ရန္ကုန္၊ ေဖေဖၚဝါရီလ၊ ၂၈ ရက္၊ ၂၀၁၉
ဒုတိယအႀကိမ္ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ အ႒မပံုမွန္အစည္းအေဝး (၁၆) ရက္ေျမာက္ေန႕တြင္ ဗိုလ္တေထာင္္ၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္(၁) ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ထူးက “ဗိုလ္တေထာင္ၿမိဳ႕နယ္သည္ ရန္ကုန္ၿမိဳ႕အတြင္း၌ တည္ရိွေသာ္လည္း ၿမိဳ႕နယ္ဌာနဆိုင္ရာရံုးခန္းမ်ား အတည္တက်မရိွသျဖင့္ လုပ္ငန္းေဆာင္ရြက္ရာတြင္ ေနွာင့္ေႏွးမႈမ်ားျဖစ္ေပၚေစပါသည္။ ဗိုလ္တေထာင္ၿမိဳ႕နယ္ စီမံကိန္းဦးစီးရံုးသည္ ေျမာက္ဒဂံုၿမိဳ႕နယ္စုေပါင္းရံုးတြင္ တည္ရိွေနျခင္း ထို႕အတူတိုင္းရင္းေဆး၊ အားကစားႏွင့္ ကာယပညာဦးစီးဌာနမ်ားအတြက္ ေနရာထိုင္ခင္း အခက္အခဲရိွပါသျဖင့္ စီစဥ္ေဆာင္ရြက္ေပးပါရန္ အစီအစဥ္ရိွ/မရိွ ” ေမးျမန္းခဲ့ရာ လူမွဳေရးဝန္ႀကီး ဦးႏုိင္ငံလင္းက “ ဗိုလ္တေထာင္ၿမိဳ႕နယ္တြင္ ၿမိဳ႕နယ္တိုင္းရင္းေဆးကုဌာနရံုးေဆာက္လုပ္ရန္ ေျမေနရာမရိွသျဖင့္ လက္ရိွတြင္ ပုဇြန္ေတာင္ၿမိဳ႕နယ္အတြင္းရိွ ပုဇြန္ေတာင္ၿမိဳ႕နယ္တိုင္းရင္းေဆးကုဌာနရံုး ႏွစ္ထပ္အေဆာက္အဦ၏ အေပၚထပ္တြင္ ဗိုလ္တေထာင္ၿမိဳ႕နယ္ တုိင္းရင္းေဆးကုဌာနရံုး ဖြင့္လွစ္၍ လုပ္ငန္းမ်ား လုပ္ကိုင္ေဆာင္ရြက္လ်က္ရိွပါေၾကာင္း၊ အကယ္၍ သက္ဆိုင္ရာမွ ဗိုလ္တေထာင္ၿမိဳ႕နယ္ တုိင္းရင္းေဆးကုဌာနရံုး အေဆာက္အဦအတြက္ ဌာနအမည္ေပါက္ ေျမေနရာရရိွေရး စီစဥ္ေဆာင္ရြက္ရန္ အခက္အခဲရိွပါေၾကာင္း ၊ ဗိုလ္တေထာင္ၿမိဳ႕နယ္ တိုင္းရင္းေဆးကုဌာနရံုး ေဆာက္လုပ္ရန္ တိုင္းရင္းေဆးပညာ ဦးစီးဌာန အေနျဖင့္ သက္ဆုိင္ရာ ျပည္ေထာင္စုဝန္ႀကီးဌာနသုိ႕ ရန္ပံုေငြတင္ျပေတာင္းခံေပးသြားႏိုင္ပါေၾကာင္း၊ ဗိုလ္တေထာင္ၿမိဳ႕နယ္တြင္ အားကစားႏွင့္ကာယပညာဦးစီးဌာနပိုင္ေျမေနရာ မရိွပါသျဖင့္ အားကစားကြင္း၊ အားကစားရံုႏွင့္ ၿမိဳ႕နယ္အားကစားႏွင့္ ကာယပညာဦးစီးဌာန ရံုးခန္းမ်ား တည္ေဆာက္ေပးရန္ အစီအစဥ္မရိွေသးပါေၾကာင္း၊ ဌာနပိုင္ အမည္ေပါက္ ေျမေနရာ ရရိွမည္ဆုိပါက အားကစားကြင္း ၊ အားကစားရံုး၊ ရံုးခန္းမ်ားေဆာက္လုပ္ရန္ ရန္ကုန္တုိင္းေဒသႀကီး အစိုးရအဖြဲ႕ရံုးသို႕ ရန္ပံုေငြတင္ျပေတာင္းခံသြားမည္ျဖစ္ပါေၾကာင္း၊ ဗိုလ္တေထာင္ၿမိဳ႕နယ္ စီမံကိန္းဦးစီးရံုးသည္ လက္ရိွအားျဖင့္ ေျမာက္ဒဂံုၿမိဳ႕နယ္ စုေပါင္းရံုးတြင္ တည္ရိွေနသည့္အတြက္ ေနရာထုိင္ခင္းအခက္အခဲရိွပါေၾကာင္း၊ ၿမိဳ႕နယ္စီမံကိန္းရံုးအတြက္ သက္ဆိုင္ရာ ဗိုလ္တေထာင္ၿမိဳ႕နယ္အတြင္း ေျမေနရာရိွေရးႏွင့္ အေဆာက္အဦေဆာက္လုပ္ရန္ျဖစ္ေစ၊ ရံုးခန္းအေဆာက္အဦကုိ ဝယ္ယူရန္ ျဖစ္ေစ ဘ႑ာေငြခြင့္ျပဳခ်က္ရရိွႏိုင္မွဳအေပၚ မူတည္၍ တင္ျပေဆာင္ရြက္သြားမည္ျဖစ္ပါေၾကာင္း” ျပန္လည္ ေျဖၾကားခဲ့ပါသည္။
(unicdoe)
ရန်ကုန်၊ ဖေဖေါ်ဝါရီလ၊ ၂၈ ရက်၊ ၂၀၁၉
