Friday , April 3 2020
Breaking News
Home / ပြန်ကြားရေး / ကော့မှူးမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်များ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ လာရောက်လေ့လာ

ကော့မှူးမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်များ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ လာရောက်လေ့လာ

 
 
(unicode)
 
ရန်ကုန် ၊ ဖေဖေါ်ဝါရီလ ၁၃ ရက် ၊ ၂၀၁၉
ကော့မှူးမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင် (၁၃၁)ဦးသည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ ၁၃.၂.၂၀၁၉ ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် လာရောက်လေ့လာခဲ့ပါသည်။
အဆိုပါ လေ့လာသူများအား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌဦးလင်းနိုင်မြင့်၊ ကော့မှူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာအေးနှင့် ကော့မှူးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းအောင်တို့က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။ ယင်းနောက်လွှတ်တော်ရုံးတာဝန်ရှိသူမှ လွှတ်တော် သမိုင်းကြောင်းနှင့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် လေ့လာရေးလာရောက်ကြသော ကော့မှူးမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်များသည် လွှတ်တော်စာကြည့်တိုက်သို့ ဝင်ရောက်လေ့လာခဲ့ပြီး လွှတ်တော်အတွင်းလှည့်လည် လေ့လာကြည့်ရှုခဲ့ပါသည်။

About Ygn Editor

Check Also

ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအား ပြန်လည်သုံးသပ်သည့်အစည်းအဝေးကျင်းပ

  ရန်ကုန် ၊ မတ်လ ၂၃ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၂၃.၃.၂၀၂၀ ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် …

Leave a Reply

Your email address will not be published.