Friday , April 3 2020
Breaking News
Home / ပြန်ကြားရေး / ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ် – ၃)၏ တည်ဆောက်ရေးစီမံကိန်း၏ ဂုံးကျော်တံတား ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကျင်းပ

ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ် – ၃)၏ တည်ဆောက်ရေးစီမံကိန်း၏ ဂုံးကျော်တံတား ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကျင်းပ

 
 
(unicode)
ရန်ကုန် ၊ ဖေဖေါ်ဝါရီလ ၁၃ ရက် ၊ ၂၀၁၉
ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ် – ၃)၏ တည်ဆောက်ရေးစီမံကိန်း၏ ဂုံးကျော်တံတား ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ၁၃.၂.၂၀၁၉ ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် သာကေတမြို့နယ်၊ ရှုခင်းသာမြို့ပတ်လမ်းရှိ စီမံကိန်းဧရိယာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးတင်မောင်ထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး ဦးကျော်လင်း၊ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ MLIT ၊ Vice Minister H.E.Mr.Michio KIKUCHI ၊ Embassy of Japan Ambassador H.E.Mr. Ichiro MARUYAMA ၊ Chief Representative JICA Myanmar Office Mr.Masayuki KARASAWA ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ လွှတ်တော်ရုံးအကြီးအမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

About Ygn Editor

Check Also

ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအား ပြန်လည်သုံးသပ်သည့်အစည်းအဝေးကျင်းပ

  ရန်ကုန် ၊ မတ်လ ၂၃ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၂၃.၃.၂၀၂၀ ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် …

Leave a Reply

Your email address will not be published.