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့တွင် ဗိုလ်တထောင််မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးက “ဗိုလ်တထောင်မြို့နယ်သည် ရန်ကုန်မြို့အတွင်း၌ တည်ရှိသော်လည်း မြို့နယ်ဌာနဆိုင်ရာရုံးခန်းများ အတည်တကျမရှိသဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် နှောင့်နှေးမှုများဖြစ်ပေါ်စေပါသည်။ ဗိုလ်တထောင်မြို့နယ် စီမံကိန်းဦးစီးရုံးသည် မြောက်ဒဂုံမြို့နယ်စုပေါင်းရုံးတွင် တည်ရှိနေခြင်း ထို့အတူတိုင်းရင်းဆေး၊ အားကစားနှင့် ကာယပညာဦးစီးဌာနများအတွက် နေရာထိုင်ခင်း အခက်အခဲရှိပါသဖြင့် စီစဉ်ဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ/မရှိ ” မေးမြန်းခဲ့ရာ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက “ ဗိုလ်တထောင်မြို့နယ်တွင် မြို့နယ်တိုင်းရင်းဆေးကုဌာနရုံးဆောက်လုပ်ရန် မြေနေရာမရှိသဖြင့် လက်ရှိတွင် ပုဇွန်တောင်မြို့နယ်အတွင်းရှိ ပုဇွန်တောင်မြို့နယ်တိုင်းရင်းဆေးကုဌာနရုံး နှစ်ထပ်အဆောက်အဦ၏ အပေါ်ထပ်တွင် ဗိုလ်တထောင်မြို့နယ် တိုင်းရင်းဆေးကုဌာနရုံး ဖွင့်လှစ်၍ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အကယ်၍ သက်ဆိုင်ရာမှ ဗိုလ်တထောင်မြို့နယ် တိုင်းရင်းဆေးကုဌာနရုံး အဆောက်အဦအတွက် ဌာနအမည်ပေါက် မြေနေရာရရှိရေး စီစဉ်ဆောင်ရွက်ရန် အခက်အခဲရှိပါကြောင်း ၊ ဗိုလ်တထောင်မြို့နယ် တိုင်းရင်းဆေးကုဌာနရုံး ဆောက်လုပ်ရန် တိုင်းရင်းဆေးပညာ ဦးစီးဌာန အနေဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနသို့ ရန်ပုံငွေတင်ပြတောင်းခံပေးသွားနိုင်ပါကြောင်း၊ ဗိုလ်တထောင်မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနပိုင်မြေနေရာ မရှိပါသဖြင့် အားကစားကွင်း၊ အားကစားရုံနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ရုံးခန်းများ တည်ဆောက်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း၊ ဌာနပိုင် အမည်ပေါက် မြေနေရာ ရရှိမည်ဆိုပါက အားကစားကွင်း ၊ အားကစားရုံး၊ ရုံးခန်းများဆောက်လုပ်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ ရန်ပုံငွေတင်ပြတောင်းခံသွားမည်ဖြစ်ပါကြောင်း၊ ဗိုလ်တထောင်မြို့နယ် စီမံကိန်းဦးစီးရုံးသည် လက်ရှိအားဖြင့် မြောက်ဒဂုံမြို့နယ် စုပေါင်းရုံးတွင် တည်ရှိနေသည့်အတွက် နေရာထိုင်ခင်းအခက်အခဲရှိပါကြောင်း၊ မြို့နယ်စီမံကိန်းရုံးအတွက် သက်ဆိုင်ရာ ဗိုလ်တထောင်မြို့နယ်အတွင်း မြေနေရာရှိရေးနှင့် အဆောက်အဦဆောက်လုပ်ရန်ဖြစ်စေ၊ ရုံးခန်းအဆောက်အဦကို ဝယ်ယူရန် ဖြစ်စေ ဘဏ္ဍာငွေခွင့်ပြုချက်ရရှိနိုင်မှုအပေါ် မူတည်၍ တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း” ပြန်လည် ဖြေကြားခဲ့ပါသည်။
M.E.C Mon Electricien Catalan
44 Rue Henry de Turenne
66100 Perpignan
0651212596
Electricien Perpignan
Hi, for all time i used to check web site posts
here in the early hours in the dawn, since i like to learn more and more.