Friday , April 3 2020
Breaking News
Home / ပြန်ကြားရေး / (၇၂) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပ

(၇၂) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပ

     
 
 
(unicode)
ရန်ကုန် ၊ ဇန်နဝါရီလ ၁၂ ရက် ၊ ၂၀၁၉
(၇၂) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ၁၂.၂.၂၀၁၉ ရက်နေ့ နံနက် (၀၇း၀၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလ ပန်းခြံ၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံအားအလေးပြုပြီး၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ၇၂ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကဖတ်ကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံးအကြီးအမှူး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

About Ygn Editor

Check Also

ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအား ပြန်လည်သုံးသပ်သည့်အစည်းအဝေးကျင်းပ

  ရန်ကုန် ၊ မတ်လ ၂၃ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၂၃.၃.၂၀၂၀ ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် …

Leave a Reply

Your email address will not be published.