ္ေတာ္ယာဥ္ဌာနမွ Survey ဆင္းပါေၾကာင္း၊ ရန္ကုန္ၿမိဳ႕ေတာ္နယ္နိမိတ္အတြင္း အဓိက်ေသာ မီးပိြဳင့္ Junction (၂၀) ေနရာအား လူကူးမီးနီစိမ္း စနစ္ တပ္ဆင္ေပးထားၿပီး ၄င္းအခ်က္ျပမီးသည္ မီးပိြဳင့္၏ Control စနစ္ျဖင့္ ခ်ိတ္ဆက္အသံုးျပဳေဆာင္ရြက္ထားျခင္း ျဖစ္ပါေၾကာင္း၊ ရန္ကုန္ၿမိဳ႕တြင္ လူကူးမ်ဥ္းက်ား (၃၂၅) ခု ေရးဆြဲေဆာင္ရြက္ေပးထားၿပီး အခ်ိဳ႕ ေဆးရံု၊ ေက်ာင္း၊ ေစ်းအနီးႏွင့္ လူကူးမ်ဥ္းက်ား (၂၆) ေနရာတြင္ အရွိန္ထိန္းမိွတ္တုတ္မီးဝါ (Warning Flasher) မ်ား တပ္ဆင္ေပးထားၿပီး ျဖစ္ပါေၾကာင္း၊ ယခုအခါ ရန္ကုန္ၿမိဳ႕ေတာ္နယ္နိမိတ္အတြင္း ေမာ္ေတာ္ယာဥ္အစီးေရ တိုးတက္မ်ားျပားလာၿပီး ယာဥ္ေၾကာ ၾကပ္တည္းမွဳမ်ား ျဖစ္ေပၚလာမွဳေၾကာင့္ လူကူးမ်ဥ္းက်ားေနရာမ်ားတြင္ မီးနီမီးစိမ္းစနစ္ တပ္ဆင္ပါက ယာဥ္ေၾကာပိတ္ဆို႕မွဳမ်ား ပုိမိုျဖစ္ေပၚလာႏိုင္ပါေၾကာင္း၊ သို႕ျဖစ္ပါ၍ မီးပြိဳင့္ Junction မဟုတ္ေသာ လူကူးမ်ဥ္းက်ား ေနရာမ်ားတြင္ ေျမျပင္ကြင္းဆင္း စစ္ေဆး၍ အေရးႀကီးေနရာမ်ား (စာသင္ေက်ာင္း၊ ေဆးရံု၊ ေစ်း) ေနရာမ်ားတြင္ (Warning Flasher) မ်ား တပ္ဆင္ပါေၾကာင္း၊ ကိုယ္စားလွယ္ႀကီးတင္ျပသည့္စာရင္းမ်ားတြင္ အေရးႀကီးသည့္ ေနရာမ်ားကို ဆက္လက္တပ္ဆင္ေပးသြားမည္ျဖစ္ပါေၾကာင္း ” ျပန္လည္ေျဖၾကားခဲ့ပါသည္။
 
(unicode)
ရန်ကုန်၊ မတ်လ၊ ၁ ရက်၊ ၂၀၁၉
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့တွင် စမ်းချောင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးက “လမ်းဆုံ၊ လမ်းခွမဟုတ်သော လူကူးမျဉ်းကြားများတွင် လူကူးမီးပွိုင့်တပ်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိ၊ မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည် ” မေးမြန်းခဲ့ရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “ မီးပွိုင့်တပ်ဆင်မှု၊ အရှိန်ထိန်းမှိတ်တုတ်မီးဝါ (Warning Flasher) များ၊ မျဉ်းများဆေးဆွဲရမည့်နေရာများကို YCDC က ဆောင်ရွက်ပေးရပြီး လမ်းပန်းဆက်သွယ်ရေးဌာနနှင့် မော်တော်ယာဉ်ဌာနမှ Survey ဆင်းပါကြောင်း၊ ရန်ကုန်မြို့တော်နယ်နိမိတ်အတွင်း အဓိကျသော မီးပွိုင့် Junction (၂၀) နေရာအား လူကူးမီးနီစိမ်း စနစ် တပ်ဆင်ပေးထားပြီး ၄င်းအချက်ပြမီးသည် မီးပွိုင့်၏ Control စနစ်ဖြင့် ချိတ်ဆက်အသုံးပြုဆောင်ရွက်ထားခြင်း ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့တွင် လူကူးမျဉ်းကျား (၃၂၅) ခု ရေးဆွဲဆောင်ရွက်ပေးထားပြီး အချို့ ဆေးရုံ၊ ကျောင်း၊ ဈေးအနီးနှင့် လူကူးမျဉ်းကျား (၂၆) နေရာတွင် အရှိန်ထိန်းမှိတ်တုတ်မီးဝါ (Warning Flasher) များ တပ်ဆင်ပေးထားပြီး ဖြစ်ပါကြောင်း၊ ယခုအခါ ရန်ကုန်မြို့တော်နယ်နိမိတ်အတွင်း မော်တော်ယာဉ်အစီးရေ တိုးတက်များပြားလာပြီး ယာဉ်ကြော ကြပ်တည်းမှုများ ဖြစ်ပေါ်လာမှုကြောင့် လူကူးမျဉ်းကျားနေရာများတွင် မီးနီမီးစိမ်းစနစ် တပ်ဆင်ပါက ယာဉ်ကြောပိတ်ဆို့မှုများ ပိုမိုဖြစ်ပေါ်လာနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ မီးပွိုင့် Junction မဟုတ်သော လူကူးမျဉ်းကျား နေရာများတွင် မြေပြင်ကွင်းဆင်း စစ်ဆေး၍ အရေးကြီးနေရာများ (စာသင်ကျောင်း၊ ဆေးရုံ၊ ဈေး) နေရာများတွင် (Warning Flasher) များ တပ်ဆင်ပါကြောင်း၊ ကိုယ်စားလှယ်ကြီးတင်ပြသည့်စာရင်းများတွင် အရေးကြီးသည့် နေရာများကို ဆက်လက်တပ်ဆင်ပေးသွားမည်ဖြစ်ပါကြောင်း ” ပြန်လည်ဖြေကြားခဲ့ပါသည်။

About Ygn Editor

Check Also

ယနေ့လေလွင့်ကလေးငယ်များအပါအဝင် ကျောင်းသား/ကျောင်းသူအချို့ပါ သုံးစွဲဆောင်ရွက်နေသည့် အရပ် အခေါ် ကော်ရှူခြင်းကိစ္စရပ်နှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများ မထုတ်ပြန်မီကာလအတွင်း လူ့စွမ်းအား အရင်းအမြစ်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးအရအဖွဲ့က မည်ကဲ့သို့စီမံ လုပ်ဆောင်ပေးနိုင်မည်ကို မေးမြန်း

  ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၆ ရက်၊ ၂၀၂၀ပြည့်နှစ်                                                                            ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀) ပဉ္စမနေ့တွင် အလုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက “ …

Leave a Reply

Your email address will not be published.